ကျနော်သည် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အင်္ကုက်္ကားကျေးရွာမှ၊ လယ်သမားကြီး ဦးထွန်းလှိုင် + လယ်သူမကြီးဒေါ်ခင်ရီတို့မှ ၁၃၁၁-ခုနှစ်၊ ကဆုန်လပြည့်ကျော်(၁)ရက် ကြာသပတေးနေ့တွင် မွေးဖွားခဲ့ပါတယ်။ အခု ၁၃၇၃-ခုနှစ် ကဆုန်လပြည့်ကျော် (၁) ရက်နေ့တွင် အသက်အားဖြင့် (၆၂) နှစ်ပြည့်တယ်။ ဒါကြောင့် ကျနော်မွေးနေ့တွင် မြတ်စွာဘုရားအား ဆွမ်း၊ ဆီမီး၊ ရေ၊ သစ်သီးမျိုးစုံ ဆက်ကပ် လှူဒါန်းပါတယ်။ ဆရာတော် တပါးအား ဆွမ်းကပ် လှူဒါန်းမှု ပြုလုပ်ပါတယ်။ ဒီနောက် အချိန်အားဖြင့် နံနက်(၈) နာရီတွင် ဘုရားခန်းသို့ သွားရောက်၍ မြတ်စွာဘုရားအား ရှိခိုးခြင်း၊ ငါးပါး သီလဆောက်တည်ခြင်း၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ ဂုဏ်တော်များ ပွားများခြင်း၊ မိမိကိုယ် မိမိကိုယ်ကိုလည်းကောင်း၊ (၃၁) ဘုံမှာ ရှိနေကြကုန်သော သတ်္တ၀ါအပေါင်းအားလည်းကောင်း၊ အမျှအတန်း ပေးဝေ ခြင်း၊ ဆုတောင်းခြင်းများ ပြုလုပ်ပြီး မင်္ဂလသုတ်၊ ရတနသုတ်၊ မေတ်္တာသုတ်၊ ဓမ်္မစကြာသုတ်၊ အနတ်္တလက်္ခသုတ်များရွတ်ဖတ်ပူဇော်ပြီး ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာများကန်တော့၍ တရား(၁)နာရီထိုင်ပြီး ဘုရားခန်းမှ ဧည့်ခန်းသို့ ထွက်လာရာ ဧည့်ခန်းတွင် ကျနော်ဇနီး ဒေါ်တင်စိန်၊ သမီးကြီး မစိုးသိင်္ဂီဦး၊ သမီးငယ် မအိသန်္တာချိုနှင့် မြေးနှစ်ယောက် မရည်မွန်ချို - မယွန်းစုလှိုင်တို့ ထိုင်နေသည်ကိုတွေ့ပါတယ်။
ဇနီးသည်နှင့် သမီးနှစ်ယောက်က
ဒီနေ့တော့ (၁) လူစတင်ဖြစ်ပေါ်လာပုံ၊
(၂) လူစစ်စစ်ဖြစ်ပုံ၊
စသည်တို့ကို ရှင်းပြပေးပါဦး ဖေဖေ .....
ဇနီး၊ သမီးနှင့် မြေးတို့--------
ဖေဖေကြားဖူးတာတော့ လူပြောင်၊ လူပျက်၊ လူရွှင်တော်တွေ ပြောတာ--- မေမေဟာလေ အိမ်ခန်းထဲမှာ အိပ်နေတာနော်၊ တော်တော် ကြာတော့ ဖေဖေရောက်လာ တနာရီနီးပါး ချစ်စကားနှီးနှောနေတာ မကြာခင်မှာပဲ ဖေဖေပြောတာ ဆေးလိပ်မီးညှိပြီးလူဖြစ်လာတာ။
ရှေးရှေးတုန်းက နေမင်းသားနှင့် လမင်းသမီးလေးရှိသတဲ့-တနေ့တော့ နေမင်းသားနှင့် လမင်းသမီးတို့ ယူကြပြီး တနှစ်နီးပါးကြာတော့ လမင်းသမီး လေးဟာ ““ဥ””လေးတလုံး ဥတယ်။ အဲဒီဥကတော့ ““လဥ”” လို့ခေါ်တယ်။ အဲဒီ ““လဥ”” က လူဖြစ်လာတယ်လို့ လူပြောင်တွေပြောတာပေါ့။
မအိသန်္တာချို - ဖေဖေရဲ့ လူဖြစ်လာတာကြီးက တမျိုးကြီးပဲနော်။ ဖေဖေ - ဖေဖေပြောသားပဲ၊ လူရွှင်တော်တွေပြောတာလို့။
မစိုးသင်္ဂီဦး - ဖေဖေရယ် နောက်ပြောင်မနေတော့ဘဲ ဖေဖေ သိသမျှ တလုံးမချန် လူစတင်ဖြစ်ပေါ်လာပုံလေး သေသေချာချာရှင်းပြပါအုံး။ ဖေဖေ - မြတ်စွာဘုရားက လူစတင်ဖြစ်ပုံကို သံယုတ်ပါဠိ တော်မှာ ဟောထားတယ်။ အတိတ် ဘ၀က စုတိစိတ်ကျပြီး ကံကြောင့် ပဋိသနေ်္ဓ ပေါ်လာပြီး အဲ့ဒီပြီးရုပ်တွေ၊ နာမ်တွေ ဖြစ်လာတယ်။ အခြေခံရုပ်၊ အခြေခံနာမ် အကြောင်းပြုပြီး ကြီးထွားလာတယ်လို့ ဟောတယ်။ ““ပထမံ ကာလလံ၊ ဟောတိ၊ ကလလာဟောတိ အဗ်္ဗူဒံ””။ မိဘနှစ်ပါးရဲ့ သုတ်သွေးနှစ်ခု ပေါင်းစပ်တဲ့အခါ ကာလ ရေကြည်ဖြစ်တယ်။ ဒုတိယတပတ် ““ အမြှုပ်”” ၊ တတိယတပတ် ““ သားတစ်””၊ စတုတ်္ထတပတ် ““ အတုံးအခဲလေး ””၊ နောက် ““ဃနာ ပသာစါ ဇယနိ္တ ””၊ ပဉ်္စမပတ် ““ အဖုငါးခု ”” ထွက်လာတယ်။ တခုက ခေါင်း၊ နှစ်ခုက လက်နှစ်ဖက်၊ ကျန်နှစ်ခုက ခြေထောက်နှစ်ချောင်းပေါ့။
မဟာဝိပါတ်စိတ်- သနေ်္ဓစိတ်လေး၊ ပျော်ရွှင်မှုခံစားချက်၊ အသိဉဏ် အခြေခံ၊ ထက်မြက်မှုစွမ်းရည်၊ (၃)မျိုးစိတ် စတင်ဖြစ်တယ်။ အဲဒီစိတ်နဲ့ တွဲပြီး စေတသိက်တွေ ပါတယ်။ ဒါက နာမ်ပိုင်းဆိုင်ရာ ဖြစ်တာ၊ ပဋိသနေ်္ဓစိတ်နဲ့ ရုပ်ပေါင်း (၃၀) လူဘ၀ကိုစဖွဲ့စည်းတာ။
ခက်မငါးဖြာပေါ်ပြီး လူခန်္ဓာကိုယ်ပီပီသသ ဖြစ်လာတယ်၊ ကိုးလ၊ ဆယ်လ မိခင်ဝမ်းတွင်းမှာ နေနေရတာ။ မိခင်ဝမ်းတွင်းမှာနော်။ မိခင် ၀မ်းတွင်းမှာ မိခင်၏ အစာဟောင်းအိမ်ကို ဖင်ခုထိုင်ထားရတယ်။ မိခင် အစာသစ်အိမ်ကို ခေါင်းရွက်ထားတယ်။ မျက်နှာကတော့ မိခင်ကျောဖက် လှည့်နေတယ်။ ဟိုဖက်ဒီဖက်လှည့်မရဘူး ဘယ်လောက်ဆင်းရဲသလဲ၊ စဉ်းစား ကြည့်။ ဒါကြောင့် ပဋိသနေ်္ဓနေရခြင်းကို ဒုက်္ခသစ်္စာလို့ ဘုရားကဟောတာပေါ့။
မိခင်ဝမ်းတွင်းရဲ့ အနေအထားကြည့်စမ်း -
ဒူးခေါင်းနှစ်ခုကြား၊ ဦးခေါင်း ထားလျက်၊
သစ်ငုတ်တိုမှာ၊ မျောက်အိုထိုင်သလို၊
အလံပ်္ပါယ်ပြ၊ မြွေဆရာသို့၊
နှိပ်စက်သည်သာ၊ ခံနေရရှာ၊
အိုသားစပ်စပ်၊ သတ်ဖြတ်သနေ်္ဓ၊
ဆယ်လနေ၍၊ ခွဲဖြတ်ဆင်ပြောင်း၊ သံတောင်ကြိတ်စေ၊
နေထိုင်ရသည်။ ခန်္ဓာအစတည်း။
မိခင်ဝမ်းတွင်းမှာ (၉)လ၊ (၂၄)ရက်၊ (၂၉၄)ရက်- ၇၂၀၀နာရီ ရောက်တော့ မွေးဖွားလာပြီး လူစတင်ဖြစ်ပေါ်လာတယ်ပေါ့။
မအိသန်္တာချို - လူပီပီသသ၊ လူစစ်စစ်၊ လူအစစ်၊ ဖြစ်လာပုံလဲ ရှင်းပြပါဦး
ဖေဖေ - ပထမအရွယ်မှာ ပညာရှာ၊ တရားရှာ၊ ဒုတိယ အရွယ်မှာ- ဥစ်္စာရှာ၊ တရားအားထုတ်၊ တတိယအရွယ်မှာ - တရားအားထုတ်၊ ဘာဝနာ ပွားပေါ့၊ လူဖြစ်လာပြီနော်၊ ““ကမ်္မဿကတာ၊ သမ်္မာဒိဋ္ဌိ”” ရအောင် လုပ်၊ ကိုယ်လုပ်တာ ကိုယ်နဲ့ဘဲ ဆိုင်တယ်။ ကောင်းတာလုပ်လုပ်၊ ဆိုးတာ လုပ်လုပ်၊ ငါပဲ အမွေခံရမယ်ဆိုတဲ့ အမြင်ပေါ့။
လူဆိုတာ (၁) အကြောင်းနှင့်အကျိုး၊ အကောင်းနဲ့အဆိုး၊ ခွဲခြား သိတတ်ရမယ်။ အကြောင်းကောင်းမှ အကျိုးကောင်းမယ်၊ ပစ်္စည်းဥစ်္စာ၊ ပညာ၊ စိတ်ဓါတ်လည်းပြည့်စုံရမယ်။ လူသား ပီသရမယ်။ လူတော်လူကောင်း ဖြစ်ချင် ရင်တော့ သီလ၊ သမာဓိ၊ ပညာ၊ ရှိမှ သိက်္ခာ ရှိတာ။
(၂) ကုသိုလ်နဲ့ အကုသိုလ် သိအောင်လုပ်။ ကုသိုလ်ကတော့ ဆွမ်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ ဘုရားလှူဒါန်း၊ ငါးပါးသီလကိန်း၊ သမထလုပ်၊ ၀ိပဿနာပွား၊
ရေချမ်းသစ်သီး၊ ပန်းဆီမီးကို၊
ခိုင်ချည်းသဒ်္ဓါ၊ လှူပြီးခါမှ၊
ဒါမှကောင်းကျိုး၊ အလွန်တိုးဟု၊
ယုံကိုးစိတ်ထဲ၊ မရောင့်ရဲနှင့်။
ဒါနဆိုတာ- လွတ်ကျွတ်စွာလှူတာ (စင်ကြယ်) မြတ်စွာဘုရားကဟော ကုသိုလ်ကောင်းမှု(၄)မျိုးလုပ်၊ ဒါန၊ သီလ၊ သမထ၊ ပညာပေါ့။
ဒါန၊ သီလ၊ သမထက = သာသနာတွင်း၊ သာသနာ ပြင်ပမှာ လုပ်လို့ရတယ်။
ဝိပဿနာ ပညာကတော့ = သာသနာတွင်းမှာမှ လုပ်လို့ရတာ။
(ဘုရားပွင့်ချိန်)
နံနက် ညနေ၊ ဘုရားရှေ့တွင်၊
ပျော်မွေ့မြတ်နိုး၊ မြဲရှိခိုး၍
ကောင်းကျိုးပွားစီ၊ ကြီးလှပြီဟု၊
ယုံကြည်အားရ၊ စိတ်မချရ။ ။
သမထ - ဓာရဏနှင့် စမ်္မစကြာ၊
မေတ်္တာပဋ္ဌာန်း၊ ရွတ်နိုင်စွမ်းကြောင့်၊
ရွှင်လမ်းပီတိ၊ ဂွမ်းဆီထိကာ၊
ကြည့်မိတေဇော်၊ မစောင့်မျှော်နှင့်။ ။
- ဂုဏ်တော်ပုတီး၊ သက်စေ့ပြီးတောင်၊
ဇွဲကြီးခိုင်မဲ၊ ငြိမ်သက်စွာဖြင့်၊
သဒ်္ဓါကြည်ယုံ၊ စိတ်ကြီးပုံဖြင့်၊
လုံလောက်လှပြီ၊ မရပ်တည်နှင့်။ ။
- ရေကြည်သစ်သီး၊ ပန်းဆီမီး၊
ကင်းလွတ်မေတ်္တာ၊ တရာ့ရှစ်သီး၊
စိတ်ပုတီးကို၊ မငြီးဆင့်ကဲ၊
စိတ်မြဲစိတ်ပါ၊ မဖြတ်ပါနဲ့။ ။
ဘာဝနာ - သမထလမ်းဆုံး၊ ဗြဟ်္မာပြည်၊
ဆက်ကာတမျိုး၊ ရှေ့သို့တိုး၍၊
အကျိုးနိဗ်္ဗာန်၊ မျှော်ရိုးမှန်က၊
ရုပ်နာမ်ခွဲခြား၊ ကျင့်တရားသာ၊
သံသရာ ၀တ်၊ ထွက်လွတ်စေကြောင်း၊
လမ်းမှန်ကောင်းဟု၊ ညွတ်ပြောင်းစိတ်စွဲ၊
ယုံကြည်စွဲလျှက်၊ နေ့ညမပြတ်၊
ဝိပဿနာ၊ ဘာဝနာကို
ခိုင်မာဆန်္ဒ၊ ကြိုးလုံးလဟု၊
ဗုဒ်္ဓခေတ်မြတ်၊ တွေ့ကြိုးနပ်မည်၊
ကြပ်-ကြပ်-သတိစွဲရှိပါစေ။ ။
အကုသိုလ်တရားတွေက
(၁) ပါဏာတိပါတ - သူအသက်ကိုသတ်ခြင်း။
(၂) အဒိန်္နာဒါန - သူဥစ်္စာကို ခိုးယူခြင်း။
(၃) ကာမေသုမိစ်္ဆာစာရ - သူ့သားမယားလွန်ကျူးခြင်း။
(ကာယကံနှင့် လုပ်တဲ့အလုပ်) -(၃)ပါး
(၄) မုသာဝါဒ - လိမ်ညာ၍ ပြောဆိုခြင်း။
(၅) ပိသုဏ၀ါစာ - သူနှစ်ဦးအချစ်ပျက်အောင်ပြောခြင်း။
(၆) ဖရုဿဝါစာ - ကြမ်းတမ်းစွာပြောခြင်း။
(၇) သမ်္ဖပ်္ပလာပ - သိမ်ဖျင်းသောစကားပြောခြင်း။
(၀ဇီကံနဲ့ လုပ်တဲ့အလုပ်) -(၄)ပါး
(၈) အဘိဇ္ဈာ - သူ့ပစ်္စည်းကို မတရားသောနည်းဖြင့်
ယူဖို့ရာ ကြံခြင်း။
(၉) ဗျာပါဒ - သူတပါး သေကျေပျက်စီးအောင်ကြံခြင်း။
(၁၀) မိစ်္ဆာဒိဋ္ဌိ - မှားယွင်းသော အယူရှိခြင်း။
(မနောကံနဲ့ လုပ်တဲ့အလုပ်) -(၃)ပါး
ဒါကြောင့်၊ ကုသိုလ်ကိုပြုလုပ်ပြီး၊ အကုသိုလ်ကိုတော့ ရှောင်ရမှာနော်။
ကုသိုလ်လုပ်ရင်တော့ - ပစ်္စုပ်္ပန်လည်း အပြစ်မရှိဘူး၊ သံသရာ မှာလည်း ကောင်းကျိုးပေးတယ်။ ပစ်္စုပ်္ပန်လည်း လူအများချီးမွမ်းတယ်။ သံသရာလည်းကောင်းရာသုဂတိ ဘုံရောက်တယ်။
ဥပမာ - လူ့ပြည်၊ နတ်ပြည်၊ ဗြဟ်္မပြည်။
အကုသိုလ်လုပ်ရင်တော့ - ပစ်္စုပ်္ပန်မှာလည်း အပြစ်ရှိတယ်။ သံသရာ မှာလည်း မကောင်းကျိုးပေးတယ်။ ပစ်္စုပ်္ပန်မှာလည်း လူအများကဲ့ရဲ့ခံရတယ်။ သံသရာမှာလည်း အပါယ်(၄)ပါးသွားရတယ်။
ဥပမာ -ငရဲ၊ တိရစ်္ဆာန်၊ ပြိတ်္တာ၊ အသူရာကယ်။
မြတ်စွာဘုရားက လူနှင့်ပတ်သက်ပြီး လူ(၂)မျိုး၊ (၃)မျိုး၊ (၄)မျိုး၊ (၅)မျိုး ရှိတယ်လို့ဟောတယ်။
လူ(၂)မျိုးရှိတယ်
(၁) လူနဲ့မတူသောလူ - အကုသိုလ်မရှောင်၊ ကုသိုလ်မလုပ်
(၂) လူနဲ့တူသောလူ - အကုသိုလ်ရှောင်၊ ကုသိုလ်ကြိုးကြိုး စားစားလုပ်
နောက် (၁) သီလပျက်စီးတဲ့လူ - သီလ၀ိပန်္န
(၂) သီလပြည့်စုံတဲ့လူ - သီလသမ်္ပန်္န
လူ(၃)မျိုးရှိတယ်
(၁) မျက်စိနှစ်ဖက်ကမ်းသူ - လောကီရေး+လောကုတ်္တရာရေး မသိ။
(၂) မျက်စိတဖက်ကမ်းသူ -လောကီရေးသိ၊ လောကုတ်္တရာရေး မသိ။
(၃) မျက်စိနှစ်ဖက်မြင်သူ - လောကီရေးသိ၊ လောကုတ်္တရာရေးသိ
လူ(၄)မျိုးရှိတယ်
(၁) လူဖြစ်ခိုက် သတ်၊ ခိုး၊ ကာမေသု၊ အပြစ်ပွားသူသည် သံသရာအတွက် အပြစ်များသူကို - လူငရဲကောင်
(၂) လူဖြစ်ခိုက်၊ အကျိုးပေးမကောင်း၊ စားဝတ်နေရေးမပြေလည် လူမှုရေး နိမ့်ကျသူကို - လူပြိတ်္တာကောင်
(၃) လူဖြစ်ခိုက် ပေါ့ပေါ့စား၊ ပေါ့ပေါ့နေ အချိန်ဖြုန်း၊ မှန်ကန်သော အယူ ၀ါဒမရှိသူကို - လူ့တိရစ်္ဆာန်
(၄) လူ့ဘ၀တဆင့်ထက် တဆင့်မြင့်တက်ရန် ကောင်းမှုပြုကံအကျိုးပေး ယုံကြည်၊ စိတ်ကောင်းထား၊ မေတ်္တာ၊ ဂရုဏာ မုဒိတာပွား၊ ဒါနလုပ်၊ သီလစောင့်၊ ဘာဝနာပွားသူကို - လူအစစ်ဖြစ်တယ်။
တဖန်
(၁) အမှောင်ကလာပြီး၊ အမှောင်ကိုသွားသူ
အမှောင်(ပစ်္စုပ်္ပန်ဘ၀) ပစ်္စည်းမရှိသူ၊ နောက် ဒါနမလုပ်၊ သီလ မဆောက်တည်သူသည် အမှောင်ကိုသွားသည့်လူ
(၂) အမှောင်ကလာပြီး၊ အလင်းသွားသည့်လူ
အမှောင်(ပစ်္စုပ်္ပန်ဘ၀)ပစ်္စည်းမရှိ၊ နောက် ကာယကံ၊ ၀ဇီကံ၊ မနောကံ ထိန်းလို့အလင်းသွားသူ
(၃) အလင်းကလာပြီး၊ အမှောင်ကိုသွားသည့်သူ
မိဘငွေကြေးရှိတယ်၊ ဒါပေမဲ့ ဆိုးခိုးမိုက်နေတဲ့ လူဟာအမှောင်ကို သွားသည့်သူ
(၄) အလင်းကလာပြီး၊ အလင်းသွားသည့်လူ
မိဘဂုဏ်ရှိ၊ စည်းစိမ်ရှိ၊ စိတ်ဓါတ်မြင့်တယ်၊ ဒါပြင်လက်ရှိ ဘာသာရေး အလုပ်တွေလုပ်တယ်။ သူ့ကို အလင်းကလာပြီး အလင်းသွားသည့်လူလို့ ခေါ်တယ်။
နောက် (၁) ကိုယ်တိုင်လှူ၊ သူတပါးမတိုက်တွန်း - ပစ်္စည်းကြွယ်ဝ၊အခြွေအရံမရှိ (၂) ကိုယ်တိုင်မလှူ၊ သူတပါးတိုက်တွန်း - ပစ်္စည်းမရှိ၊အခြွေအရံရှိ (၃) ကိုယ်တိုင်လှူ၊ သူတပါးတိုက်တွန်း - ပစ်္စည်းရှိ၊ အခြွေအရံရှိ
(၄) ကိုယ်တိုင်မလှူ၊ သူတပါးမတိုက်တွန်း- ပစ်္စည်းမရှိ၊အခြွေအရံမရှိ
လူ(၅)မျိုးရှိတယ်
(၁) လှူဒါန်းပြီးမထေမဲ့မြင်ပြုလုပ် - သူ့ကိုကျွန်ထဲစာရင်းသွင်းထား
(၂) ပေါင်းသင်းပြီး မထေမဲ့မြင်ပြု - အခင်အမင်ပျက်တယ်
(၃) ပထမပြောသူစကားယုံ - အတွေးအခေါ်မရှိသူ
(၄) လျှပ်ပေါ်လော်လည်သူ - ဘာသာရေးနည်းနည်းပါးပါးရှိ
(၅) အသိဉဏ်နည်း၊ တွေဝေသူ - ဘုရား၊ တရား၊ သံဃာ၊ ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာအလုပ်တွေ အကြောင်းမသိသူ။
ဒါကြောင့် ငါဟာ ဘယ်လိုလူစားလည်းဆိုတာ အရင်သိအောင်လုပ်၊ သိပြီးရင် တဆင့်ထက်တဆင့်မြင့်တက်အောင်လုပ်၊ သစ်္စာ(၄)ပါးသိအောင် လုပ်၊ နိဗ်္ဗာန်မျက်မှောက်ပြုနိုင်အောင်လုပ်ကိုင်နေထိုင်ရမယ်၊ ဒါမှသာလျှင် ဧကန်စင်စစ်လူဖြစ်ပြီပေါ့။
လူဧကန်စင်စစ်ဖြစ်ချင်ရင်တော့
(၁) အတတ်ပညာ၊ အသိပညာရှိသူ။
(၂) စိတ်ဓါတ်မြင့်မားမှလူ
(၃) တရားတယ်၊ မတရားဘူးလို့သိမှလူ
(၄) သိတဲ့အတိုင်း တရားတာကိုလုပ်ပြီး မတရားတာမလုပ်မှလူ
(၅) ကိုယ်ချင်းစာတရား အကြင်နာတရားရှိမှလူ
(၆) အကြောင်းအကျိုးသိ၊ အကောင်းအဆိုးသိမှလူ
(၇) မြတ်ဗုဒ်္ဓ၏အဆုံးအမများကို တသွေမသိမ်းလိုက်နာကျင့်သုံးပွားများမှလူ ဧကန်စင်စစ်ဖြစ်တယ်။
လူတွေသိရမှာက -
- စားမှု၊ အိပ်မှု၊ ပျော်ပါးမှု၊ သုံးခုမူအရာ
နွားနှင့်တူက မထူးခြား၊
နွားနှင့်လူပင်၊ အတူပင်တည်း။ ။
- မသိအ၀ိဇ်္ဇာ၊ ခင်တဏှာကြောင့်
ဖြစ်ပေါ်လာခဲ့၊ လူရဲ့ခန်္ဓာ၊ ဤလူရွာသည်
အိုရာမှနာ၊ နာရာမှသေ၊ သင်္ချိုင်းမြေသို့
ခြေရာမလပ်၊ သေရာထပ်ခဲ့သည်။ ။
လူဧကန်စင်စစ် လူဖြစ်ချင်ရင်တော့ ဒါတွေလုပ်
(၁) ဒါနလုပ်ရမယ်
ဒါန ပေးကမ်းခြင်း = မိဘက သားသမီးပေး ၊ ဆရာက တပည့်ပေး၊
ခင်မင်သူကိုပေး၊
စွန့်ကြဲခြင်း = ကိုယ့်အောက်နိမ့်ကျသူ လှူဒါန်းခြင်း = ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ
ဒါနမှာ
ဝတ်္ထုဒါန = ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး စေတနာဒါန = ဘုရားက ချီးမွမ်းခြင်း၊ စေတနာသန့်သန့်နဲ့ပေးလှူ
စေတနာကောင်းရင် ကံကောင်းတယ်။
အကောင်းဆုံးဒါန
သီလရှိ၍ တရားသဖြင့် ရလာသော ပစ်္စည်းကို သဒ်္ဓါပါသော နှလုံးသားဖြင့် သီလရှိသူကို လှူဒါန်းခြင်းသည် အကောင်းဆုံးဒါနဖြစ်သည်။
ဆုတောင်း
ဣဒံ မေ ဒါနံ အာသာဝက်္ခယံ ၀ဟံ ဟောတု မေ ငါ၏၊ ဣဒံ ဒါန ဤအလှူသည် အာသ၀က်္ခယံဝဟံ- အာသာဝေါ (၄)ပါးတို့၏ ကုန်ရာ ကုန်ကြောင်းဖြစ်သော မဂ်ဖိုလ်နိဗ်္ဗာန်သို့ ပို့ဆောင်နိုင်သည်၊ ဟောတုဖြစ်ပါ စေသတည်း။
အင်္ဂါ(၆)ပါးနှင့် ပြည့်စုံသောအလှူ
အလှူပေးပုဂိ္ဂုလ်
(၁) မလှူမီက အလှူနှင့် ပတ်သက်ပြီး၊ ၀မ်းမြောက်ဝမ်းသာစိတ်ထား ထက်သန်ခြင်း။
(၂) ပေးလှူစဉ် စိတ်ကိုကြည်လင်ရွှင်လန်းနေခြင်း။
(၃) လှူပြီးနောက် ၀မ်းမြောက် ကျေနပ်နှစ်သက်ခြင်း။
အလှူခံပုဂ်္ဂိုလ်
(၁) တပ်မက်ခြင်း (ရာဂ) ကင်းသူ၊ ကင်းရန်အားထုတ်နေသူ။
(၂) အမျက်ထွက်ခြင်း (ဒေါသ)ကင်းသူ၊ ကင်းရန်အားထုတ်နေသူ။
(၃) တွေဝေခြင်း (မောဟ)ကင်းသူ၊ ကင်းရန်အားထုတ်နေသူ။
သူတော်ကောင်း အလှူ
(၁) သန့်ရှင်းစင်ကြယ်တဲ့ ပစ်္စည်းလှူ။
(၂) ကိုယ်သုံးတာထက် ၊ မွန်မြတ်တာကိုလှူ။
(၃) သင့်လျော်လျှောက်ပတ်တဲ့အခါလှူ။
(၄) အလှူခံပုဂ်္ဂိုလ်နှင့် ဆက်စပ်တဲ့ပစ်္စည်းလှူ။
ဥပမာ - သင်္ကန်း၊ ဆွမ်း၊ ဆေး၊ ကျောင်း
(၅) လှူရင် အကျိုးကြီးမဲ့ ပုဂ်္ဂိုလ်ကိုလှူ။
ဥပမာ - သောတာပန်၊ သဂါဒါဂါမ်၊ အနာဂါမ်၊ ရဟန်္တာ
(၆) မကြာမကြာ လှူ။
(၇) လှူစဉ်စိတ်ကြည်လင်ပြီး၊ သဒ်္ဓါ၊ ပညာရှေ့ထားလှူ။
(၈) လှူပြီးတဲ့အခါ ၀မ်းသာအားရ ကျေနပ်မှုရှိအောင်လှူ။
အလှူလုပ်ပုံ သုံးမျိုး
(၁) ကိုယ်သုံးထက် ပစ်္စည်းအောက်၊ယုတ်ညံ့၊ မလိုချင် ပစ်္စည်းအညံ့ရွေးလှူ တာတွေ ဒါသဒါန-ကျွန်အလှူခေါ်တယ်။
(၂) ကိုယ်သုံးတဲ့ပစ်္စည်းအမျိုးတူတာလှူရင် - သဟာယဒါန - မိတ်ဆွေ သူငယ်ချင်းအလှူလို့ခေါ်တယ်။
(၃) ကိုယ်သုံးတဲ့ ပစ်္စည်းထက် သာလွန်တဲ့ပစ်္စည်းလှူရင်၊ သာမိဒါန အရှင်သခင်အလှူလို့ခေါ်တယ်။
(၁) အလိုရမက် ကင်းလှူခြင်းအကျိုး
- လယ်ယာမြေတို့ကို ပေါင်းမြက်တို့ဖျက်ဆီးကုန်၏။
- သတ်္တ၀ါအပေါင်းကို အလိုရမက်တည်ဖျက်ဆီးကုန်၏။
- ထို့ကြောင့် အလိုရမက်ကင်းသော ပုဂ်္ဂိုလ်တို့၌ပေးလှူခြင်းသည် အကျိုးကြီး၏။
(၂) ကာလဒါနငါးပါး
- ဧည့်သည်အာဂန်္တုအား လှူဒါန်းခြင်း။
- ခရီးသွားပုဂ်္ဂိုလ်များအား လှူဒါန်းခြင်း။
- မကျန်းမာသော ပုဂ်္ဂိုလ်များအား လှူဒါန်းခြင်း။
- ငတ်မွတ်ခေါင်းပါးသူများအား လှူဒါန်းခြင်း။
- ကောက်ပဲသီးနှံတို့ ဦးဦးဖျားဖျားသီလရှိသောပုဂ်္ဂိုလ်အား လှူဒါန်းခြင်း။
(၃) ဒါနအကျိုး
- ဖြစ်ရာဘ၀ ဆင်းရဲရ၊ ဒါနနည်းသူမှာ
- ဒါနရှိက ချမ်းသာရ၊ ရောက်ရာဘ၀မှာ
- သုမနသုတ်၊ ဖော်ကာထုတ်၊ ဗုဒ်္ဓဒေသနာ
- လက်ရှိကိုခွါ၊ လက်မဲ့ရှာ၊ နှစ်ခါဆုံးတတ်ပါ
- ကိန်းသေကိုပစ်၊ ကိန်းရှင်ချစ် နှစ်ရစ်ဆုံးတတ်ပါ။
- ကျေးဇူးမသိ၊ လူတုံးတိ၊ များဘိဒုက်္ခသာ။
- တရားသဖြင့်၊ ရရာနှင့် ၊ အသင့်ရောင့်ရဲပါ။
- တဘ၀ကောင်း၊ စံရကြောင်း မကောင်းမပြုရာ။ ။
သီဟိုဠ်ကျွန်း - ဒုဋ္ဌာဂါမဏိမင်းကြီး
မဟာစေတီတည်၊ စေတနာသန့်သန့်နှင့် များစွာလှူဒါန်းတယ်။ ဒါပေမယ့် စစ်တိုက်ထွက် ရဟန်းတစ်ပါးတွေ့၊ ဆွမ်းတစ်နပ်လေးပေးလှူတာ အခြားဒါနထက် ၀မ်းမြောက်တယ်။ မင်းကြီးသေတော့ စတုမဟာရစ်ဘုံ ရောက်တယ်။ မြို့စားဥတ်္တလုင် ဝေယျာဝစ်္စလုပ်ပေးတဲ့သူသေတော့ တာဝတိံ သာဘုံရောက်။ (ဒါနရဲ့အစွမ်း)
(၂) သီလဆောက်တည်ရမယ်။ (ကာယကံ၊ ၀ဇီကံထိန်း)
သီလ ရှောင်ရမည့်သီလ = သူ့အသက်သတ်တာရှောင်
သူ့ဥစ်္စာခိုးတာရှောင်
သူ့သားမယားပစ်မှားတာရှောင်
လိမ်ညာပြောရှောင်
အရက်သောက်တာရှောင်
ဆောင်ရမည့်သီလ = ငါးပါးသီလ၊ ရှစ်ပါးသီလ
ကိုးပါးသီလ၊ ဆယ်ပါးသီလ
သီလစောင့်ထိန်း
ဗုဒ်္ဓအလိုကျ ဥပုသ်စောင့်ခြင်း
(၁) ဂေါပါလ ဥပုသ်
ဘုရား၊ တရား၊ သံဃာ ဂုဏ်တော်များ မပွားများဘဲ စားဝတ်နေရေး ကိုသာ အောက်မေ့နေသော ဥပုသ်မျိုး။
(၂) နိဂဏ္ဍဥပုသ်
မိုင် ၁၀၀ အတွင်းရှိ သတ်္တ၀ါများကို သတ်မည်ဆိုသော ဥပုသ်မျိုး
(၃) အရိယာဥပုသ်
ဥပုသ်သီလခံယူဆောက်တည်ပြီး လောကီရေးရာကို မလုပ်ဆောင်ဘဲ၊ အနိစ်္စ၊ ဒုက်္ခ၊ အနတ်္တ နှလုံးသွင်း ရတနာ (၃)ပါးတို့၏ ဂုဏ်တော်များပွားများ၊ တရားတော်များဖတ်ခြင်း၊ ကြားနာခြင်း၊ မေတ်္တာပွား၊ ပုတီးစိပ်၊ ကမ်္မဋ္ဌာန်း ဘာဝနာစီးဖြန်းခြင်း။
ဥပုသ်သည်အမျိုးသမီးများရည်ရွယ်ချက်
(၁) သက်ကြီးရွယ်အိုများက၊ လူနတ်စည်းစိမ်ခံစားရန်။
(၂) အရွယ်လတ်များက လင်၏အခြားဇနီးမယားနှင့် တအိမ်တည်းအတူ မနေရန်။
(၃) ငယ်ရွယ်သူများက ပထမမွေးသောကလေးသည် သားယောင်္ကျားလေး ဖြစ်ရန်
(၄) အပျိုစင်များက အရွယ်မဟိုင်းမီ လင်ယောက်ျားကောင်းကောင်းရရန်။
မြတ်စွာဘုရားက - ၀ဋ်မှလွတ်ကြောင်းကိုသာ တောင့်တသင့်၏ဟု ဟော ကြားတယ်။ (အမျိုးသမီးများ၏ ဆုတောင်းမျိုး မတောင်းရဘူး)
သီလ
- သီလရှိရင် နှလုံးတွင် သာယာရွှင်လန်းခြင်းအကျိုးရတယ်။
- ရွှင်လန်းရင် ကြည်လင်ဝမ်းမြောက်(ပီတိ)ဖြစ်တယ်။
- ၀မ်းမြောက်နေလျှင် နှစ်သက် (ပဿတိ)ဖြစ်တယ်။
- နှစ်သက်ရွှင်လန်းရင် ကိုယ်စိတ်ငြိမ်းချမ်း(သုခ)ဖြစ်တယ်။
- တည်ကြည်မှုရှိရင် မှန်စွာမြင်သိမှုဖြစ်တယ်။
- မှန်စွာမြင်သိရင် ဘ၀ကိုငြီးငွေ့မှုဖြစ်တယ်။
- ဘ၀ငြီးငွေ့မှ လွတ်မြောက်မှုကို ရှိနိုင်တယ်။
(၃) ဘာဝနာအလုပ်လုပ်ရမယ်
သမထဘာဝနာ = မေတ်္တာပို့၊ ပုတီးစိတ်
ဘုရားစာရွတ်ဖတ် (ဗြဟ်္မာပြည်ရောက်) ၀ိပဿနာဘာဝနာ = ထူးခြားရှုမှတ်
ခန်္ဓာဉဏ်ရောက်အောင်လုပ်
နိဗ်္ဗာန်ရောက်
(၄) အပ်္ပစာယန - ရိုရိုသေသေပြုလုပ်ခြင်း
ဘုရား၊ တရား၊ သံဃာ၊ ဘုရားပုထိုးရှေ့သွား ရိုရိုသေသေ လေးလေး စားစားသွားရတယ်၊ နေထိုင်ရတယ်။
မိဘဆရာတို့၏ အလုပ်အကိုင်အားလုံး ရိုရိုသေသေလုပ်ကိုင်ပေး၊ ရိုရိုသေသေလေးလေးစားစားနေထိုင်။
(၅) ဝေယျာဝစ်္စ - လုပ်ကိုင်ပေး
ရတနာ (၃)ပါး၊ မိဘ-ဆရာတို့ ရိုရိုသေသေလုပ်ကိုင်ပေး။
ပရဟိတ အများအကျိုးတို့ကိုဆောင်ရွက်ပေး။
(၆) ပတ်္တိဒါန - အမျှဝေခြင်း။
မိမိပြုလုပ်သော ဒါနလုပ်ငန်းပြီးဆုံးရင် မိမိနှင့်တကွ (၃၁)ဘုံသား တို့အား အမျှအတန်းဝေပါ။ မိမိကိုယ်တိုင် အမျှဝေနေလို့ သာဓုမခေါ်ပါနှင့်။
(၇) ပတ်္တာနုမော - သာဓုခေါ်ခြင်း
ချမ်းသာ၊ တိုးတက်၊ ကြီးပွားသူများ လှူဒါန်းပြီး အမျှပေးဝေက ၀မ်းမြောက်ဝမ်းသာ၊ သာဓုခေါ်ပါ။ သာဓုကိုလူတိုင်းမခေါ်နိုင်ကြဘူး။ စိတ် ကောင်းရှိသူမှသာ သာဓုခေါ်နိုင်တယ်။
(၈) ဓမ်္မသာဝန - တရားနာခြင်း
မိမိတို့မှာ ကိလေသာ အမြဲဝင်နေတယ်။ အဲဒီ ကိလေသာ မ၀င်နိုင် သော တရားနာခြင်းပြုလုပ်ပါ။
(၉) ဓမ်္မဒေသနာ - တရားဟောခြင်း
တရားဓမ်္မဟောကြားသူက ငါဟောတဲ့တရားကို သေသေချာချာ စူးစူးစိုက်စိုက်နာ၊ ဘယ်လိုကျင့်ရမယ်ဆိုတာ သိအောင်လုပ်။
(၁၀) ဒိဋ္ဌိဇုကမ်္မ - အယူမှန်ရမယ်
လူသားတွေအတွက် အယူမှန်ရေးသည် အရေးကြီးဆုံးလုပ်ငန်းဖြစ်၏။ အယူမှားရင်တော့ သံသရာက ဘယ်တော့မှ လွတ်မှာမဟုတ်ဘူး။ သံသရာက လွတ်မြောက်အောင်အရေးကြီးဆုံးလုပ်ငန်းက အယူအဆ မှန်ကန်ဖို့က အရေးကြီးဆုံးဘဲ။
မအိသန်္တာချို - ဖေဖေရဲ့ ဘ၀ဖြစ်စဉ်ရှင်းပြပါဦး ဖေဖေ ...
ဖေဖေ - အေး ဖေဖေရှင်းပြရမှာပေါ့ ...
၁၉၇၀ ခုနှစ်က ဖေဖေ (၁၀)တန်းကျောင်းသားဘ၀ ရန်ကုန်ကျောင်း သွားနေရမယ်လို့ မိဘများက ဆုံးမစကားပြောတယ်။ အဲဒီမှာ မေမေကဆုံးမ စကား - ငါ့သားဘုရားတရားသံဃာ ကိုးကွယ်ယုံကြည်ပါ။ ကောင်းတာ လုပ်ရင် ကောင်းကျိုးပေးတယ် ။ မကောင်းတာလုပ်ရင် မကောင်းကျိုးပေးတယ် ဆိုတာ သိထားရမယ်။ လိမ်္မာယဉ်ကျေးစွာနေထိုင်၊ စာကြိုးစား၊ သူများတကာ ထက်သာအောင် သူတော်ကောင်းလိုနေ။ ကျန်းမာရေး ဂရုစိုက်တဲ့။
ဖေဖေကဆုံးမစကား - ငါ့သား ဘုရားတရားသံဃာ ယုံကြည်စွာ ကိုးကွယ်။ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်အမြဲ မပြတ်ပွား။ မေတ်္တာပို့။ နေ့စဉ်နေ့တိုင်း - ကုသိုလ် - ပညာ - ဥစ်္စာ ၊ တစ်ခုခု ရအောင်လုပ်။ အကုသိုလ်လုံးဝမဖြစ်အောင်နေထိုင်။
ဆရာ(ဦးဝေပုလ်္လ)က ဆုံးမစကား
(၁) ဘုရားတရားသံဃာယုံကြည်ကြည်နဲ့ကိုးကွယ်။
(၂) သရဏဂုံ (၃)ပါးစွဲမြဲနေရမယ်။
ဥပမာ- ဗုဒ်္ဓံ - သရဏံ - ဂစ်္ဆာမိ
ဓမ်္မံ - သရဏံ - ဂစ်္ဆာမိ
သံဃာ - သရဏံ - ဂစ်္ဆာမိ
(၃) မေတ်္တာများများပွား ။
ဥပမာ - အားလုံးသတ်္တ၀ါတွေ - ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ။
- ဆင်းရဲခပ်သိမ်းကင်းငြိမ်းကြပါစေ။
- ဒေါသခပ်သိမ်းကင်းငြိမ်းကြပါစေ။
- နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။
(၄) ကိုယ့်ထက် သီလ-သမာဓိ-ပညာ သာတဲ့လူပေါင်း
ကိုယ်နဲ့ သီလ-သမာဓိ-ပညာ တန်းတူနဲ့ပေါင်း
တစ်ယောက်တည်းနေ။ (ပေါင်းသင်းဆက်ဆံနေထိုင်နည်း)
(၅) လူတွေနဲ့ ဆက်ဆံတိုင်း
ကြာလိုမနေနဲ့၊ မှော်လိုနေ
ဂါရ၀နဲ့လာရင် နိဝါတနဲ့နေ။
နိဝါတနဲ့လာရင် ဂါရ၀နဲ့နေ
(၆) မိမိကိုယ် မိမိယုံကြည်မှုဟာ အရေးကြီးဆုံး။
မိတ်ဆွေကောင်းနဲ့ပေါင်းသင်း။
မိတ်ဆွေကောင်းဆိုတာ ရိုးသားခြင်း၊ ကြိုးစားခြင်းဘဲ ။
(၇) ပညာရှာ - ဉဏ်ပါမှ
ဥစ်္စာရှာ - ကံပါမှ
မိန်းမရှာ - ဟန်ပါမှ
- ဆင်တတ်မှလှ ကြည့်တတ်မှမြင်
သင်တတ်မှတတ်၊ ယူတတ်မှ ရတဲ့။
ရိုးရိုးကျင့် မြင့်မြင့်ကြံ
မှန်တာလုပ် ဟုတ်တာပြော
မိမိကိုယ်မိမိ သူတစ်ပါးအကြည်ညိုခံရသောသူဖြစ်အောင်ကြိုးစား
လူမိုက်ကိုရှောင် - ဘေးရန်ကင်းလိမ့်မယ်
လူလိမ်္မာကိုပေါင်းသင်း၊ အကြံကောင်း ဉဏ်ကောင်းရလိမ့်မယ်။
- လုပ်တိုင်းမဖြစ် - စိတ်မညစ်နဲ့
ပြောတိုင်းမရ - ဒေါမထနဲ့
ကြံတိုင်းမမြောက် ၊ စိတ်မဖောက်နဲ့
ဆင်းရဲကြုံမှု၊ မညီးညူနဲ့
အာရုံဟူသမျှ၊ မတောင့်တနဲ့
အရာရာမျိုး၊ စိတ်မဆိုးနဲ့
သိဉဏ်မလိုက်၊ သင်မမိုက်နဲ့
ဗုဒ်္ဓတရား - မေ့မထားနဲ့။ ။
- ခန်္တီသည် - မူလ
ဒေါသကိုပယ် - မေတ်္တာကိုလွယ်
အားထားကိုးကွယ်ရမှာက - ဗုဒ်္ဓံ ၊ ဓမ်္မံ ၊ သံဃံ
မိတ်ဆွေစစ်က - ကံ ၊ ဉဏ် ၊ ၀ိရိယ
ရန်သူကြီးက - လောဘ ၊ ဒေါသ ၊ မောဟ
နေ့စဉ်အလုပ်က - ဒါန ၊ သီလ ၊ သမထ ဘာဝနာ ၊ ၀ိပဿနာ ဘာဝနာ။
အမြဲနှလုံးသွင်းရမှာက - အနိစ်္စ ၊ ဒုက်္ခ ၊ အနတ်္တ
- ဘ၀ကို အဓိပ်္ပါယ်ရှိရှိ နေထိုင်သွားပါ။
မေတ်္တာထားပါ။
လေ့လာဆည်းပူးပါ။
စဉ်းစားဆင်ခြင်ပါ၊ ယုံကြည်သက်ဝင်ပါ။
စူးစမ်းရှာဖွေပါ၊ ထုတ်လုပ်ပါ၊ နားလည်မှုရှိပါ၊ သိတတ်ပါ။
ပေးကမ်းပါ၊ ကူညီပါ၊ အလုပ်အကျွေးပြုပါ၊ မျှတပါ။
ရယ်ပါ ၊ ပြုံးပါ ၊ ကစားပါ ၊ ပျော်ရွှင်ပါ။
ကြိုးပမ်းအားထုတ်ပါ - အာသီသပြင်းပါ။
မစိုးသိင်္ဂီဦး - ဖေဖေ သံသရာဘယ်ကစပြီး ဘယ်မှာဆုံးသလဲ ...
သမီးတို့ သံသရာက မသိတာကစပြီး သိတလုံးမှာ ဆုံးတယ်။
သမီး (၂) ယောက် - မသိတာနဲ့ သိတာ ရှင်းပြပါဦးဖေဖေ ...
အ၀ိဇ်္ဇာဆိုတာ မသိတာ ၊ ၀ိဇ်္ဇာက သိတာပေါ့
အဲဒီတော့ အတိတ် = ပြီးခဲ့တာ
ပစ်္စုပ်္ပန် = ယခုဖြစ်ဆဲ
အနာဂတ် = နောင်ဖြစ်မယ်
ပြီးခဲ့တဲ့ အတိတ်မတွေးနဲ့ စိတ်ဆင်းရဲမယ်။ နောင်ဖြစ်လာမဲ့ အနာဂါတ် မမျှော်နဲ့ စိတ်ချမ်းသာမယ်။ယခုဖြစ်ဆဲ ပစ်္စုပ်္ပန်တည့်တည့်ကိုကြည့်။ အတိတ်က အ၀ိဇ်္ဇာနဲ့ သင်္ခါရပြုလုပ်တယ်။ အ၀ိဇ်္ဇာက မသိတာ။ သစ်္စာ (၄)ပါးမသိတာ။ ဒါကြောင့် သင်္ခါရပြုတယ်။ သင်္ခါရက ပြုပြင်စေ့ဆော်တာ။
အဲဒီမှာ (၁) ပုညာဘိ သင်္ခါရ - ကုသိုလ်ပြုလုပ်။
(၂) အပုညာဘိ သင်္ခါရ - အကုသိုလ်ပြုလုပ်။
(၃) အာနဉ်္စာဘိ သင်္ခါရ - သမထဘာဝနာပွား။
အာသာဝတရားကြောင့် အ၀ိဇ်္ဇာနဲ့ သင်္ခါရဖြစ်တာ အဲဒီက ခင်မင် တွယ်တာက သမုဒယသစ်္စာ၊ သမုဒယသစ်္စာကြောင့် ဒုက်္ခသစ်္စာရတာ။သမုဒယသစ်္စာဆိုတဲ့ အကြောင်းကြောင့် ဒုက်္ခသစ်္စာဆိုတဲ့ အကျိုးရတာပေါ့။
အကြောင်းကြောင့်အကျိုးဖြစ်တာကို သံသရာလည်တယ်လို့ခေါ်တယ်။
အ၀ိဇ်္ဇာ = မသိမှု
သင်္ခါရ = မျိုးစေ့ထင်ရာလုပ်
အကြောင်းတရား (သမုဒယသစ်္စာ)
ဝိဉဏ် ၊ နာမ်ရုပ် ၊ သဠာယတနာ - ဖဿ ဝေဒနာ အကျိုးတရား ဒုက်္ခရောက် (အပင်ပေါက်)
တဏှာ = လိုချင်
ဥပါဒါန် = စွဲလမ်း အမြစ်ထွက်
ကမ်္မ ဘ၀ = ပြုလုပ်
ဇာတိ = မွေး
ဇရာ = အို အပင်ပေါက်
မရဏ = သေ
ဒီနောက် အာသာဝတရား ပြန်ဖြစ်
သောက = ပူပန်
ပရိဒေ၀ = ငိုကြွေး
ဒုက်္ခ = ဆင်းရဲ
ဒေါမနဿ = စိတ်မချမ်းသာ
ဥပါယသ = ပူလောင်
တွေဖြစ်ပြီး သံသရာစလည်တော့တာပါဘဲ ။
ဒါကြောင့် သမီးမေးတဲ့ သံသရာဘယ်ကစ၊ မသိမှုဆိုတဲ့ (အ၀ိဇ်္ဇာ) ကစတာ၊ ဘာမသိတာလဲ သစ်္စာ (၄)ပါး မသိတာ (ဒုက်္ခသစ်္စာ၊ သမုဒယသစ်္စာ၊ နိရောဓသစ်္စာ၊ မဂ်္ဂသစ်္စာပေါ့)။
ပဋိစ - စွဲ၍ သမုပါဒဖြစ်တာ၊ အကြောင်း တရားစွဲ၍ အကျိုးဖြစ် တာဘဲ။ ၀ိဇ်္ဇာ သိမှုရအောင်လုပ် သံသရာရဲ့အဆုံးပေါ့။ သိမှုရအောင် ဘာတွေလုပ်ရဦးမလဲ ။ ခန်္ဓာငါးပါး(ရုပ်နာမ်) တရားများများနာပါ။ အရင်ဆုံး လုပ်ရမှာက တရားများများနာဖို့ဘဲ။
အချို့သော လူအများစုက တရားနာဘို့ သတိမရဘူး။ ၀ိပဿနာ တရား (ထိုင်တဲ့အလုပ်) လုပ်နေကြတယ်။ အရင်ဆုံးလုပ်ရမှာက - ခန်္ဓာ အကြောင်း၊ အာယတနဓါတ်အကြောင်းဘယ်လိုဖြစ်ပေါ် ဆက်စပ်နေသလဲ ဆိုတာသိအောင် တရားနာပါ၊ များများနာ။ တစ်ရက် နှစ်ရက်မဟုတ်ဘူး ရက်ပေါင်းများစွာနာ။
(၁) ပထမလုပ်ရမှာက - တရားနာဖို့ဘဲ ။
(၂) ဒုတိယလုပ်ရမှာက - ၀ိပဿနာအခြေခံတတ်အောင်လုပ်
(ခန်္ဓာငါးပါး၊ ရုပ်နာမ်၊ အယတန(၆)ပါး၊ ဓါတ်ကြီး (၄)ပါး၊ ပညတ်၊ ပရမတ်္ထ။
ဥပမာ -
- ခန်္ဓာငါးပါး - ရူပက်္ခန်္ဓ၊ ဝေဒနာက်္ခန်္ဓာ၊ သညာနာက်္ခန်္ဓာ၊ သင်္ခါရက်္ခန်္ဓာ၊ ၀ိဉဏက်္ခန်္ဓာ
- အယတန (၆)ပါး - မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်
- ဓါတ်ကြီး (၄)ပါး - ပထ၀ီ ၊ တေဇော၊ အာပေါ ၊ ၀ါယော
- ပညတ် - ပရမတ်
ပညတ် - အခေါ်တာရှိတရား
ပရမတ်္တ - တကယ်ရှိတရား
ပရမတ်္တ - စိတ် = အာရုံသိတာ
စေတသိက် = စိတ်နဲ့ဆက်စပ်ဖြစ်
ရုပ် = ဖောက်ပြန်
နိဗ်္ဗာန် = မျက်မှောက်ပြုရမယ့်တရား
(၃) အဲဒါတွေသိပြီးတော့ ၀ိပဿနာရှုတော့။
- အရှုခံက နာမ်နှင့်ရုပ်
- ရှုဉဏ်က မဂ်္ဂင် (၅)ပါး - သမ်္မာ
(၀ါယမ၊ သတိ၊ သမာဓိ၊ သက်္ကင်္ပ်္ပ၊ ဒိဋ္ဌိ)
- ရှုမှတ်ရမည့်နည်း - သတိပဋ္ဌာန် (၄)ပါး။
- သတိပဋ္ဌာန်လေးပါး (ကာယ၊ ဝေဒနာ၊ စိတ်္တ၊ ဓမ်္မ)
သတိပဋ္ဌာန် ဘယ်ဟာကျင့်ကျင့် တစ်ခုကျင့်ရင် နိဗ်္ဗာန်မျက်မှောက် ပြုတယ်။ အဲဒီလိုသိသွားရင်တော့ သံသရာဆုံးတော့ဒါပါဘဲ ။
မအိသန်္တာချို - ဗုဒ်္ဓဘာသာစစ်စစ်က ဘယ်လိုလူမျိုးကိုခေါ်တာလဲ။ ဖေဖေ
ဖေဖေ - သရဏဂုံ (၃)ပါးတည်ရမယ်။
- ဗုဒ်္ဓံ - သရဏံ - ဂစ်္ဆာမိ
ဗုဒ်္ဓမြတ်စွာဘုရားကို သရဏံကိုးကွယ်ရာဟူ၍ ဂစ်္ဆာမိ ဆည်းကပ်ပါ၏။
- ဓမ်္မံ - သရဏံ - ဂစ်္ဆာမိ
ဓမ်္မံတရားတော်ကို သရဏံကိုးကွယ်ရာဟူ၍ ဂစ်္ဆာမိ ဆည်းကပ်ပါ၏။
- သံဃံ - သရဏံ - ဂစ်္ဆာမိ
သံဃံ သံဃာတော်မြတ်ကို သရဏံကိုးကွယ်ရာဟူ၍ ဂစ်္ဆာမိ ဆည်းကပ်ပါ၏။
ယခုပစ်္စုပ်္ပန်မှာ -
သရဏဂုဏ် (၃)ပါးကို ဉဏ်နဲ့ယှဉ် = လူကြီး (လောကုတ်္တရာ)
ဉဏ်နဲ့မယှဉ် = ကလေး
ဘုရား၊ တရား၊ သံဃာဂုဏ်တော်တွေ သိလို့ကိုးကွယ် သရဏဂုံ မြဲနေရင် အပါယ်တံခါးပိတ်တယ်။
ဥပမာ - သင်္ဘောသား ၇၀၀ ယောက်နှင့် သရဏဂုံတည်တဲ့ သူတစ်ယောက်နဲ့ သင်္ဘောခရီးထွက် ၊ လေမုန်းတိုင်းကျရောက်၊ သင်္ဘောရေထဲမြှုပ်ဖို့ အချိန် ရောက် ၊ တစ်ယောက်သောသူက သရဏဂုဏ်တည်ဆောက်နေ - တည်ငြိမ် အေးချမ်းနေတယ်။ ကျန် (၇၀၀)က သေရမှာကြောက်ရွံ့ထိတ်လန့်နေတယ်။ ဒီအချိန် တည်ငြိမ်အေးချမ်းတဲ့ သူနားသွားပြီး အကူအညီတောင်း သင်္ဘော သား (၇၀၀)အား သရဏဂုံတည်ဆောက်နည်း သင်ကြားပေးတယ်။ ပြီးတော့ သင်္ဘောကနစ်မြှုပ်ပြီး သင်္ဘောသားအားလုံးသေသွားတယ်။ သရဏဂုံတည်တဲ့ ကုသိုလ်ကြောင့် နတ်သားဖြစ်ပြီး ၃ကုဋေ ၆သန်း အသက်ရှင်နေထိုင်ရတယ်။အကယ်၍ သရဏဂုဏ်မတည်ဆောက်ခဲ့ရင် အပါယ်ရောက်မှာ သေချာ ပေါက်ဘဲ။ မေးမနေနဲ့။ မြေကြီးလက်ခတ်မလွဲဘဲ။ သရဏဂုဏ်တည်ရင် နတ်သားဖြစ်တယ်။ (အသက်ရှည်၊ အဆင်းလှ၊ အခြွေအရံများ၊ ချမ်းသာမှုရ) ၀ိပဿီဘုရားလက်ထက် ဆင်းရဲသားတစ်ယောက် ဘုရားထံသွား၊ တရားတိုတိုချီးမြှင့်ပြီး၊ ဘ၀အာမခံချက်ပေးပါလို့ လျှောက်ထားတယ်။ ဘုရားက သရဏဂုဏ်တည်ဆောက်ခိုင်း။ နှစ်ပေါင်းများစွာ တည်ဆောက်နေထိုင်၊ ဆင်းရဲသားသေတော့ နတ်၊ ဗြဟ်္မာ၊ စင်္ကြာဝတေးမင်း အကြိမ်ပေါင်းများစွာ ဖြစ်ပြီး အပါယ်တံခါးပိတ်တယ်။
ဂေါတမဘုရား လက်ထက် (၇)နှစ်သားအရွယ်မှာ အဲဒီဆင်းရဲသား ရဟန်္တာဖြစ်တယ်လို့ ဘုရားဟောမှာတွေ့ရတယ်။ ဒါကြောင့် သရဏဂုဏ် တည်ရင် (၁) ဘ၀အာမခံချက်ရှိ၊(၂) အပါယ်တံခါးပိတ်တယ်၊ (၃) သံသရာက လွတ်မြောက်တယ်ပေါ့။
နောက်ဒုစရိုက်တရား (၁၀)ပါးရှောင်၊ သုစရိုက်(၁၀)ပါးက သူ့အလိုလို ဖြစ်လာတယ်။
ဒုစရိုက်တရား (၁၀)ပါး
(၁) သူ့အသက်ကို သတ်ခြင်း။
(၂) သူ့ဥစ်္စာ ခိုးယူခြင်း။
(၃) သူ့သားမယားပစ်မှားကျူးလွန်ခြင်း။ (ကာယစရိုက်)
(၄) လိမ်ညာပြောဆိုခြင်း။
(၅) အတင်းပြောခြင်း။
(၆) ရုပ်ရင်းကြမ်းတမ်းစွာ ပြောဆိုခြင်း။
(၇) ဂုံးတိုက်စကားပြောခြင်း။ (၀ဇီစရိုက်)
(၈) သူများဥစ်္စာမတရားရဖို့ ကြံစည်ခြင်း။
(၉) သူတပါးအကျိုးပျက်အောင် ကြံစည်ခြင်း။
(၁၀) အယူမှားခြင်း။ (မနောစရိုက်)
အငတ်ဘေး(လောဘ)ကဖန်တီး - ၀ိသမလောဘရှောင်
လက်နက်ဘေး (ဒေါသ)ကဖန်တီး - ၀ိသမဒေါသရှောင်
အပါယ်ဘေး(မောဟ)ကဖန်တီး - ၀ိသမမောဟရှောင်
ဒါကြောင့်
- မေတ်္တာပွား၊ ၀ိပဿနာဘာဝနာကျင့်။
- သောတာပန်ဖြစ်ဖို့ ဆရာရဲ့တာဝန်။
- သကဒါဂါမ်၊ အနာဂါမ်၊ ရဟန်္တာဖြစ်ဖို့ လူတိုင်းတာဝန်။
- သရဏံဂုံမြဲ၊ သီလစောင့်၊ ဒါနလုပ်။
- သီလ ကိုယ်နှင့်နှုတ်ထိန်းသိမ်း၊ မပေါက်မကျိုးစေနဲ့။
- ဒါနစင်ကြယ်အောင်လှူ၊ လူချမ်းသာဖြစ်တယ်။ မီးမလောင်ဘူး။ ရေမမြောဘူး။ ကားရထားမတိုက်ဘူး။ ဒါန မစင်ကြယ်တဲ့အလှူ အလှူပွဲတွေမှာ ကြက်၊ ၀က်၊ ဘဲ သတ်လှူတဲ့အလှူ အပါယ်သွား။
- ယုံကြည်သောသဒ်္ဓါကို ဉဏ်နဲ့ယှဉ်လှူပါ။
(၁) ကျောင်း၊ ဇရပ်၊ ဘုရားလှူ၊ ကမ်္ဗည်းမထိုးနဲ့။
(၂) ကာလဒါန တကယ်လိုအပ်တဲ့နေရာလှူ၊ သီလမကျိုးမပေါက်အောင် စောင့်ထိန်း၊ သမထဘာဝနာပွား မေတ်္တာပို့၊ ၀ိပဿနာအားထုတ်။
ဖော်ပြပါအတိုင်း လုပ်ကိုင်နေထိုင်ရင်တော့ ဗုဒ်္ဓဘာသာစစ်စစ် ဖြစ်ပြီပေါ့။
မစိုးသိင်္ဂီဦး - လူတယောက် စိတ်ယဉ်ကျေးအောင် ဘယ်လိုလုပ်ရမလဲ ဖေဖေ ...
မိမိစိတ်ကို ဆုံးမနိုင်ခြင်းသည် အကောင်းဆုံးဖြစ်တယ်။ ကိလေသာ တွေရှိနေရင် စိတ်မယဉ်ကျေးတော့ဘူး။ လူတိုင်းစားဝတ်နေရေးအလုပ်တွေ လုပ်ကိုင်နေတယ်။ ကိလေသာတွေနဲ့ လုပ်ကိုင်တယ်ပေါ့။
လောဘ = လိုချင် = ပူလောင်
ဒေါသ = မကျေမနပ် = ပူလောင်
မောဟ = တွေဝေနေ = ပူလောင်
(ကိလေသာတွေပေါ့)
လူတွေဟာ အဲဒီလောဘ၊ ဒေါသ၊ မောဟတွေနဲ့ ပူလောင်နေတာ မသိကြဘူး။ ကာယကံ၊ ၀စီကံ၊ မနောကံတွေလုပ်ပြီး ပူလောင်တာလဲ မသိကြဘူး။
ကဿဖဘုရားလက်ထက် - သုမင်္ဂလာသူဋ္ဌေး ကျောင်းနေ့စဉ်သွား၊ ကျောင်းရောက်တော့ ကုသိုလ်သုံးမျိုးလုပ်တယ်။ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ် တွေလုပ်တယ်။ သူဋ္ဌေးအိမ်ပြန်တော့ ဇရပ်ပေါ်မှာ သူခိုးတယောက် နေ့ခင်း ဘက်အိပ်နေတယ်။ ညဘက်မှလှုပ်ရှားရတယ်။ အဲဒီတော့ သူဋ္ဌေးက ဒီသူငယ် သူခိုးဖြစ်မှာဘဲလို့ ပါးစပ်ကထုတ်ပြောမိတယ်။
သူခိုးက ငါ့ဘယ်သူပြောလဲ။ သိကြသေးတာပေါ့၊ သူခိုးကိလေသာ ဖုံးအုပ်၊ အကုသိုလ်လုပ်၊ သူတော်ကောင်းတရားပျက်တယ်။ သူခိုးမောဟ ၀င်လာ(ကာယကံ၊ ၀ဇီကံ၊ မနောကံ)နဲ့ လုပ်ဖို့ကြံတယ်။
သုမင်္ဂလာသူဋ္ဌေး
မျက်စိ = ရုပ် = မသိတဲ့သဘော
အဆင်း = ရုပ် = မသိတဲ့သဘော
မြင်စိတ်ပေါ် = နာမ် = သိတဲ့စိတ်၊ ဖြစ်ပြီးပျက်
(ဇရပ်ပေါ်ကသူခိုး)
သူဋ္ဌေးဖြစ်ပျက်(ဒုက်္ခသစ်္စာ) မသိလို့သူခိုးလို့ပြောတာပေါ့။ (ခဏတာ အတွင်း) စိတ်သည် လျှပ်ပေါ်လော်လီတတ်တယ်။ အကုသိုလ် ကောင်းကျိုး ဖျက်၊ မကောင်းတဲ့အရာဖြစ်)
ဒေါသအမုန်းများ -
သူခိုး နား = ရုပ်
အသံ = ရုပ်
ကြားစိတ်ပေါ် = နာမ်
(သုမင်္ဂလာသူဋ္ဌေး)
ဖြစ်ပြီးပျက်၊ မသိလို့ သူခိုးကကြားတယ်။ ဖြစ်ပြီးပျက် (ဒုက်္ခသစ်္စာ) မသိလို့ပြောတဲ့သူကို သည်းမခံဘူး။ မုန်းတယ်၊ ရန်များတယ်။ အဲဒါမသိမှု အ၀ိဇ်္ဇာပေါ့။
သူခိုးက သုမင်္ဂလာသူဋ္ဌေးအိမ်က နွား ခြေထောက်ဖြတ်တယ်(၇)ကြိမ်၊ သူဋ္ဌေးရဲ့ အိမ်(၇)ကြိမ်မီးရှို့၊ သူခိုးစိတ်မယဉ်ကျေးတော့ဘူး။ ကြမ်းကြုတ် လာတယ်။ ခက်ထန်လာတယ်။ ကံသုံးပါးစလုံးနဲ့ ပြုလုပ်တော့တာပေါ့။ သူစိတ်လည်း မချမ်းသာတော့ဘူး။ သူများနွားခြေထောက်ဖြတ်၊ အိမ်မီးရှို့တဲ့ အကုသိုလ်တရားဟာ သေတဲ့အခါ အပါယ်ရွာရောက်မှာပေါ့။ မေးနေစရာ မလိုဘူး။ သေချာပေါက်ဘဲ။
သုမင်္ဂလာသူဋ္ဌေးစိတ်- သူခိုးက အိမ်မီးရှို့တော့ ပျက်စီးစရာဘဲ ပျက်စီးမှာဘဲ(ယဉ်ကျေးတဲ့စိတ်) စိတ်ကို ယဉ်ကျေးအောင်ဆုံးမထားတယ်။
သူဋ္ဌေး - စိတ်ယဉ်ကျေးတယ်
သူခိုး - စိတ်မယဉ်ကျေးဘူး။ ကိလေသာနဲ့နေ၊ ပင်ပန်းညစ်နွမ်းတယ်။ သူတော်ကောင်းတရားမရှိဘူး။
နောက် သူခိုးက စပါးခင်း(၇)ကြိမ် မီးရှို့၊ ကျောင်းဆောင် (၇)ကြိမ် မီးရှို့၊ သုမင်္ဂလာသူဋ္ဌေး စိတ်ယဉ်ကျေးတော့ ချမ်းသာတယ်။ (၇)ကြိမ်မြောက် ကျောင်းမီးရှို့တော့ ကျောင်းအသစ်ထပ်ဆောက်ရမယ်။ ကုသိုလ်စိတ်တိုးပွား တယ်။ ကျောင်းက မီးလောင်းတာပါ။ ငါကုသိုလ်မီးမလောင်ပါဘူး။ (၁၂)နှစ်ကြာ ကျောင်းသစ်ကြီးဆောက်၊ အလှူအတန်းအကြီးအကျယ်လုပ်။ အဲဒီနေ့မှာ သူခိုးက သူဋ္ဌေးကြီးကို သတ်မယ်ပေါ့။ သူဋ္ဌေးကြီး အလှူပွဲဘေးမှာ စောင့်နေ။ သူဋ္ဌေးက အမျှဝေတယ်။ ကျုပ်၏ကောင်းမှု အဖို့ဘာကကို ကျုပ်၏ ရန်သူလည်း ထပ်တူတပ်မျှရကြပါစေလို့လဲကြားရော သူဋ္ဌေးကို သတ်မဲ့ သူခိုးဟာ စိတ်ယဉ်ကျေးလာပြီး ကျုပ်ကိုခွင့်လွှတ်ပါ။ ကျုပ်၏မိသားစုအားလုံး သင့်ထံတွင် တသက်တာကျွန်ခံပါရစေလို့ပြော။
ဒါကြောင့် လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်၊ မာနစိတ် မရှိ အောင်နေ၊ (ကာယကံ၊ ၀စီကံ၊ မနောကံ) ကံ(၃)ပါးကိုလည်း ထိန်းချုပ်။ အဲဒီ စိတ်တွေမရှိရင် စိတ်တွေယဉ်ကျေးသိမ်မွေ့လာမယ်ပေါ့။
မအိသန်္တာချို - ဖေဖေ ဆရာတော်တွေ တရားဟောတဲ့အခါ သစ်္စာသိပြီးမှ လှူကြ၊ ဆုံးမတယ်။ အဲဒီအလှူမျိုးရှင်းပြပါအုံး ဖေဖေ ...
ဖေဖေ - သစ်္စာ(၄)ပါးရှိတယ်။
ဒုက်္ခသစ်္စာ = ဆင်းရဲတာအမှန် = သိ = ခန်္ဓာငါးပါးမမြဲဘူး(အနိစ်္စ)
ဆင်းရဲတယ်(ဒုက်္ခ)
အစိုးမရဘူး(အနတ်္တ)
သမုဒယသစ်္စာ = ဆင်းရဲရကြောင်းအမှန်= ပယ် = တဏှာ၊ လောဘ
နိရောဓသစ်္စာ = ဆိုက်ရောက်ရာအမှန် = မျက်မှောက်ပြု
မဂ်္ဂသစ်္စာ = ကျင့်ကြံရာအမှန် = ပွားများမဂ်္ဂင်(၈)ပါး
ခန်္ဓာငါးပါး၊ ရုပ်နာမ်(၂)ပါး (ဖြစ်ပြီးပျက်) - ဒုက်္ခသစ်္စာ(ဆင်းရဲတာအမှန်)
ဓမ်္မာစကြာမှာ မြတ်စွာဘုရားဟော၊ ဇာတိပိဒုက်္ခာ၊ ဇရာပိဒုက်္ခာ၊ ဗျာဓိပိ ဒုကေ်္ခာ၊ မရဏံပိဒုက်္ခ၊ အပိယေဟိ သမ်္ပယောဂေါ ဒုကေ်္ခာ၊ ပိယေဟိ ၀ိပ်္ပယောဂေါ ဒုကေ်္ခာ၊ ယံပိစ်္ဆံနလဘတိ၊ တံပိဒုက်္ခံ၊ သံခိတေ်္တန၊ ပဉ်္စုပါဒါ နက်္ခန်္ဓာ ပိဒုက်္ခာ၊ ပဋိသနေ်္ဓနေရခြင်းသည်လည်း ဆင်းရဲတယ်ဆိုတဲ့ အကြောင်း ရှေ့မှာ ဖော်ပြခဲ့ပြီးသားပါ။ ဇရာ အိုခြင်းတရားသည်လည်း ဆင်းရဲတာဘဲ။ အိုတာ ကိုတော့ ဆံပင်ဖြူမှ သွားကြွေမှ ခါးကုန်းမှ၊ ပါးနားအရေတွန့်မှ မျက်စိမှုန်မှလို့ လူအများစုကထင်နေတယ်။ အမှန်တော့ မွေးပြီးကစပြီး တစ်ရက်ထက် တစ်ရက် အို အိုလာတယ်နော်။ အဲဒီအိုခြင်းတရားဆင်းရဲခြင်းဟာ နာခြင်း စသည်ထိခံစားရမှာ။
ဥပမာ - နတ်သားတစ်ယောက် လူပျိုအရွယ်ဖန်ဆင်းပြီး မိန်းမပျို လေးထံ ရွှေလင်ဘန်းယူလာပြီးချစ်ခွင့်ပန်တယ်။ မိန်းကလေးက လက်မခံဘူး။ နောက်တစ်ရက်ငွေလင်ဘန်းယူလာပြီး ချစ်ခွင့်ပန်တယ်။ ဒါလဲ လက်မခံဘူး။ နောက်တစ်နေ့ ကြေးလင်ဘန်းယူလာပြီး ချစ်ခွင့်ပန်တယ်။ ဒီအခါ မိန်းမပျိုက သင်ဟာ အသိဉဏ်သိပ်နည်းတာပဲ ပထမဟာတွေထက် ဒုတိယဟာ၊ ဒုတိယ ဟာထက် တတိယဟာ၊ ပိုတန်ဖိုးရှိတာ ယူခဲ့ရမှာလို့ပြောတော့ လူပျိုကလေးက မင်းဟာတစ်ရက်ထက်တစ်ရက် အိုအိုသွားတယ်။ တစ်ရက်ထက်တစ်ရက် တန်ဖိုးနည်းနည်းလာတာကို သိလို့ဆိုပြီး ချစ်ခွင့်ပန်တယ်ဆိုတော့ မိန်းကလေးက သူမရဲ့ဇရာဘ၀ကို သိသွားတော့တယ်။ အိုလာတာလဲ ဒုက်္ခဘဲ၊ နာလာတာလဲ ဒုက်္ခဘဲ၊ သေသွားတော့လဲ ဒုက်္ခဘဲ။ မချစ်မနှစ်သက်တဲ့ သူတွေနဲ့ အတူနေလဲ ဒုက်္ခဘဲ။ ချစ်သူနဲ့ ကွေကွင်းရခြင်းလဲ ဒုက်္ခဘဲ။ လိုချင်တာ မရတာလဲ ဒုက်္ခဘဲ။
ခန်္ဓာငါးပါး - (ရုပ်-နာမ်) ရတာလဲ ဒုက်္ခဘဲဆိုတာ ဆင်းရဲတာအမှန် ဒုက်္ခ သစ်္စာကို သိနေရမယ်။ အဲဒီအခါမှ သံဝေဂဉဏ်ရမယ်။ အဲဒီကတဆင့် ၀ိပဿနာဉဏ် ရမှာပေါ့။
သမုဒယသစ်္စာ - ဆင်းရဲရကြောင်းအမှန်ကို ပါယ်ရမှာ ခင်မင်၊ တွယ်တာ၊ လိုချင်တာဆိုတဲ့ တဏှာ၊ လောဘကို ပယ်သတ်ရမှာ။
နိရောဓသစ်္စာ - ဆိုက်ရောက်ရန် အမှန်၊ မျက်မှောက်ပြုသွားတယ်။
မဂ်္ဂသစ်္စာ - ပွားများရာအမှန် ပွားများရမှာ မဂ်္ဂင်(၈)ပါးကို ပွားများပါ။
ဒါ သညာသိနော် အဲဒီကတဆင့် ခန်္ဓာသိ ပဋိဝေဇ သိအောင်လုပ်ပါ။
ခန်္ဓာသိ - လိုချင်ရင် ဆင်းရဲသည်။
မလိုချင်ရင် ချမ်းသာသည်။
လိုချင် = သမုဒယသစ်္စာ
ဆင်းရဲ = ဒုက်္ခသစ်္စာ
မလိုချင် = မဂ်္ဂသစ်္စာ
ချမ်းသာ = နိရောဓသစ်္စာ
မလိုချင်တာ = ရုပ် = ဖောက်ပြန်
= နာမ် = သိတယ်
ဖြစ်ပျက်သိအောင် မဂ်္ဂင်(၈)ပါး ပွားများတာ၊ ဒီက တဆင့်ချမ်းသာ သွားတာ နိရောဓသစ်္စာ ဆိုက်ရောက်တာပေါ့။ ဒါကြောင့် ဆရာတော်များက သစ်္စာသိပြီဆိုရင် လှူတော့တဲ့။ ဒါနပြုတာ တဏှာ၊ လောဘကို ပယ်သတ် တာတဲ့။ ဒုက်္ခသစ်္စာတစ်ခုသိရင် ကျန်သစ်္စာ (၃)ပါးလည်း အကြုံးဝင်တယ်။
စိုးသိင်္ဂီဦး - အားကိုးရာ အစစ်က ဘာလဲဖေဖေ ...
အားကိုးရာအစစ်က ဘုရား၊ တရား၊ သံဃာပဲ။ ဘုရားက တရား ဟောညွှန်ပြသပြီး သံဃာတော်များက တဖန်ဟောပြောနေတာ။ အားကိုးရာ အစစ်က တရားပဲပေါ့။ ဒါကြောင့် သမီးတို့ သေခြင်းတရားနှလုံးသွင်းနေပါ။
ငါ့ထက်ငယ်သူများ သေပြီ။ ငါ့ထက်ကြီးသူများ သေပြီ။ ငါနဲ့ ရွယ်တူတန်းတူ များလည်းသေပြီ။ ငါ ဧကန်မုချသေရမည်။ ၀င်လေသည် မထွက်ခင် ထွက်လေသည် မ၀င်ခင်၊ ငါ အချိန်မရွေးသေနိုင်ပါသည်တကား။
မရဏံ မေ ဓူဝံ။ မေ ငါ၏ မရဏံ သေခြင်းသည် ဓူဝံအမြဲရှိ၏။ ဇီဝိတံ မေ အဓူဝံ။ မေ ငါ၏ ဇိဝိတံ အသက်ရှင်ခြင်းသည် အဓူဝံ အမြဲမရှိ။
အဖေ ၊အမေ၊ သား၊ သမီး၊မြေး၊ မြစ်၊ ဇနီး၊ ခင်ပွန်း ဉဏ်နဲ့ခွဲကြည့် ငါမပိုင်၊ ငါမဆိုင်ဘူး၊ နာမ်နှင့်ရုပ်။ ပစ်္စည်း၊ ဥစ်္စာ၊ တိုက်တာ၊ ကား အာဏာ၊ ရာထူး ဉဏ်နဲ့ခွဲကြည့် ငါမပိုင် ငါမဆိုင်ဘူး။ ဘာကြောင့်လဲ ငါဆိုတာမရှိလို့။ ခန်္ဓာငါးပါးရုပ်နာမ်၂ပါးပဲရှိတာ။ အဖေ၊ အမေ၊ ဇနီး၊ ခင်ပွန်း၊ မြေး၊ မြစ်၊ အားလုံး ခန်္ဓာငါးပါး ရုပ် နာမ် (၂)ပါးရှိတာ နာမ်နှင့် ရုပ်ပေါ့။အားကိုးလို့ မရတာတွေ။ အားကိုးရမှာက ကိုယ်ပြုလုပ်မဲ့ ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာ အလုပ်တွေပေါ့။ ဒါတွေက လုပ်ကို လုပ်နေရမှာ သေသည်အထိ လုပ်ရမှာ
သေခြင်းတရားနှလုံးသွင်းနေသူဟာ -
- ခန်္ဓာများ၊ ပစ်္စည်းများ၊ ဉဏ်စွဲခွဲနိုင်သူ
- ဒါန၊ သီလ၊ ဘာဝနာလုပ်သူများ သေခါနီးငိုပွဲမဆင်သူ။
(၁) အကုသိုလ်လုပ်သူများ အပါယ်(၄)ဘုံရောက်မယ်။
(၂) ဒါနပြုလုပ်သူ လူပြည်၊ နတ်ပြည်ရောက်မယ်။
(၃) သီလ စောင့်ထိန်းသူ လူပြည်၊ နတ်ပြည်ရောက်မယ်။
(၄) သမထဘာဝနာပွားသူ ဗြဟ်္မာပြည်ရောက်မယ်။
(၅) ၀ိပဿနာပွားများသူ နိဗ်္ဗာန်မျက်မှောက်ပြုနိုင်တယ်။
တရားရှာ
- ခန်္ဓာငါးပါး ၊ ရုပ်နှင့်နာမ်(၂)ပါး - ဓါတ် (၁၈)ပါး
- အရှုခံ၊ ရှုဉဏ်လည်း သိအောင်လုပ်
ခန်္ဓာငါးပါးရုပ်နာမ်(၂)ပါး- ရူပက်္ခန်္ဓာ ဖောက်ပြန်ပျက်စီးသည့်သဘော။(ရုပ်)
- ဝေဒနာက်္ခန်္ဓာ ခံစားတတ်သည့်သဘော။(နာမ်)
- သညာနက်္ခန်္ဓာ - မှတ်သားသောသဘော။(နာမ်)
- သင်္ခါရက်္ခန်္ဓာ- ပြုပြင်စေ့ဆော်သောသဘော။(နာမ်)
- ၀ိဉဏက်္ခန်္ဓာ - သိတတ်သည့်သဘော။(နာမ်)
ဓါတ် (၁၈)ပါး
အခံဓါတ် - မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်
အတိုက်ဓါတ် - အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ တွေ့ထိစရာ ၊ကြံတွေးစရာ
အပွင့်ဓါတ် - မြင်စိတ်၊ ကြားစိတ်၊ နံစိတ် ၊ စားစိတ်၊ ယားနာ၊ တွေးတော
အရှု့ခံ - ခန်္ဓာငါးပါး (နာမ်နှင့် ရုပ်)
ရှု့ဉဏ် - မဂ်္ဂင် (၅)ပါး
- သမ်္မာဒိဋ္ဌိ - ကောင်းစွာမြင်ခြင်း
- သမ်္မာသင်္ကပ်္ပ - ကောင်းစွာကြံစည်ခြင်း
- သမ်္မာဝါယာမ - ကောင်းစွာအားထုတ်ခြင်း
- သမ်္မာသတိ - ကောင်းစွာအောက်မေ့ခြင်း။
- သမ်္မာသမာဓိ - ကောင်းစွာတည်ကြည်ခြင်း။
ဘုန်းကြီးတရားဟော။
အသံ၊ နား အကြည် ရုပ် - ကြားသိစိတ် ခန်္ဓာငါးပါး (အနိစ်္စရှု)
ရုပ် ၊ ရုပ် ၊ နာမ်
ကြားသိစိတ်ဖြစ်ဖို့ အချက်(၄)ချက်နဲ့ ပြည့်စုံရမယ်။ နားအကြည်ရုပ်၊ အသံရုပ်၊ ဟင်းလင်းပြင်၊ နှလုံးသွင်းမှန် တစ်ခုခုချို့ယွင်းရင် ကြားသိစိတ် မဖြစ်ဘူး။
(၁) နားအကြည့်ရုပ် - အသံ - ကြားသိစိတ် (ဖဿ)
ရုပ် ရုပ် နာမ်
ရူပက်္ခန်္ဓ
- ကြားသိစိတ်ထဲမှာ ပုဂ်္ဂိုလ် - သတ်္တ၀ါ - ငါ - ကျား - မ မရှိဘူး။
- ကြားသိစိတ်လေးဘဲ အနိစ်္စ။ ဖြစ်ပြီးပျက်။
- ရူပက်္ခန်္ဓ - အနိစ်္စ - မမြဲဘူး - ဖြစ်ပြီးပျက်တာ။
- နားထဲမှာ ရှိတဲ့ အကြည်ရုပ် ဖြစ်ပြီးပျက်တာ။
- ဉဏ်နဲ့ ရှုရတာ။
ရူပက်္ခန်္ဓာ = ဖောက်ပြန်
ဝေဒနာ = ခံစား
သညာ = မှတ်သား
သင်္ခါရ = တိုက်တွန်းစေတနာ
ဝိညာက်္ခန်္ဓာ = သိမြင်
(၂) တရားသံကောင်း မကောင်းစံစား - ဝေဒနာက်္ခန်္ဓာ - ငါ ခံစားတာ မဟုတ်ဘူး။ ဝေဒနာက်္ခန်္ဓာက ခံစားတာ။ ဝေဒနာက်္ခန်္ဓာလည်း အနိစ်္စရှု ဖြစ်ပြီး ပျက်သွားတာပဲ။
(၃) တရားသံ ဒါတရားသံပဲမှတ်သားတာကို သညာနက်္ခန်္ဓာလို့ပြောတာ ငါမှတ်သားတာမဟုတ်ဘူး။ သညာက်္ခန်္ဓာက မှတ်သားတာ။ အနိစ်္စရှု ဖြစ်ပြီး ပျက်သွားတာပဲ။
(၄) တရားဟောနေတော့ တရားတစ်နာရီထိုင်နာတာကို သင်္ခါရက်္ခန်္ဓာ စေတနာကထိုင်ပြီး တရားပြီးအောင်နာနေတာ ငါတရားနာနေတာမဟုတ်ဘူး။ စေတနာက နာနေတာ သူလည်းဖြစ်ပြီးပျက်သွားတာပဲ။
(၅) သိမြင်သည့်စိတ်ကလေးလည်း သိမြင်ပြီးဖြစ်ပျက်သွားတာပဲ။ ခန်္ဓာ ငါးပါး ရုပ်-နာမ်(၂)ပါးဟာ ဖြစ်ပြီးပျက်တာပဲလို့ ဉဏ်သိအောင်ရှုမှတ်ရတယ်။
ဒါကြောင့် ခန်္ဓာငါးပါး ရုပ်နာမ် (၂)ပါးဖြစ်ပျက်ရှုနေတာကို တရားကို အားကိုးရာအစစ်လို့ ပြောတာ။
မအိသန်္တာချို - သွားရာလမ်းကြောင်းသိအောင်လုပ်လို့ ဟောတယ်။ အဲဒါတွေက ဘာတွေပါလဲ။
အတိတ်ဘ၀က အ၀ိဇ်္ဇာနဲ့နေ သစ်္စာ(၄)ပါးမသိဘဲသေခဲ့တယ်။ ပစ်္စပ်္ပုန်ခန်္ဓာရ - လူဘ၀ရောက်လာတယ်။ ဘယ်ကလာသလဲမစဉ်းစားဘူး။ ဘယ်ဘုံသွားရမလဲ ဆိုတာလဲ မစဉ်းစားဘူး။ စဉ်းစားဖို့လဲမလုပ်တော့ လောဘ ဒေါသ၊ မောဟ၊ မာနတွေနဲ့ နေထိုင်နေတယ်။ လူ့ဘ၀ကိုရောက်ခိုက် ပစ်္စုပ်္ပန်မှာ စား၊ ၀တ်၊ နေရေးလုပ်ကိုင်နေပြန်တော့ လောဘ၊ ဒေါသ၊ မောဟမီးတွေ လောင်နေပြန်တယ်။
လောဘ = သေ = ပြိတ်္တာ
ဒေါသ = သေ = ငရဲ
မောဟ = သေ = တိရစ်္ဆာန်
မာန = သေ = အသူရကာယ်
ယခုဘ၀ ကိလေသာ ငြိမ်းအောင်လုပ် ကိလေသာ ပါး၊ လျှော့၊ နည်း သွားရမယ်။ ကိလေသာအကုန်ကင်းသွားရင်တော့ အကောင်းဆုံးပေါ့။
ဒါကြောင့်
ဒါန = ကုသိုလ်ပြု
သီလ = စောင့်ထိန်း
သမထ = ပွားများ
ဝိပဿနာ = ပညာနဲ့ခွဲခြမ်းသိ
ကိလေသာ ပါး၊ လျော့၊ နည်း ငြိမ်းအောင်လုပ်ရမှာ - မြတ်စွာဘုရား အာဠာဝတီမြို့ရောက် အကြီးအကဲက ဆွမ်းဘောဇဉ်လှူဒါန်း၊ အဲဒီမှာ ဘုရားအား အစဉ်ထာဝရ၀မ်းမြောက်ဖို့၊ တရားဟောဖို့လျှောက်ထား။ ဘုရားက - အကြောင်းတရား(၄)ပါးဟော
(၁) ငါ၏အသက်ရှင်ခြင်းသည် မမြဲပါတကား။
(၂) ငါ၏အသက်သေခြင်းသည် မြဲ၏။
(၃) ငါသည် မုချသေရမှာပါတကား။
(၄) ငါ၏အသက်ရှည်ခြင်းသည်၊ သေခြင်းအဆုံးပါတကား။
ဘုရားက သွားရာလမ်းကြောင်းသိအောင် လုပ်ခိုင်းတာ။ ယက်္ကန်း သည်မလေး မရဏနုဿတိ ကမ်္မဋ္ဌာန်းနဲ့နေတယ်။ (၃)နှစ်လောက်ပေါ့။ ငါသည်မုချသေရမယ်။ အချိန်ပိုင်းတာလိုတော့တယ်။ (၃)နှစ်ကြာတော့ မြတ်စွာဘုရားတရားဟော ယက်္ကန်းသည်မလေးတရားနာ ယက်္ကန်းသည် မလေးကို မြတ်စွာဘုရားက ချစ်သမီး-
(၁) သင်ဘယ်ကလာသလဲ - မသိပါဘုရား။
(၂) သင်ဘယ်ကိုသွားမလဲ - မသိပါဘုရား။
(၃) သင်တကယ်မသိဘူးလား- သိပါတယ်ဘုရား။
(၄) သိရင်ပြောစမ်းပါ - မသိပါဘုရား။
ယက်္ကန်းသည်မလေးက
(၁) သင်ဘယ်ကလာသလဲ - ဘုရားကမေးတော့ မသိပါဘုရားလို့ ဖြေခြင်းဟာ ဘယ်ဘ၀ကလာသလဲလို့၊ မသိပါဘုရားဟုဖြေခြင်းသာဖြစ်တယ်။
(၂) သင်ဘယ်ကိုသွားမလဲမေးတော့ မသိပါဘုရားဟု ဖြေခြင်းသည် ဘယ်ဘုံကိုသွားမလဲမေး၍ မသိပါဘုရားဟု ဖြေခြင်းသာဖြစ်တယ်။
(၃) သင်တကယ်မသိဘူးလားမေးတော့ သေရမယ်ဆိုတာ သိပါတယ် ဘုရားဟုဖြေခြင်းဖြစ်တယ်။
(၄) သိရင်ပြောစမ်းပါမေးတော့ - မသိပါဘုရားဟု ဖြေခြင်းသည် ဘယ်နေ့ ဘယ်ရက် ဘယ်အချိန် ဘယ်နေရာမှ သေရမယ်ကိုမသိပါဟု ဖြေခြင်း ဖြစ်တယ်။ မြတ်စွာဘုရားက ပဋိစ်္စသမုပ်္ပါဒ်တရားဟော အ၀ိဇ်္ဇာသင်္ခါရကစပြီး တရားဟောအဆုံးမှာ ယက်္ကန်းသမလေး သောတာပန်တည်သွားတယ်။ ခန်္ဓာငါးပါး ရုပ်နာမ်(၂)ပါး ဖြစ်ပျက်မြင်အောင်ရှုလို့ ဘုရားက ခိုင်းလိုက်တာဘဲ။
ဒါကြောင့် မိမိတို့သွားရာလမ်းသိအောင် ယက်္ကန်းသည်မလေး နမူနာ ယူ၍ လုပ်ကိုင်ကြပေတော့။
သမီး(၂)ယောက် - ဖေဖေက သောတာပန်တည်အောင်လုပ်ဖို့ သမီးတို့ ခိုင်းတယ်။ သောတာပန်တည်အောင် ဘယ်လိုလုပ်ရ မှာလဲ ဖေဖေ ...
ဖေဖေ - ပထမဦးဆုံးမရှိတရားနဲ့ ရှိတရားသိရမယ်။
မရှိတရား = ပညတ်
လူ၊ ခွေး၊ ဆင်၊ မြင်း၊ အိမ်၊ ကျောင်း၊ ဇရပ်၊ ရေမြေတောတောင်သမုဒ်္ဒရာ၊ နေ၊ လ၊ နက်္ခတ်၊ တာရာ
ရှိတရား = ပရမတ်္ထ
စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ်္ဗာန်
အိမ်ဖျက်လိုက် သစ်သားတိုင်၊ သွပ်အမိုးတွေ၊ တန်းတွေဒိုင်းတွေ တခုစီဖြစ်နေမယ်။ တိုင်၊ သွပ်မိုး၊ တန်း၊ ဒိုင်းတွေရှိတာ အိမ်လို့မခေါ်ဘူး၊ တိုင်လို့ခေါ်တယ်၊ တန်းလို့ခေါ်တယ်၊ ဒါကြောင့် အိမ်ဆိုတာမရှိဘူး။ လူ ၃၂ ကောဋ္ဌာသ(ဆံပင်၊ မွေးညှင်း ... စသည်) အဲဒီလူကို ဖြတ်တောက်ပြီး ၃၂ပုံ ပုံလိုက် ဆံပင်ပုံ၊ မွေးညှင်းပုံတွေရှိတာ။ လူလို့မခေါ်ဘူး ဆံပင်၊ မွှေးညင်းလို့ဘဲခေါ်တာ၊ ဒါကြောင့် လူဆိုတာမရှိဘူး။ (ပရမတ်္တနယ်ကို ပြောတာ ပညတ်နယ်မှာတော့ရှိတယ်။
စိတ် = အာရုံသိတာ = သဘောတရား
ဇေတသိက် = စိတ်ကိုမှီဖြစ်တာ
ရုပ် = ဖောက်ပြန်
နိဗ်္ဗာန် = ခန်္ဓာချုပ်
စိတ်(၆)မျိုးရှိတယ်။
မြင်သည့်စိတ် = ဖြစ်ပျက်
ကြား = ဖြစ်ပျက်
နံ = ဖြစ်ပျက်
စား = ဖြစ်ပျက်
ထိတွေ့သိစိတ် = ဖြစ်ပျက်
စေတသိက် = မည်းညစ်အောင် အရောင်ဆိုး
စိတ်ကိုမှီပြီးဖြစ်တဲ့ = ကုသိုလ်လုပ်၊ အကုသိုလ်လုပ်
သဘောတရား
လောဘ = စေတသိက် (ပညတ်မှီဖြစ်)
မျက်စိ - အဆင်း - တိုက် - မြင်သည့်စိတ်ပေါ် - နှစ်သက်လောဘ
ရုပ် ရုပ် နာမ် - မနှစ်သက်ဒေါသ
သိန်း၃၀၀၀ကားမြင် လိုချင်တော့လောဘဖြစ်တာ။ အသုဘကားမြင် မလိုချင်တော့ ဒေါသဖြစ်တာ။ လောဘ၊ ဒေါသဖြစ်ပြီး မောဟလည်း ပါသွားတာ။
ဓါတ်ကြီး(၄)ပါး
ပထ၀ီဓါတ် = မာ၊ ပျော့ သဘောတရား
အာပေါဓါတ် = ယို ၊ ဖွဲ့ သဘောတရား
တေဇော = ပူ၊ အေး သဘောတရား
ဝါယော = ထောက်ကန်၊ တောင့်တင်းသဘောတရား
သဘောတရား(၄)စုအားလုံးဟာဖြစ်ပြီး ပျက်သွားတာ။ မမြဲတာကို မြင်တာ။ ဖြစ်ပျက်မြင်တာ။
စိတ် + စေတသိက် - နာမ်
ရုပ် - ရုပ်
ရုပ်၊ နာမ်(ခန်္ဓာငါးပါး) = ဖြစ်ပျက် = ဒုက်္ခသစ်္စာ
ရုပ် = ဖောက်ပြန် = ဖြစ်ပျက်
နာမ် = သိတတ် = ဖြစ်ပျက်
ရူပက်္ခန်္ဓာ = ဖောက်ပြန် = ဖြစ်ပျက်
ဝေဒန = ခံစား = ဖြစ်ပျက်
သညာ = မှတ်သား = ဖြစ်ပျက်
သင်္ခါရ = တိုက်တွန်းစေတနာ = ဖြစ်ပျက်
ဝိဉဏ = သိမြင် = ဖြစ်ပျက်
ဥပမာ - ဘုန်းကြီးတရားဟော
(၁) မျက်စိ = ရုပ် = ရူပက်္ခန်္ဓာ
အဆင်း(တိုက်) = ရုပ် = ရူပက်္ခန်္ဓာ
မြင်သည့်စိတ်ပေါ် = နာမ် = ဖြစ်ပျက်
လူ၊ အန်္ဓပုထုဇဉ်တွေက၊ ငါမြင်တယ်လို့ထင်နေတာ။ ရူပက်္ခန်္ဓာက မြင်တာ၊ ငါမရှိဘူး၊ ခဏနေမျက်စိအကြည်ရုပ်ဖြစ်ပြီး ပျက်သွားတာ။
(၂) နား = ရုပ် = ဝေဒနက်္ခန်္ဓာ
အသံ = ရုပ် = ဝေဒနက်္ခန်္ဓာ
တိုက် ကြားသည့်စိတ် = နာမ် = ဖြစ်ပျက်
ငါခံစားတယ်၊ ငါခံစားတယ်၊ မဟုတ်ဘူး။ ဝေဒနက်္ခန်္ဓာ က ခံစားတာ။ ခဏနေ နားအကြည်ရုပ်က ဖြစ်ပြီးပျက်သွားတာ။ အဲဒီခန်္ဓာငါးပါး အားလုံး မရှုရဘူး၊ တပါးရှုရင် မဂ်ဖိုလ်နိဗ်္ဗာန်ရနိုင်ပါတယ်။
ဝေဒနာခံစားတာ၊ ခဏနေရင်ဖြစ်ပြီးပျက်သွားတာ။
ဖြစ်ပျက် - ဒုက်္ခသစ်္စာ
သိမြင် - မဂ်္ဂသစ်္စာ
ပယ် - သမုဒယသစ်္စာ
နောင်ခန်္ဓာမရတာ - နိရောဓသစ်္စာ
သစ်္စာကလည်း တခုသိရင်ကျန်(၃)ပါးသူအလိုလိုပါလာတယ်။ ဒုက်္ခ သစ်္စာသိတယ်။ နောက်(၃)ပါးက သူအလိုလိုပါလာတာ။ သစ်္စာ(၄)ပါး သိမြင်ရင်တော့ သောတာပန်ဖြစ်တော့တာပါဘဲ။
ကိလေသာဝတ် = ရုပ်နာမ်ကိုငါအထင်မှား ကမ်္မ၀တ် = လိမ်ညာစီးပွားရှာ =အကုသိုလ်လုပ်
ဝိပါက၀တ် = အပါယ်ကျ
ငါမဟုတ်ဘူး၊ ရုပ်နာမ်ဘဲ။ ကောင်းတာလုပ်၊ အပါယ်မကျ၊ အပါယ် မကျတာဟာ သောတာပန်။ ဒါကြောင့် သောတာပန်ဖြစ်အောင်လုပ်၊ ဖြစ်အောင်လုပ်လို့ ခဏခဏခိုင်းတာ။ သောတာပန်ဖြစ်သွားရင် ဘုရား၊ တရား၊ သံဃာသိက်္ခာယုံယုံကြည်ကြည်နဲ့ ကြည်ညိုသွားတယ်။ ဘုရား၊ တရား၊ သံဃာ၊ သိက်္ခာ ယုံယုံကြည်ကြည်နဲ့ ကြည်ညိုနေထိုင်သူတွေ့ရင်တော့ သောတာပန်ဘဲလို့ ပြောနိုင်ပါတယ်။
မစိုးသိင်္ဂီဦး - ၀ိပဿနာရှုပုံရှင်းပြပါအုံးဖေဖေ ...
ဝိ = အထူး ၊ ပဿနာ = ရှုမှတ်တာ
ဝိပဿနာ အထူးရှုမှတ်တာ ထူးထူးခြားခြားရှုမှတ်တာ၊
အနိစ်္စ = မမြဲ = ပျက်
ဒုက်္ခ = ဆင်းရဲ = ပျက်
အနတ်္တ = ကိုယ်ပိုင်မဟုတ်သူ့သဘောသူဆောင် = ပျက်
အနိစ်္စ၊ ဒုက်္ခ၊ အနတ်္တမြင်ရင် ၀ိပဿနာလို့ခေါ်။ ပညတ် အပျက်မြင်ရင် ၀ိပဿနာမဟုတ်ဘူး။ ဥပမာ - သစ်ရွက်ကြွေ၊ ပန်ကန်ကွဲ၊ လူသေ
ပရမတ်္တ အပျက်မြင်ရင် ၀ိပဿနာဖြစ်တယ်။ ဥပမာ - ထုံ ၊ ကျင်၊ ကိုက်ခဲ (ဝေဒနာ)၊ ဝေဒနာ စ - လယ် - ဆုံး ဖြစ်တယ်၊ တည်တယ်၊ ပျက်တယ်၊ (ဥပါဒ်၊ ဋ္ဌီ၊ ဘင်) ဖြစ် -တည်၊ ပျက်ဖြစ်ပြီးပျက်သွားတာ။
တလောကလုံးဘာအရာဝတ်္ထုမှ မမြဲပါလား၊ ငါခန်္ဓာကိုယ်လည်း မမြဲပါလား၊ ဒါက သံဝေဂဉဏ်။ အမြဲတန်းသုံးသပ်ဆင်ခြင်နေ၊ သဘာဝ တရား(ပစ်္စုပ်္ပန်တဲ့တဲ့)ခန်္ဓာကိုယ်မြင်၊
ပုဂ်္ဂိုလ်သတ်္တ၀ါ သူ၊ ငါ၊ ကျား၊ မ - မှားသောအသိ
ပုံသဏ္ဍာန်ကြည့်တကယ်ရှိ - မှားသောအသိ
ခန်္ဓာငါးပါး ငါလို့မှတ် - မှားသောအသိ
ခန်္ဓာငါးပါး သဘောတရား ရူပက်္ခန်္ဓာ၊ ဝေဒနာက်္ခန်္ဓာ၊ သညာနက်္ခန်္ဓာ၊ သင်္ခါရက်္ခန်္ဓာ၊ ၀ိညာဏနုက်္ခန်္ဓာပေါ့။ပညတ်ကိုကျော်၍ ပရမတ်္တမြင်အောင်ကြည့်
ဥပမာ -ဒူး = ပညတ်
နာ၊ ကျင်၊ ပူ၊ ကိုက်ခဲ = ပရမတ်္တ
သဘောကြည့်ဖြစ်ပြီးပျက်သွားတာဘဲ၊ သတိနဲ့ညွှန် သမာဓိနဲ့ကြည့်။
ငါနာတယ်လို့ထင်နေရင်တော့ ၀ိပဿနာမဖြစ်ဘူး။ ပုံသဏ္ဍာန် ပျောက် အောင်ကြည့်။
ပရမတ်္တရှု ခန်္ဓာငါးပါး ရုပ် = ဖောက်ပြန် = ဖြစ်ပြီးပျက်
နာမ် = သိတတ် = ဖြစ်ပြီးပျက်
စိတ်မညစ်နဲ့ သည်းခံပြီးကြည့် နာ၊ ကျင်၊ ထုံ၊ ကိုက်၊ ငါနဲ့မဆိုင်ဘူး ဆိုပြီးကြည့်၊ ခန်္ဓာမညှာနဲ့၊ ညှာရင်တဏှာလာမယ်နော်။ တဏှာမ၀င်စေနဲ့။
မဂ်္ဂင်(၈)ပါး အလယ်အလတ်လမ်းစဉ်အတိုင်းသွား၊ ဝေဒနာပေါ် ကြည့်နိုင် သလောက်ကြည့် မကြည့်နိုင် မကြည့်နဲ့။ သမာဓိတည်အောင် အသက် ခပ်ပြင်းပြင်းရှူပေး။ နာတာပျောက် နာတဲ့သဘောမရှိတော့ဘူး။
ခန်္ဓာကိုယ် = ပညတ်
နာ = ပရမတ်္ထ = နာသဘော၊ = ရုပ်ဖောက်ပြန်မှု
မနာသဘော
ရုပ်ထင်ရှား ရုပ်ကြည့်၊ နာမ်ထင်ရှားနာမ်ကြည့်၊ မဖြစ်သေးတာလဲ သိမနေရ၊ ဖြစ်ပြီးသားလည်း သိမနေရဘူး၊ ကိုယ်ဖြစ်ချင်တာလဲ သိမနေရဘူး။
နာ - ငါနာ - ငါမခံနိုင်ဘူး - သက်္ကာယဒိဋ္ဌိ
ပုံသဏ္ဍာန်ကြည်နေရင် - သက်္ကာယဒိဋ္ဌိ
ဓမ်္မ သဘောတရား ခန်္ဓာငါးပါး ရုပ်နာမ်သိ - သက်္ကာယဒိဋ္ဌိစင်
ဓမ်္မဆိုတာ အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတာ သိနေရမယ်။
ခန်္ဓာငါးပါး - ရုပ်နှင့်နာမ်မြင်ရင် မိစ်္ဆာဒိဋ္ဌိစင်၊ မျက်စိနဲ့အဆင်းထိုက်မြင်စိတ်ပေါ် အကြောင်းတရားကြောင့် မြင်စိတ်ပေါ်တာသိရင် - ၀ိစ်္ဆိကိစ်္ဆာစင်။
လောကမှာ - ဒုက်္ခသစ်္စာ + သမုဒယသစ်္စာ
ဟေတု ယေဓမ်္မာ
အကြောင်း ချုပ်
အကြောင်းချုပ်ရင် အကျိုးမပေါ်ဘူး။ သတိ၊ ၀ိရိယ၊ သမာဓိနဲ့ကြည့်။
ချုပ်အောင်ကျင့်တာ မဂ်္ဂသစ်္စာ = သမ်္မာဒိဋ္ဌိ
= သမ်္မာသင်္ကပ်္ပ
လောကီမဂ်္ဂင်(၅)ပါး = သမ်္မာဝါယမ
= သမ်္မာသတိ
= သမ်္မာသမာဓိ
အဲဒီလိုကျင့်သွားရင် ဆိုက်ရောက်မှာက နိရောဓသစ်္စာ
စိုက်ကြည့် = သမာဓိ
ပညာ = ရှိတာမတွေ့စေနဲ့။
အဲဒါကတော့ ၀ိပဿနာရှုပုံပါဘဲ။ ။
မအိသန်္တာချို - သတိပဋ္ဌာန်တရား(၄)ပါးအကြောင်း ရှင်းပြပါအုံးဖေဖေ။
ဒီ(၄)ပါးက
(၁) ကာယနုပဿနာသတိပဋ္ဌာန်
(၂) ဝေဒနာနုပဿနာသတိပဋ္ဌာန်
(၃) စိတ်္တာနုပဿနာသတိပဋ္ဌာန်
(၄) ဓမ်္မာနုပဿနာသတိပဋ္ဌာန် တို့ဖြစ်တယ်။
အဲဒီ(၄)ပါးက သတိပဋ္ဌာန်တပါးရှုတာနဲ့ ကျန်(၃)ပါးစလုံးပါဝင်တယ်။
သမီးတို့သိထားရမှာက မဂ်ဖိုဂ်မရောက်အောင်တားတဲ့ အန်္တရာယ် (၅)ချက်ရှိတယ်။
(၁) အမိ၊ အဖကိုသတ်ခြင်း။
(၂) အယူမှားခြင်း(မိစ်္ဆာဒိဋ္ဌိ)
(၃) ဒွိဟိတ်-အသိဉဏ်နည်းခြင်း
(၄) အရိယာကိုပစ်မှားခြင်း
(၅) ဘုရား၏အာဏာစက်ပယ်ခြင်း။
အဲဒီ(၅)ချက်မပြုလုပ်မိအောင် ရှောင်ကြဉ်ရမယ်။ မရှောင်ကြဉ် ရင်တော့ မဂ်ဖိုလ်မရတော့ဘူး။ ပရာနိရတ(၅)ပါးလည်း ပြည့်စုံရမယ်။
(၁) ယုံကြည်တဲ့သဒ်္ဓါတရားလဲရှိရမယ်။
(၂) ကျန်းမာရေးကလည်း ကောင်းရမယ်။
(၃) စိတ်ထားကလည်း မြင့်မြတ်ရမယ်။
(၄) ၀ိရိယ ကြိုးစားအားထုတ်မှုလည်းရှိရမယ်။
(၅) ပညာ အမှားအမှန်ပိုင်းခြားဝေဖန်နိုင်ရမယ်။
အဲဒီ(၁၀)ခုပြည့်စုံရင်တော့ သတိပဋ္ဌာန်တရားပွားများလို့ ရပြီပေါ့။
ကုမာရမင်းသား - မြတ်စွာဘုရားလျှောက်တယ်။
အရှင်ဘုရား - တပည့်တော်သတိပဋ္ဌာန်တရားအားထုတ်ရင် ဘယ်နှစ်ရက် ကျင့်ရင်၊ နိဗ်္ဗာန်ရနိုင်ပါသလဲဘုရား။
မြတ်စွာဘုရားက- (၇)နှစ်၊ (၇)လ၊ (၇)ရက်နဲ့ နိဗ်္ဗာန်မျက်မှောက်ပြုနိုင်တယ်။ ဒီထက်ပိုပြီး အသိဉဏ်လည်းရှိ၊ ပါရမီလည်းပြည့်ရင်တော့ တနေ့လုံးကျင့်ရင် တရားရနိုင်တယ်။ နေ့ဝက်ကျင့်ရင် တောင် တရားရနိုင်တယ်လို့ ဟောကြားတယ်။
ကာယနုပဿနာသတိပဋ္ဌာန် - စစခြင်းအားထုတ်ရမယ်။
အာန-ထွက်လေ-အပါန-၀င်လေ-ထွက်လေ၊ ၀င်လေကို သတိကပ်ပြီး သတိပဋ္ဌာန်ပွား ကာယနုပဿနာ သတိပဋ္ဌာန်နဲ့ ၁၅မိနစ်၊ ၂၀မိနစ်၊ ၃၀မိနစ် အထိ အရင်ဆုံးရှုမှတ်။
နာရီဝက်လောက်ကြာတော့ သမာဓိအားကောင်းလာမယ်။ တဖန် ခန်္ဓာကိုယ်မှာ ဓာတ်ကြီးလေးပါးနှင့် ပေါင်းစပ်ထားတယ်။
(၁) ပထ၀ီဓာတ် - မာသဘော၊ ပျော့သဘော -ထုံ၊ ကျင် - ကိုက်ခဲ
(၂) တေဇောဓာတ် - ပူသဘော၊ အေးသဘော
(၃) အာပေါဓာတ် - ယိုစီးသဘော၊ ဖွဲ့စည်းသဘော
(၄) ၀ါယောဓာတ် - တောင့်တင်း၊ တွန်းကန်၊ လှုပ်ရှားသဘော
ထိုဓာတ်(၄)ပါး သဘောတရားတွေက အမြဲမပြတ်ဖောက်ပြန် ပျက်စီး နေတယ်။ ရှုမှတ်နေစဉ် ငါ့ခြေထောက်နာနေတယ်မှတ် အပယ်သွားရမယ်။ ဘာကြောင့်လဲဆိုရင်
ငါသည် - မိစ်္ဆာဒိဋ္ဌိ
ခြေထောက် - မိစ်္ဆာဒိဋ္ဌိ အမှတ်မှားလို့ အပါယ်သွားရမယ်။ မိနစ်(၃၀) လောက်ရှုပြီးတော့မှ သမာဓိရရင်တော့ ဝေဒနာနုပဿနာ စတင်ရှုပွားရမယ်။ မြတ်စွာဘုရားကဟော-
(၁) ကိလေသာ(ထူ) - ဉဏ်(နည်း) - ကာယနုပဿနာရှု
(၂) ကိလေသာ(ထူ) - ဉဏ်(ထက်) - ဝေဒနာနုပဿနာရှု
ကာယနုပဿနာကတော့(၃၀)မိနစ်လောက်၊ သမာဓိရအောင် စတင်ရှု၊ အဲဒီနောက်မှ မိမိနဲ့သင့်တော်မဲ့ ကမ်္မဋ္ဌာန်းတခုခုအားထုတ်ခိုင်းကာ၊ ရှုခိုင်းတာ။
ခြေထောက်ကျင်၊ တင်ပါးကပူ၊ နှာခေါင်းကယိုစီး၊ လက်ကတွန်းကန် လှုပ်ရမ်းတာကို ဝေဒနာလို့မှတ်တဲ့။
ဒိနောက် မျက်စိ = မြင်
နား = ကြား
နှာခေါင်း = နံ
လျှာ = အရသာ
ကိုယ် = ထိ
စိတ် = သိ
တွေကိုလည်း ဝေဒနာလို့မှတ်။
ဝေဒနာတလုံးမှတ်နေခြင်းသည် ဘုရားရှင်ခေါ်ဝေါ်သမုတ်ခဲ့သည့် ““၀ိဇ်္ဇာမာန-ပညတ်””ဖြစ်ပြီး ဝေဒနာသညာပေးသည်ဟု ခေါ်တယ်။
ဒါကြောင့် ဒူးကိုက်တယ်၊ ဝေဒနာ-ဝေဒနာ-ဝေဒနာ တင်ပါးပူ၊ ဝေဒနာ-ဝေဒနာ-ဝေဒနာ နှာခေါင်းကယိုစီး၊ ဝေဒနာ-ဝေဒနာ-ဝေဒနာ နောက်ကျောကတွန်ကန်လှုပ်ရှားနေရင်၊ ဝေဒနာ-ဝေဒနာ-ဝေဒနာ ဟုမှတ်နေမယ်။
မှတ်သိနေတာက ပေါ်တာ ထင်ရှားတာမှတ်။ ဒူးနာ ဝေဒနာ၊ တင်ပါးကိုက် တင်ပါးရဲ့ ဝေဒနာ တမျိုးတည်း၊ တခုတည်း မှတ်ပါ။ (ပေါ်တာ ထင်ရှားတာမှတ်) မှတ်သိစိတ်တခုတည်းကို ““ဧကောဓမေ်္မာ - ဧကဂ်္ဂတာ””ဟု ခေါ်တယ်။
အဲဒီဝေဒနာစောင့်ကြည့်နေ၊ ဉဏ်နဲ့ကြည့်။ ဝေဒနာအစ ဝေဒနာ အလယ် ဝေဒနာအဆုံး ဖြစ်နေတယ်။ ဖြစ်ပြီးတည် တည်ပြီးပျက် ပါဠိလို ဥပါဒ်၊ ဌီ၊ ဘင် ဖြစ်တည်ပျက်ဖြစ်ပြီး ပျက်သွားတာလေးတွေ့မယ်။
ပျော်မြူးတဲ့ သုခဝေဒနာ မမြဲတဲ့အနိစ်္စ - ဖြစ်ပြီးပျက်
ဆင်းရဲတဲ့ ဒုခဝေဒနာ မမြဲတဲ့အနိစ်္စ - ဖြစ်ပြီးပျက်
မေ့လျော့ ဥပေက်္ခဝေဒနာ မမြဲတဲ့အနိစ်္စ - ဖြစ်ပြီးပျက်
အားလုံးသင်္ခါရတွေ အနိစ်္စ - ဖြစ်ပျက်ရှု။
ဖြစ်သဘော၊ ပျက်သဘောတွေ့ရင် ၀ိပဿနာဉဏ်ဖြစ်တယ်။ အပျက်တကြိမ်တွေ့ရင် စိတ်္တသင်္ခါရတစ်ကြိမ်ချုပ်တယ်။ အဲဒီလို အပျက် တွေ့တဲ့ဉဏ် စိတ်္တသင်္ခါရချုပ်တဲ့ဉဏ်ကို ၀ိပဿနာဉဏ်လို့ ခေါ်တယ်။ နောက်ရှုရင်းနဲ့ ၀ိပဿနာဉဏ်ရင့်လာပြီး၊ ဝေဒနာတလုံးရှုခြင်းဖြင့် ဖြစ်ပျက်မြင်၊ မုန်း၊ ဆုံးသွားတယ်။
အဲဒီလို ဝေဒနာ သညာရှုမှတ်ရာမှ ဝေဒနာပညာသဘောဆိုက် လာတယ်။ ဝေဒနာဆိုတာ ခံစားမှုသဘောပဲ သွား၊ ရပ်၊ ထိုင်၊ လျောင်းစဉ် ဝေဒနာရှုမှတ်နေရင် ဒုက်္ခလက်္ခဏာသိမြင်ပြီး၊ ပုဂ်္ဂလပညတ်နှင့် နာမပညတ် ပါယ်သတ်ပြီး၊ အောက်သံယောဇဉ်(၂)ပါးဖြစ်တဲ့ မိစ်္ဆာဒိဋ္ဌိ(အယူမှား၊ အမှတ် မှားခြင်း)၊ ၀ိစိကိစ်္ဆာ(ယုံမှား သံသယ)ဖြစ်ခြင်းတို့ ပါယ်သတ်ပြီး၊ သောတာပန် ဖြစ်သွားတော့ဒါပဲ။
အနည်းဆုံး သောတာပန်ဖြစ်အောင်လုပ်ရမယ်။ ဒါကြောင့် ဒါန၊ သီလ၊ သမထလောက် အားကိုးမနေနဲ့ ဒါနထက်သီလစောင့်တာပို အကျိုး ကျေးဇူးရှိတယ်။ သီလထက် သမထဘာဝနာက ပိုပြီးအကျိုးကျေးဇူးရှိတယ်။ ဥပမာ-အနိစ်္စသညာ(သမထ) ပွားနေရင်(၂၈)ကမ်္ဘာအပါယ်မလာဘူးလို့ မြတ်စွာဘုရားဟောထားတယ်။ အဲဒီသမထထက် ဘုရားသာသနာနဲ့ ကြုံတုန်း ၀ိပဿနာ(သတိပဋ္ဌာန်)ပွားများကျင့်ကြံအားထုတ်ပြီး၊ သောတာပန်အဖြစ် ရောက်သွားမှသာလျှင် ဧကန်စင်စစ်လူဖြစ်ပြီပေါ့။
နောက်ဆုံး ဖေဖေတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတခုပြောမယ်။ ဖေဖေတို့ အညာဒေသ(စစ်ကိုင်းတိုင်း) အထက်ပိုင်းက (၇၅)နှစ်အရွယ်ရှိတဲ့ အဘိုးကြီးတယောက် ငယ်စဉ်ကစ၍ ဒါနလုပ် သီလဆောက်တည် သမထ ဘာဝနာဆီးဖြန်း၊ ၀ိပဿနာတရားအားထုတ်နေတယ်။ သူ့ရဲ့သမီး(၂)ယောက် ကိုလည်း ဘုရားအဆုံးအမများနဲ့ အမြဲတန်းဆုံးမတယ်။ သမီး(၂)ယောက် ကလည်း သူ့ဖခင်ဆုံးမတဲ့အတိုင်း နေထိုင်ကြတယ်။ ဒါကြောင့် ယဉ်ကျေး သိမ်မွေ့ပြီး မိန်းကလေးပီပီသသနဲ့ သွားလာလုပ်ကိုင်စားသောက်နေတယ်။
တနေ့တော့(၇၅)နှစ်အရွယ်ရှိတဲ့ အဘိုးကြီးသေလောက်မဲ့ရောဂါ ဝေဒနာခံစားနေတယ်။ ဝေဒနာဆိုတာ တရားရှုထားသူ၊ ရှုမထားသူအတူတူ ပြင်းပြင်းထန်ထန်ခံစားနေရတယ်ဆိုတာ သဘောပေါက်။ ဒါပေမဲ့ အဲဒီ (၇၅)နှစ်အရွယ် အဘိုးကြီးက တရားရှုမှတ်နေရင်း ဝေဒနာဖြစ်ပျက်ကို ရှုနေတယ်။ မကြာခင်ဘဲ အဘိုကြီးသေတော့မှာ ဒီတော့ သူ့ဇနီး၊ သူ့သမီး(၂) ယောက်အနားက မခွာဘဲဖခင်ရဲ့ နောက်ဆုံးခရီးစောင့်နေရင်းနဲ့ သမီး(၂) ယောက်က ပုထုဇဉ်ပီပီ ငါတို့အဖေတော့ သေတော့မယ်။ ငါတို့နဲ့ ခွဲခွာရ တော့မယ်ဆိုပြီး သမီး(၂)ယောက်သဲ့သဲ့လေးငိုကြွေးတော့တယ်။ ဒီအခါ ဖခင်လုပ်သူက ငါ့သမီး(၂)ယောက် ဘာကြောင့် ငိုသလဲ။ မငိုကြနဲ့။ ခန်္ဓာရှိသ၍ ဖြစ်ပျက်တွေ့မှာဘဲ။ ဇာတိရှိရင်လည်း မရဏဆိုတဲ့ သေခြင်းက သွားရမှာဘဲ။ သင်္ခါရအားလုံးက ဖြစ်ပျက်တွေဘဲလို့ အိေ
Tuesday, January 3, 2012
Posted by moefamily at 11:59 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment