ဗုဒ်္ဓဂုဏ်တော်များ ပွားများပါ
ဗုဒ်္ဓဂုဏ်တော်များ ပွားများကြသော ပုဂ်္ဂိုလ်တို့သည် အကျိုး တရား(၂)ပါးရရှိနိုင်သည်။ ဒါကြောင့် ဗုဒ်္ဓဂုဏ်တော်ကို နေ့စဉ်နေ့တိုင်း၊ သေသည့်တိုင်အောင် ပွားများပါ။
(၁) စိတ်ကြည်လင်ခြင်း အကျိုး။
(၂) ချမ်းသာစွာ ၀ိပဿနာရှုရခြင်းအကျိုး၊။
ဗုဒ်္ဓ၏ ဂုဏ်တော်(၉)ပါးတို့မှာ
(၁) အရဟံ - ကိလေသာရန်သူတို့ကို သတ်တော်မူသော မြတ်စွာဘုရားပါတကား။
““ဘေးရန် အန်္တရာယ်ကင်းခြင်းအကျိုးရတယ်။””
(၂) သမ်္မာသမ်္ဗုဒေ်္ဓါ- အလုံးစုံသောတရားတို့ကို မဖောက်မပြန်၊ ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရားပါ တကား။
““ခက်ခဲနက်နဲ၍ သူတပါးတို့ သိနိုင်ခဲသောအရာကို
သိနိုင်ခြင်းအကျိုးရတယ်။””
(၃) ၀ိဇ်္ဇာစရဏ သမ်္ပနေ်္နာ - ၀ိဇ်္ဇာသုံးပါး၊ ၀ိဇ်္ဇာရှစ်ပါး၊ စရဏ တဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော် မူသော မြတ်စွာဘုရားပါတကား။
““(သီလ၊ သမာဓိ၊ ပညာ) ပြည့်စုံခြင်းအကျိုးရတယ်””
(၄) သုဂတော - ကောင်းသောစကားကို ဆိုတော်မူသော မြတ်စွာဘုရားပါတကား။
““စကားပြောရာတွင် အောင်မြင်ခြင်းအကျိုး၊ ခရီးသွားရာ၌ အန်္တရာယ်ကင်းခြင်းအကျိုးရတယ်။””
(၅) လောက၀ိဒူ - လောကသုံးပါးကို သိတော်မူသော မြတ်စွာ ဘုရားပါတကား။
““လောကီရေးရာ၊ သိဖွယ်ရာတို့ကို၊ မှန်ကန်စွာအမြန်သိခြင်း အကျိုးရတယ်။””
(၆) အနုတ်္တရော ပုရိသဒမ်္မသာရတိ - လူနတ်တိရစာ်္ဆန်တို့ကို
ယဉ်ကျေးအောင်ဆုံးမတော်မူသော မြတ်စွာဘုရား ပါတကား။
““ဆုံးမစကားပြောရာ၌ကောင်းစွာနားထောင်ခြင်း၊ လိုက်နာခြင်းအကျိုးရတယ်။””
(၇) သတ်္တာဒေ၀မနုဿနံ - နတ်လူတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားပါတကား။
““သူတပါးတို့အား အတတ်ပညာပေးသောအခါ လျင်မြန်စွာတတ်မြောက်ခြင်းအကျိုးရတယ်။””
(၈) ဗုဒေ်္ဓါ - သစ်္စာ (၄)ပါးကို ကိုယ်တော်တိုင်သိ၍၊ သူတပါးတို့ ကိုလည်း သိစေတော်မူသော မြတ်စွာဘုရားပါတကား။
““စာပေ၊ကျမ်းဂန်သင်အံကျက်မှတ်သောအခါ လျင်မြန်စွာတတ်မြောက်ခြင်းအကျိုးရတယ်။””
(၉) ဘဂ၀ါ - ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော မြတ်စွာ ဘုရားပါတကား။
““မိမိ၏အကျိုးနှင့် သူတပါးအကျိုးကို တောင့်တသည့်အတိုင်း ပြည့်စုံစေခြင်းအကျိုးရတယ်။””
ဂဂဂဂဂဂဂဂဂဂ
““သာယာအေးချမ်းသောအိမ်ထောင်စုများအဖြစ်
ရောက်ရှိနိုင်ရန်””
(၁) ကောင်းတာကိုလုပ်ဖို့ အတင်းအကျပ်ပြောနေသည်ထက် မိဘကိုယ်တိုင်က ကောင်းတာတွေချည်းလုပ်ပြပါ။ မိဘလုပ်သလို သားသမီးများက လိုက်လုပ်ပါလိမ့်မည်။
(၂) သားသမီးများကို ကျောင်းထား၊ ထမင်းကျွေးထားရုံနှင့် မိဘ၀တ်္တရားမကျေပါ။ ကောင်းသောလမ်း၊ ကောင်းသော မိတ်ဆွေ အသိုင်းအ၀ိုင်းနှင့် ထိတွေ့အောင် မိဘကလမ်းစရှာ၍၊ ဒုက်္ခရောက်မှ ပြစ်တင်ဝေဖန်တာမျိုး မလုပ်သင့်ပါ။
(၃) ပြစ်တင်ဝေဖန်၊ ကဲ့ရဲ့ရှုတ်ချသည့်အကျင့်သည် ““ မကောင်းသော စရိုက် ”” ဖြစ်ကြောင်း၊ မိဘကိုယ်တိုင်ကလက်ခံပြီး သားသမီး တွေကို ဤစရိုက်မျိုး၊ ဤစိတ်မျိုးမရှိအောင် သွန်သင်ပေး ရပါမည်။
(၄) တစ်ဦးတစ်ယောက်တည်းက၊ တအိမ်ထောင်လုံးကို၊ အာဏာ ယူဆုံးဖြတ်ပြီး၊ မိမိ၏စိတ်ကြိုက်ကိုသာ၊ တအိမ်သားလုံးက လိုက်နာရလျှင်၊ တချက်မှားသည်နှင့် တအိမ်လုံးဒုက်္ခရောက် မည်သာ ဖြစ်သည်။
(၅) မိဘတိုင်း အမြဲမမှန်ပါ။ အချို့သားသမီးများမှာ မိဘများထက် ကောင်းသောအကျင့်များ၊ စိတ်ထားကောင်းများရှိသည်ဟု မိဘတိုင်းက လက်ခံသင့်ပါသည်။ ငါမိဘ၊ ငါပြောသမျှမှန်သည်ဟု၊ တယူသန်စိတ်မရှိသင့်ပါ။
(၆) သားသမီးများကိုအားပေးပါ။ အပြစ်မတင်ပါနှင့်။ တစ်ယောက်၏ မကောင်းအတင်းကို၊ နောက်သားသမီးများကိုမပြောပါနှင့်။ မျှတစွာပြောဆိုအုပ်ချုပ်ပါ။
(၇) မိသားစုနေသော အိမ်သည် ပျော်စရာကောင်း၍ သားသမီးတို့ နေချင်သော အိမ်ဖြစ်ပါစေ၊ အိမ်မှာ သားသမီးတွေများနေလျှင် အန်္တရာယ်ကင်းပြီး၊ အားလုံးစိတ်ချမ်းသာပါမည်။
(၈) မိဘလုပ်သူက သားသမီးတွေကို တန်းတူထား၍ ဆက်ဆံပါ။ စိတ်ကောက်၊ စိတ်ဆိုးခြင်းမျိုးမရှိသင့်ပါ။ သူတို့လေးတွေ၏ ဉာဏ်နှင့် အတွေးအခေါ်က မိမိ(မိဘ)တွေးသလို အသိစိတ်သာ ရှိလျှင်၊ ဘယ်မှာ အမှားလုပ်ပါမည်နည်း။ သူတို့နေရာကနေ၍ တွက်ပါ။ စဉ်းစားပါ။
(၉) အမှားဆိုသည်မှာ လူတိုင်းတွင်ရှိခဲ့သည်။ သူများအမှား၊ သူများအပြစ်ကို ကိုယ်ကမေ့နိုင်၊ ခွင့်လွှတ်နိုင်မှ တဖန်ပြန်လည်၍ အဆင်ပြေစွာ ဆက်ဆံနိုင်မည်။ ထိုင်ဝေဖန်၊ ထိုင်ခန့်မှန်းနေသရွေ့ ဘယ်တော့မျှပြေလည်မည်မဟုတ်ပါ။
(၁၀) သာသမီးကိုတကယ်ချစ်သောမိဘတိုင်းသည် ခွင့်လွှတ်နိုင်ရမည်။ လူတွေ့တိုင်း သားသမီးများ၏ ချို့ယွင်းချက်ကို တဖွဖွ မပြောသင့်ပါ။ တကယ်ချို့ယွင်းချက်ရှိနေရင်တောင်မှ ဖုံးဖိထားရမည်။ တကယ့် အဆင့်အတန်းရှိသော မိဘများသည် ကိုယ့်သားသမီး မကောင်း ကြောင်းတခြားလူကို ဘယ်တော့မှ တရားလွန်မပြောပါ။ မိမိကိုယ်တိုင် သားသမီးများမကောင်း ကြောင်းပြောလျှင်ကား၊ အခြားသူက ဘယ်လောက်ပြော မည်ဆိုသည်မှန်းကြည့်ပါ။
ဂဂဂဂဂဂဂဂဂဂ
““သမီးတို့အတွက် ဖေ့စကား””
သမီးနှစ်ယောက်၊ မစိုး၊ မအိ
ဆုံးမသင့်သည်၊ ချိန်တန်ပြီဟု
အလိုမလိုက်၊ မေတ်္တာပိုက်ကာ
သာမှုနာမှု၊ ရှေ့မရှုဘဲ
အမြဲဆုံးမ၊ သွန်သင်ပြလာ
ဖမေတ်္တာကို၊ စိတ်မှာငြိုငြင်
ပြစ်မမြင်နှင့်။
ဆုံးမတတ်သူ၊ ထိုသည့်လူကို
သူတော်အများ၊ မြတ်တရားဖြင့်
လေးစားကြည်ညို၊ ချစ်အားပိုလျှက်
နှစ်သက်လိုလား၊ အရေးထားကြောင်း
ဘုရားဟောမှာရှိခဲ့၏။
သူတော်မဟုတ်၊ စိတ်ထားယုတ်သူ
ထိုသည်လူကား၊ လေးစားမှုကင်း
ကြည်ညိုရင်းစွဲ၊ မရှိဘဲလျှက်
နှစ်သက်မှုမပြ၊ ဆုံးမတတ်သူ
ထိုသည်လူကို၊ ငြူစူစောင်းမြောင်း
အခွင့်ကောင်းလျှင်၊ ပြစ်တင်ရှုံ့ချ
ဝေဖန်ကြတာ၊ ဓမ်္မတာမို့
မြတ်စွာဗုဒ်္ဓ၊ မြတ်ဓမ်္မကို
ကြည်ညိုလေးစား၊ အရေးထားလျှင်
သမီးတို့ဆုံးမ၊ ဖေ့ဘ၀အား
သမီးမျက်ချယ်၊ ဒေါမကြွယ်ဘဲ
နားလည်ပေးပေါ့၊ ထာဝစဉ်။ ။
လက်ရှိခန်္ဓာ၊ မတွယ်တာနှင့်
နောက်လာဘ၀၊ မတောင့်တဘဲ
ကြောင့်ကြစွဲနှင့်။
အမြဲမပြတ်၊ ၀ိပဿနာ၊ လေ့လာကြိမ်ကြိမ်
အာစိဏ်္ဏကံ၊ ဖြစ်ကြောင်းဖန်မူ
ထိုသည့်လူသား၊ အယူမလွဲ၊ ကတိမြဲ၏။
မီးစွဲလောင်မှ၊ ရေကိုတသော်
မရဖြစ်အင်၊ ပုံနှိုင်းယှဉ်၍
မဂ်္ဂင်သနေ်္ဓ၊ တည်မြဲနေအောင်
မသေခင်က၊ ပြင်ဆင်တောက်လျှောက်
မေ့မပျောက်နှင့်၊ ချွေးပေါက်ယိုစီး
သေခါနီးဝယ်၊ အပြီးမုချ၊ မဂ်္ဂင်ရလိမ့်
ကိစ်္စမလျှော်၊ အကြောင်းပေါ်၍
မတော်တဆ၊ မဂ်မရဦး
ဘ၀ဆုံးစွန်၊ တမလွန်တွင်
ထူးချွန်အံ့လောက်၊ နတ်ပြည်ရောက်၍
မဖောက်မပြန်၊ သောတာပန်စစ်
ဧကန်ဖြစ်၏၊ မလစ်ဝိပဿနာအကျိုးတည်း။ ။
ညည်းညူမရှိ၊ မြဲဂတိနှင့်
သတိမမေ့၊ ချိန်နေ့သိပြန်
မျက်လှန်ကြောဆွဲ၊ မရှိဘဲနှင့်
သေသည့်တောင့်တင်း၊ ပုပ်နံ့ကင်းသည်
ဝိပဿနာအကျိုးတည်း။ ။
- ရှုမှတ်နေသူဟာသတိကောင်းတယ်။
- သေခါနီးမျက်ဖြူလန်ခြင်း၊ အကြောဆွဲခြင်း၊ ညီးညူခြင်းမရှိဘူး။
- ငြိမ်ငြိမ်သက်သက်ကလေး၊ အသက်ထွက်တယ်။
- အပုပ်နံ့လည်းမထွက်ဘူး။
- ကောင်းရာသုဂတိဘုံရောက်တယ်။
- ဒါကြောင့် ၀ိပဿနာတရားကို၊ အချိန်ရတိုင်း အားထုတ်ကြပါ။
သမီးတို့
သမီးတို့ရေးလိုက်တဲ့စာကိုရတယ်။ အားလုံးနေထိုင် ကောင်းကြတယ်ဆိုတာသိရလို့ ၀မ်းသာပါတယ်။ သမီးတို့ပုံမှန်ရေး နေကြစာအချိန်မှန်ရောက်မလာရင်၊ သမီးတို့မေမေက သမီးတို့ဆီက စာမလာသေးဘူးလား။ နေလို့မှကောင်းရဲ့လားပဲဆိုပြီး စိတ်ပူပါ လေရော။ ဒါကြောင့် စာကိုတော့ မှန်မှန်ရေးပါသမီးတို့။
သမီးတို့စာထဲမှာ မြတ်စွာဘုရား၏တရားတော်တွေ
(၁) ဒါနကထာ - လှူဒါန်းပေးကမ်းခြင်းအကျိုးတရား
(၂) သီလကထာ - အကျင့်သီလအကျိုးအပြစ်တရား
(၃) သဂ်္ဂကထာ - ဒါန၊ သီလကြောင့်ရရှိနိုင်သည်
နတ်စည်းစိမ်အကြောင်း
(၄) ကာမနံအာဒီန၀ကထာ - လူနတ်စည်းစိမ်တို့ သာယာဖွယ် ကနည်း၊ ဒုက်္ခဆင်းရဲကများပုံ
(၅) ဆင်းရဲဒုက်္ခပူပန်မှုမှ လွတ်ရန်သမထဘာဝနာ(၄၀)ပွား ပုံအကြောင်း
(၆) ၀ိသုဒ်္ဓိ(၇)ပါးပွားပုံ
(၇) ဥာဏ်စဉ်(၁၀)ပါးကျင့်ပွားပုံ
(၈) မဂ်၊ ဖိုလ်နိဗ်္ဗာန်အကြောင်း - မဂ်္ဂကထာ စသည့် တရား တော်တွေအကြောင်းကို၊ ဖေဖေရှင်းပြလို့ သမီးတို့သဘောပေါက်ပြီ။ တဆင့်ပြန်လည်ပြောပြနိုင်စွမ်းလည်း ရှိပြီ။ တနေ့က သမီးတို့ သူငယ်ချင်းတစ်စုနဲ့တွေ့တော့ သမီးတို့၏ရှင်းပြချက်များကို ဘ၀င် ကျသွားကြတယ်။ အဲဒါတွေကို ဘယ်တုံးကလေ့လာထားသလဲလို့ မေးတော့ သမီးတို့ဖေဖေကျေးဇူးပေါ့ကွလို့ ပြောလိုက်တယ်ဆို။ ပြီးတော့ သမီးတို့က ဖေဖေမေမေကျေးဇူးတွေလည်း
(၁) လူလောကသို့ ပို့ဆောင်ပေးသည့်ကျေးဇူး
(၂) အသက်ရှင်ခွင့်၊ နေထိုင်ခွင့်ရအောင် လုပ်ကိုင်ကျွေးမွေးပေးသည့် ကျေးဇူး
(၃) လူတလုံးသူတလုံးဖြစ်အောင် စာပေသင်ကြားပေးသည့်ကျေးဇူး
(၄) မြတ်စွာဘုရား၏တရားတော်တွေကို ရှင်းပြပေးသည့် ကျေးဇူး တွေလို့ ပြောလိုက်တယ်ဆို။
၎င်းင်းပြင် - မြတ်စွာဘုရားရဲ့ အဆုံးအမများကတော့
(၁) မကောင်းမှုမှန်သမျှကိုရှောင်
(၂) ကောင်းမှုမှန်သမျှကိုဆောင်
(၃) စိတ်ကိုစင်ကြယ်အောင်ထားတို့ဖြစ်တယ်။
ဒီအဆုံးအမအတိုင်းမကောင်းတာကို မလုပ်ဘဲ၊ ရှောင်မယ်။ ကောင်းတာတွေရွေးပြီးလုပ်မယ်၊ မိမိစိတ်ကိုလည်း ထာဝစဉ်၊ စင်ကြယ်အောင်ထားမယ်ဆိုရင် ဘာလိုသေးလဲ။ အမှားအယွင်း ရှိဦးမလား။ အပြစ်တွေကော လုပ်အုံးမလား။ ဒီထက် မိမိရဲ့စိတ်ကိုပါ အမြဲဖြူစင်အောင် ထိန်းသိမ်းမယ်ဆိုရင် မကောင်းမှု အကုသိုလ် ကင်းပြီပေါ့။ နောက် လူတိုင်းလူတိုင်းမှာ အမေ့ဝမ်းထဲကစ၊ ဗီဇဆိုတာရှိတယ်။ ဗီဇဆိုတဲ့မျိုးစေ့(၀ါ)ပင်ကိုစရိုက်ပဲ။ ဒါဘာလဲဆိုရင် ကိလေသာ(၁၀)ပါး(စိတ်ကိုမသန့်စင် ညစ်ညူးစေတဲ့တရား) အဲဒါကတော့
(၁) လောဘ - လိုချင်တပ်မက်မှု
(၂) ဒေါသ - အမျက်ထွက်မှု
(၃) မောဟ - တွေဝေမှု
(၄) မာန - ထောင်လွှားမှု
(၅) ဒိဋ္ဌိ - အယူမှားမှု
(၆) ၀ိစိကိစ်္ဆာ - မဆုံးဖြတ်နိုင်မှု
(၇) ထိန - ပျင်းရိထိုင်းမှိုင်းမှု
(၈) ဥဒ်္ဓစ်္စ - စိတ်ပျံ့လွင့်မှု
(၉) အဟိရိက - မကောင်းမှုပြုရန်မရှက်မှု
(၁၀) အနောတ်္တပ်္ပ - မကောင်းမှုပြုရန်မကြောက်မှု
ဒီကိလေသာတရားတွေကို မလုပ်ဘဲ ထိန်းသိမ်းပေးရမယ်နော်။
(၁) မကောင်းမှုမှန်သမျှကိုရှောင်
မကောင်းမှုတွေကတော့ ဒုစရိုက်(၁၀)ပါးပဲ။
ဒု = မကောင်းသော၊ စရိုက် - အကျင့်
ဒုစရိုက်တရား(၁၀)ပါးကတော့
(၁) ပါဏာတိပါတ - သူအသက်ကိုသတ်ခြင်း
(၂) အဒိန်္နာဒါန - သူဥစ်္စာကိုခိုးယူခြင်း
(၃) ကာမေသုမိစ်္ဆာစာရ - သူသားမယားလွန်ကျူးခြင်း
(၄) မုသာဝါဒ - လိမ်ညာ၍ပြောဆိုခြင်း
(၅) ပိသုဏ၀ါစာ - သူနှစ်ဦးအချစ်ပျက်အောင်ပြောခြင်း
(၆) ဖရုသ၀ါစာ - ကြမ်းတမ်းစွာပြောခြင်း
(၇) သမ်္ဖပ်္ပလာပ - သိမ်ဖျင်းသောစကားပြောခြင်း
(၈) အဘိဇ္ဈာ - သူပစ်္စည်းကိုမတရားသောနည်းဖြင့် ယူဖို့ရာ ကြံစည်ခြင်း။
(၉) ဗျာပါဒ - သူတစ်ပါးသေကြေပျက်စီးအောင်ကြံခြင်း
(၁၀) မိစ်္ဆာဒိဋ္ဌိ - မှားယွင်းသောအယူရှိခြင်း
ဒုစရိုက်(၁၀)ပါး အကျယ်ပွား(၄၀)ရှိ၏။ အဲဒီ ဒုစရိုက် တရား(၄၀)ကတော့
(၁) သာဟတ်္ထိက - ကိုယ်တိုင်ပြုလုပ်ခြင်း(၁၀)ပါး
(၂) အာဏတ်္တိက - သူတစ်ပါးစေခိုင်းခြင်း(၁၀)ပါး
(၃) ၀ဏ်္ဏဘဏန - သူတစ်ပါးပြုသည်ကိုချီးမွမ်းခြင်း(၁၀)ပါး
(၄) သမနညာ - သူတစ်ပါးပြုနေသည်ကို နှစ်သက်ခြင်း(၁၀)ပါး
ဤဒုစရိုက်တရားများကိုရှောင်ကြဉ်ခြင်းသည် ဗုဒ်္ဓ၏ အခြေခံတရားပင်ဖြစ်သည်။ ဒါကြောင့် မကောင်းမှုဒုစရိုက်တရား များကို ရှောင်ကြဉ်ပါ။
(၂) ကောင်းမှုဟူသမျှကိုဆောင်
ကောင်းမှုတွေကတော့ သုစရိုက်တရား(၁၀)ပါးပဲ
သု - ကောင်းသော စရိုက် - အကျင့်
သုစရိုက်တရား(၁၀)ပါးကတော့
(၁) ပါဏတိပါတ - သူအသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ခြင်း
(၂) အဒိန်္နာဒါန - သူဥစ်္စာခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း
(၃) ကာမေသုမိစ်္ဆာစာရ - သူသားမယား ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ခြင်း
(၄) မုသာဝါဒ - လိမ်ညာပြောခြင်းမှ ရှောင်ကြဉ်ခြင်း
(၅) ပိသုဏ၀ါစာ - သူနှစ်ဦးအချစ်ပျက်အောင်ပြောခြင်းမှ ရှောင်ကြဉ်ခြင်း
(၆) ဖရုသ၀ါစာ - ကြမ်းတမ်းစွာပြောခြင်းမှ ရှောင်ကြဉ်ခြင်း
(၇) သမ်္ဖပ်္ပလာပ - သိမ်ဖျင်းစွာပြောခြင်းမှ ရှောင်ကြဉ်ခြင်း
(၈) အဘိဇ်္ဈာ - သူတစ်ပါးပစ်္စည်းကို မတရားသောနည်းဖြင့် ယူရန် ကြံစည်ခြင်းမှ ရှောင်ကြဉ်ခြင်း
(၉) ဗျာပါဒ - သူတစ်ပါးကို သေကြောင်းကြံစည်ခြင်းမှ ရှောင်ကြဉ်ခြင်း
(၁၀) သမ်္မာဒိဋ္ဌိ - မှန်ကန်သောအယူရှိခြင်း
အဲဒီနောက်ပုညကြိယာ(၁၀)ပါး၊ ကောင်းမှုကုသိုလ် တရားကိုလည်း လုပ်ဆောင်ရမယ်။ အဲဒါတွေကတော့
(၁) ဒါန - လှူဒါန်းပေးကမ်းခြင်း
(၂) သီလ - ဥပုသ်သီလဆောက်တည်ခြင်း
(၃) ဘာဝနာ - ကမ်္မဋ္ဌာန်းစီးဖြန်းခြင်း
(၄) အပစာယန - ရတနာ(၃)ပါး၊ မိဘ၊ ဆရာသမားကို ရိုသေခြင်း၊ ပူဇော်ခြင်း
(၅) ဝေယျာဝစ်္စ - ရတနာ(၃)ပါး၊ မိဘ၊ ဆရာသမားတို့၏ အမှုကြီးငယ်ကို ပြုလုပ်ပေးခြင်း
(၆) ပတိ္တဒါန - မိမိပြုသော ကုသိုလ်ကောင်းမှုတို့ကို အမျှပေး ဝေခြင်း
(၇) ပတ်္တာနုမောဒနာ - သူတစ်ပါးပြုသော ကုသိုလ်ကောင်းမှုတို့ကို ၀မ်းမြောက်စွာ သာဓုခေါ်ခြင်း
(၈) ဓမ်္မဿဝနံ - အခါအားလျှော်စွာတရားနာခြင်း
(၉) ဓမ်္မဒေသနာ - သူတစ်ပါးအား တရားဟောပြောဆွေးနွေးခြင်း
(၁၀) ဒိဋ္ဌိဇုကမ်္မ - ကောင်းသောအယူကိုဖြောင့်စွာယူခြင်း
စသည့်အရာတွေပြုလုပ်ရမယ်။
သမီးတို့ မကောင်းမှုမှန်သမျှကျူးလွန်စေမိတဲ့အရာက လောဘ၊ ဒေါသ၊ မောဟတို့ဖြစ်တယ်။ လောဘ၊ ဒေါသ၊ မောဟတည်းဟူသော ရန်သူ(၃)ပါးကိုအောင်နိုင်ဖို့လိုတယ်။ ဒီလို အောင်နိုင်ဖို့ကလည်း မိမိရဲ့ဘ၀တစ်လျှောက်လုံး၊ သူတစ်ပါး အပေါ်စိတ်ကောင်းစေတနာမှန်နဲ့ ကူညီစောင့်ရှောက်ဖို့၊ သတ်္တ၀ါ အားလုံးအပေါ် ချစ်ခင်ကြင်နာဖို့၊ ဥာဏ်ပညာအလင်းရောင်းအား ကောင်းအောင်လုပ်ဖို့လိုတယ်။
(၃) စိတ်ကိုစင်ကြယ်အောင်ထား
စိတ်စင်ကြယ်နေမှ၊ စိတ်ကောင်းတွေကိန်းအောင်မယ်။ စိတ်ကောင်းတွေတည်ရှိနေမှ၊ စိတ်ရိုင်းတွေဖယ်ရှားနိုင်မယ်။ ဒါကတော့ မိမိတို့ဘာသာမိမိတို့ မွေးမြုကြရမှာပဲ။ စိတ်စင်ကြယ် ရေးအတွက် မြတ်စွာဘုရားက မင်္ဂလသုတ်မှာ ဟောထားတယ်။ ““ အာရတီပါပါ ”” မကောင်းမှုမဖြစ်အောင် စိတ်ဖြင့်ရှောင်ခြင်း။ ““ ၀ိရဇံ ”” ကိလေသာမြူကင်းခြင်းကိုလည်း၊ တစ်ဦးအပေါ်တစ်ဦး တပ်မက်စွဲလမ်းခြင်း၊ အမျက်ဒေါသဖြစ်ခြင်း၊ တွေဝေခြင်းကင်းပြီး စိတ်ဟာ ပကတိသန့်ရှင်းပြီးဖြစ်နေရမယ်။ ““ ခေမံ ”” ဘေးကင်းခြင်း၊ ညစ်ညူးစေတဲ့တရားတွေက သတ်္တ၀ါတွေအဖို့၊ ဘေးဒုက်္ခရောက် ကြောင်းတရားတွေပဲ။ ဒီတရားတွေအားလုံးကင်းပြီး ဘေးဒုက်္ခမှန်သမျှ လုံးဝမြူမျှမရှိတော့ဘဲ လုံးဝအေးချမ်းသွားပြီပေါ့။
သမီးတို့ပိုပြီးရှင်းသွားအောင် စိတ်ကောင်းထားရမယ်။ စိတ်ကောင်းစေတနာနဲ့ အရာရာကို လုပ်ကိုင်ရမှာပေါ့။ အရေးကြီး တာက လူတိုင်းမှာပါရှိတဲ့ ကိလေသာတွေသိအောင်လုပ်ရမယ်။ သိပြီဆိုရင် မိမိရဲ့စိတ်ကို မကောင်းမှုဘက်ပါမသွားအောင် ထိန်းထားရမယ်။ ဒိပြင် ကောင်းတဲ့စိတ်နဲ့ ကောင်းမှုတွေ၊ အပြစ် ကင်းတဲ့အလုပ်တွေ၊ ကုသိုလ်ကောင်းမှုတွေကို ကံ(၃)ပါးစလုံးနဲ့ လုပ်ရမယ်။ ဒါကို ““ သတိ ”” နဲ့ကပ်ပြီး အမြဲစောင့်ကြပ်ထိန်းသိမ်း သွားဖို့ပဲသမီးတို့။
ဒီလောက်ဆိုရင် သမီးတို့သဘောပေါက်လောက်ပါပြီ။ တဆင့်ရှင်းပြနိုင်လောက်ပါပြီ။ သတိဆိုတာ ပိုသည်မရှိဘူး။ သူများအပြစ်ကိုမကြည့်နဲ့။ ကိုယ့်အပြစ်ကိုသိပါ။ ငါသည် ငါကြည်ညိုသော ငါဖြစ်သင့်သည်၊ သူတစ်ပါးကိုညာလို့ရတယ်။ ငါကိုငါ ညာမရဘူး။
သမီးတို့၏လိုအင်ဆန်္ဒများ ပြည့်စုံ၍ ကျန်းမာ၊ ချမ်းသာ ကြပါစေ။ ဖေဖေ
နိဒါန၀ဂ်္ဂ သံယုတ် ပါဠိတော်
ပဋိစ်္စသမုပ်္ပါဒ
အ၀ိဇ်္ဇာ ပစ်္စယာ, သင်္ခါရာ၊
သင်္ခါရ ပစ်္စယာ, ၀ိညာဏံ၊
ဝိညာဏ ပစ်္စယာ, နာမရူပံ၊
နာမရူပ ပစ်္စယာ, သဠာယတနံ၊
သဠာယတန ပစ်္စယာ, ဖေဿာ၊
ဖဿ ပစ်္စယာ, ဝေဒနာ၊
ဝေဒနာ ပစ်္စယာ, တဏှာ၊
တဏှာ ပစ်္စယာ, ဥပါဒါနံ၊
ဥပါဒါန ပစ်္စယာ, ဘဝေါ၊
ဘ၀ ပစ်္စယာ, ဇာတိ
ဇာတိ ပစ်္စယာ, ဇရာ , မရဏ, သောကပရိဒေ၀, ဒုက်္ခ, ဒေါမနဿုပါယာသာ သမ်္ဘ၀န်္တိ၊ ဧ၀မေတဿ ကေ၀လဿ ဒုက်္ခက်္ခန်္ဓဿ သမုဒယော ဟောတိ။
(၁) အ၀ိဇ်္ဇာ - သစ်္စာလေးပါးမသိတာ
(၂) သင်္ခါရ - ပြုပြင်ပြောင်းလဲတာ
(၃) ပညာဘိသင်္ခါရ - ကုသိုလ်ကောင်းမှုလွန်ကဲစွာပြုလုပ်ခြင်း
(၄) အပုညာဘိသင်္ခါရ - မကောင်းသောအကုသိုလ်ကို လွန်ကဲစွာ ပြုလုပ်ခြင်း
(၅) အာနိဉ်္စာဘိသင်္ခါရ - သမထ၊ ဘာဝနာပွားများခြင်း
(၆) ၀ိဉာဏ် - ပဋိသနေ်္ဓ၀ိဉာဏ်
(၇) နာမ်၊ ရုပ် - နာမ်နှင့်ရုပ်
(၈) သဠာယတန - မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်စိတ်
(၉) ဖဿ - တွေ့ထိခြင်း
(၁၀) ဝေဒနာ - ကောင်းမကောင်းခံစားခြင်း
(၁၁) တဏှာ - လိုချင်တပ်မက်ခြင်း
(၁၂) ဥပါဒါန် - စွဲလမ်းခြင်း
(၁၃) ကမ်္မဘ၀ - ကာယကံ၊ ၀စီကံ၊ မနောကံပြုလုပ်ခြင်း
(၁၄) ဇာတိ - ပဋိသနေ်္ဓနေခြင်း
(၁၅)ဇရာ၊ မရဏ - အိုခြင်း၊ သေခြင်း။
““သံသရာခရီးသည်””
မင်းတို့လာလည်း ငါမှာဟန့်တားပိုင်ခွင့်မရှိပါ၊
မင်းတို့သွားလည်း ငါမှာဟန့်တားပိုင်ခွင့်မရှိပါ၊
မင်တို့ရပ်လည်း ငါမှာဟန့်တားပိုင်ခွင့်မရှိပါ၊
လာချင်လဲလာ၊ သွားချင်လဲသွား၊
ရပ်ချင်လဲရပ်၊ ထိုင်ချင်လဲထိုင်၊
အိပ်ချင်လဲအိပ်၊ မင်းတို့သဘောပါ။
လာလူလာလဲ လာစမ်းပါစေ မဆီးပေဘူး၊
သွားသူသွားလည်း သွားစမ်းပါစေ မတားပေဘူး၊
ရပ်သူရပ်လည်း ရပ်စမ်းပါစေ မနှင်ပေဘူး၊
ထိုင်သူလည်းထိုင် ထိုင်စမ်းပါစေ မခွဲပေဘူး၊
အိပ်သူလည်းအိပ်၊ အိပ်စမ်းပါစေ မနိုးပေဘူး။
သြော် - တို့တတွေမှာ ခေတ်္တခိုနား၊
ခရီးနားပြီး၊ နိဗ်္ဗာန်သွားသည့်
သံသရာခရီးသည် ဧည့်သည်ချည်းသာ ဖြစ်ကြပါ၏၊
အို- မင်းတို့တတွေ
စိုးရိမ်ပူဆွေး၊ မငိုကြွေးနှင့်တော့
တွေ့ ကြုံဆုံကွဲ၊ ဖြစ်ပျက်မြဲမို့
ဝမ်းနည်း၊ ၀မ်းသာ မဖြစ်ရာဘူး။
အိမ်အိုအိမ်ပျက်၊ စွန့်ခွာပစ်လျက်
အိမ်သစ်အိမ်ကောင်း၊ ရွှေ့ကာပြောင်းလို့
ကားအိုကားစုတ်၊ စွန့်ခွာထုတ်လျက်
ကားသစ်၊ ကားကောင်း၊ ရွှေ့ကာပြောင်းသို့
အမေ့ရုပ်နာမ်၊ ဘ၀ဟန်သည်
သူ့ဝန်သူထမ်း၊ သူ့လမ်းသူသာ
ကမ်္မဿကာ ဘ၀ပြောင်းသွားရှာပြီလေ။
သြော်.... တို့တတွေမှာ
အပ်္ပမာဒ၊ သတိပဋ္ဌာန်တရားအစဉ်ပွား၍
နိဗ်္ဗာန်သွားကြရမည်တကား။
အပ်္ပမာဒေန ဘိက်္ခဝေ သမ်္ပာဒေထ
မမေ့ကြနဲ့၊ သတိထား။
““ဘ၀သံသရာ”” သီချင်း
ဘ၀သံသရာ ... ရှည်လျား ...ထွေပြား ... မနေမနား ... တသွားတည်းသွားကြတာ ... ဘ၀သံသရာတဲ့ ... ရှည်လျား ... ထွေပြား ... မနေမနား ... တသွားတည်းသွားကြတာ...
ခရီးပန်းတိုင်မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တက် ဆက်လက်ထွက်ခွာတာ ... ခရီးပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တက် ဆက်လက် ထွက်ခွာကာ ...
လောဘရယ် ... ဒေါသရယ် ... မောဟရယ် ... အ၀ိဇ်္ဇာ ပစ်္စရာ သင်္ခါရ ... ပျော်လိုက် ... ရွှင်လိုက် ... ငိုကာ ... ရယ်ကာ ... ဘယ်ဟာမတည်မြဲ ... ဖောက်လွဲဖောက်ပြန် အကြောင်းကံ ကာမသကာ ... အော် ... လောဘရယ် ... ဒေါသရယ် ... မောဟရယ် ... အ၀ိဇ်္ဇာ ပစ်္စရာ သင်္ခါရတဲ့ ... ပျော်လိုက်ရွှင်လိုက် ... ငိုကာ ... ရယ်ကာ ... ဘယ်ဟာမတည်မြဲ ... ဖောက်လွဲဖောက်ပြန် ... အကြောင်းကံ ကာမသကာ ...
တွေ့ ကြုံ ... ဆုံကွဲခရီးထဲ ... ၀မ်းနည်း ... ၀မ်းသာ ... ၀ိပ်္ပံတာ ...
ဖြစ်ချင်တာလဲ ... မဖြစ်ရပါ ... မဖြစ်ချင်ပါလဲ ... ဖြစ်ရမှာ ... အော် ... ဖြစ်ချင်တာတွေလဲမဖြစ်ရပါ ... မဖြစ်ချင်တာတွေလဲ ဖြစ်ရမှာ ... ဟင်း(၃၁)ဘုံဝဋ်ကွင်းက ရွတ်ကွင်းကင်း လျှောက်မယ့် တေးတပုဒ်ပါ ... အဲဒါ ... အဲဒါ ... အဲဒါ ... ဘ၀သံသရာ ...
ကမ်္ဘာပေါ်ရှိမြင်တွေ့နေရသော သတ်္တ၀ါအားလုံးနှင့် မမြင် တွေ့ရသော သတ်္တ၀ါအားလုံးတို့သည် သံသရာခရီးသည်များ ဖြစ်ပေသည်။ သံသရာဆိုသည်မှာ ခန်္ဓာ၊ အယတန၊ ဓာတ်တို့ မပြတ်မလပ်၊ မရပ်မနားဖြစ်ပျက်နေသော ဘ၀အစဉ်ကိုခေါ်သည်။ ထိုဘ၀အစဉ်သည် မျက်စိ၊ နား၊ နှားခေါင်း၊ လျှာ၊ ကိုယ်စိတ်တည်းဟူသော ခြောက်ဒွါရတရစပ်ဖြစ်ပျက်နေသော သဘောတရားပင်ဖြစ်သည်။
ကျွန်တော်တို့ဗုဒ်္ဓဘာသာများ၏ ရည်ရွယ်ချက်မှာ သံသရာမှလွတ်မြောက်ရေးပင်ဖြစ်၏။ ထိုလွတ်မြောက်ရေးအတွက် မြတ်ဗုဒ်္ဓသည် (၄၅)၀ါပတ်လုံးနည်းအမျိုးမျိုးဖြင့် လမ်းညွှန်ခဲ့၏။ မြတ်ဗုဒ်္ဓချမှတ်ခဲ့သော လမ်းစဉ်များအနက်၊ မိမိစရိုက်အားလျော်သော နည်းလမ်းကို လိုက်နာကျင့်သုံးရမည်။ သံသရာခရီးသည် (၇)မျိုးရှိသည်။
၎င်းတို့မှာ -
(၁) ငုပ်ပြီးမြှုပ်သွားသောသူ - ဒုဂ်္ဂတိဘုံသားများ
(၂) ပေါ်ပြီးမြှုပ်သွားသောသူ - ပုထုဇဉ်များ
(၃) ပေါ်ပြီးတည်နေနိုင်သောသူ - ကလျာဏပုထုဇဉ်များ
(၄) ပေါ်ပြီးမော်ကြည့်နိုင်သောသူ - သောတာပန်များ
(၅) ပေါ်ပြီးကူးခတ်သွားသောသူ - သကဒါဂါမ်များ
(၆) ကူးပြီးထောက်မိသောနေရာရောက်သူ - အနာဂါမ်များ
(၇) ထောက်မိပြီး၊ တဘက်ကမ်းသို့လှမ်းတက်သွားသောပုဂ်္ဂိုလ် - ရဟန်္တာများ
ဤ(၇)မျိုးတွင် ကျွန်တော်တို့ ဗုဒ်္ဓဘာသာအများစုသည် ပုထုဇဉ်နှင့် ကလျာဏပုထုဇဉ်တို့ အများစုပင်ဖြစ်ပေမည်။
မိမိတို့ရောက်ရှိနေသော အဆင့်မှ အထက်အဆင့်သို့ တက်လှမ်းနိုင်ရန် ကြိုးစားရန်လိုပါသည်။ ယခုရရှိနေသော ဘ၀ကောင်း၊ သာသနာထွန်းကားနေသော အချိန်ကောင်းအရအမိ အခွင့်အရေးယူရန် အရေးကြီး၏။ ““ခွင့်သာတုန်းမှ၊ မရုန်းချင်လျှင် အရှုံးနှင့်ပြင်၊ ရှိသေးလေလိမ့်လား”” ဟူသော သတိပေးစကားကို သတိပြုရပါမည်။ ထို့ကြောင့် သံသရာခရီးတလျှောက်တွင် ချမ်းသာ လွယ်ကူစွာ သွားလာနိုင်ရေးအတွက် ဒါနကိုနည်းလမ်းမှန်ကန်စွာ ပြုလုပ်၍ ကိုယ်ကျင့်သီလကိုလည်း အတိမ်းအစောင်းမခံဘဲ၊ ၀ိပဿနာ ဘာဝနာကို စွဲစွဲမြဲမြဲအားထုတ်ကာ၊ သံသရာခရီးသည် ဘ၀မှ လွတ်မြောက်ရန် ကြိုးစားကြရမည်ဖြစ်ပေသည်။
လူတို့သည် မိမိလမ်းကို မိမိဖောက်ကာလျှောက်လှမ်း နေကြရသော သံသရာခရီးသည်များဖြစ်ကြပေသည်။ ကောင်းသော လမ်းကိုဖောက်၍ ကောင်းသောဒေသသို့ ရည်မှန်းချက်နှင့် လျှောက်လှမ်းနေသူများရှိသကဲ့သို့ မိမိဘယ်လမ်းကိုလျှောက်၍၊ ဘယ်ကိုသွားနေမှန်းမသိဘဲ စမ်းတ၀ါးဝါးဖြင့် တဇွတ်ထိုး လျှောက်လှမ်းနေသူများ၊ အများအပြားပင်ရှိကြလေသည်။
မစိုးသိင်္ဂီဦး - သံသရာခရီးသည်ဆိုတာ ဘာလဲဖေဖေ။
အစဉ်မပြတ်၊ အဖန်တလဲလဲဖြစ်ပြီး၊ သွားနေသောသူများကို ခေါ်တယ်။
မအိသန်္တာချို - သံသရာဘေးဆိုးမှလွတ်ပြီး၊ နိဗ်္ဗာန် ရောက်အောင် ဘယ်ဉာဏ်တွေလဲဖေဖေ။
(၁) ကောင်းတာလုပ်ရင်ကောင်းကျိုးပေးတယ်၊ မကောင်းတာ လုပ်ရင်မကောင်းကျိုးပေးတယ်ဆိုတဲ့ ကမ်္မဿကတဉာဏ်။
(၂) ရုပ်နဲ့နာမ်တို့ကို ကွဲကွဲပြားပြားပိုင်းပိုင်းခြားခြားသိတဲ့ဉာဏ်ကို နာမရူပပရိစေ်္ဆဒဉာဏ်။
(၃) အကြောင်းနဲ့အကျိုးကို သိမ်းဆည်းသိသောဉာဏ်ကို ပစ်္စယပရိဂ်္ဂဟဉာဏ်
(၄) အာရုံနဲ့ဒွါရတိုက်လို့၊ ရုပ်နဲ့နာမ်ဖြစ်ပြီး၊ ပျက်သွားတာကို ၀ိပဿနာဉာဏ်
(၅) သမ်္မ၀ါစာ၊ သမ်္မာကမ်္မန်္တ၊ သမာအာဇီဝဆိုတဲ့ သီလမဂ်္ဂင်(၃)ပါးကို မဂ်ဉာဏ်တို့ဖြစ်တယ်။
မစိုးသိင်္ဂီဦး - သံသရာလည်တယ်ဆိုတာဘာလဲဖေဖေ
ခန်္ဓာ၊ အယတန၊ ဓါတ်တို့မပြတ်ဖြစ်ခြင်းကိုခေါ်တယ်။
ခန်္ဓာငါးပါး (ရုပ်နာမ်နှစ်ပါး)
(၁) ရူပက်္ခန်္ဓာ - ဖောက်ပြန်ပျက်စီးသည့်သဘော - ရုပ်
(၂) ဝေဒနက်္ခန်္ဓာ - ခံစားမှုသဘော - နာမ်
(၃) သညာက်္ခန်္ဓာ - မှတ်သားသည့်သဘော - နာမ်
(၄) သင်္ခါရက်္ခန်္ဓာ - ပြုပြင်စီရင်တတ်သည့်သဘော - နာမ်
(၅) ၀ိဉာဏက်္ခန်္ဓာ - သိမြင်သည့်သဘော - နာမ်
အာယတန(၁၂)ပါး
(က) အတွင်းအာယတန(၆)ပါး - မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်
(ခ) အပြင်အာယတန(၆)ပါး - အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ တွေ့ထိစရာ၊ ကြံသည့်စရာ
ဓါတ်(၁၈)ပါး
အခံဓာတ်(၆)ပါး - မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်၊
အတိုက်ဓာတ်(၆)ပါး - အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ တွေ့ထိစရာ၊ ကြံသည့်စရာ
အပွင့်ဓာတ်(၆)ပါး - မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ယားနာစိတ်၊ တွေ့ထိစိတ်
- မြင်စိတ်တရားသည် မျက်စိနှင့်အဆင်းတိုက်လို့ပေါ်လာတဲ့ မြင်စိတ်တရားပဲဟု ဉာဏ်ထဲရှင်းရင် ၀ိစိကိစ်္ဆာစင်တယ်။
- ဒီမြင်စိတ်တရားဟာ၊ ပုဂ်္ဂိုလ်၊ သူ၊ ငါ၊ ယောက်ျား၊ မိန်းမ၊ မဟုတ်ဘူးဟု ဉာဏ်ထဲရှင်းရင်- သက်္ကာယဒိဋ္ဌိစင်တယ်။
- ဒီဖြစ်ပေါ်လာတဲ့တရားသည် မည်သူကိုမှ အလိုမလိုက်၊ သူ့သဘောအတိုင်းဖြစ်ပြီး၊ ပျက်သွားတာဘဲ။ မခိုင်မြဲဘူးဟု ဉာဏ်ထဲရှင်းရင်၊ ခိုင်မြဲတယ်ဟု ယူဆထားသည့် သဿတ ဒိဋ္ဌိစင်တယ်။
- ဒီဖြစ်ပေါ်လာတဲ့တရားဟာ ပျက်ပြီးနောက်၊ အရာတခု အစားထိုးပြီးပေါ်လာတာ သိရင်၊ ဘ၀ပြတ်တယ်လို့ ယူဆထားတဲ့ ဥစေ်္ဆဒဒိဋ္ဌိစင်တယ်။
မအိသန်္တာချို - တရားအဓိပ်္ပါယ်ကိုလည်း ရှင်းပြပါဦးဖေဖေ
- မြတ်စွာဘုရားက ငါဟာတရားကြောင့် ဘုရားဖြစ်လာတယ် ဆိုပြီး၊ တရားကို ကိုးကွယ်တယ်။ ဒါကြောင့်တရားကို အားကိုးပါ။
- တရားကို ကိုးကွယ်ပါ။ အားထားပါ။ နှလုံးသွင်းရှုမှတ်ပေး။
- ဘယ်တရားဟာ အရေးကြီးဆုံးလဲ။
- မြတ်စွာဘုရားက ““ကာတမောစ ဘိက်္ခဝေ၊ အင်္သခတဂါမိ မဂေ်္ဂါ””
- ရဟန်းတို့ မအိုမနာမသေတဲ့၊ အသင်္ခတဓါတ်ဖြစ်တဲ့ နိဗ်္ဗာန် ရောက်ကြောင်းတရားဟာ ဘယ်တရားဖြစ်သလဲလို့မေးပြီး၊ မြတ်စွာဘုရားက ၀ိပဿနာတရားလို့ဖြေတယ်။
- ၀ိပဿနာဟာနိဗ်္ဗာန်နဲ့ အနီးဆုံးတရားဘဲ။
- ၀ိပဿနာကိုမပြတ်နှလုံးသွင်းအားထုတ်ပါ။
- ၀ိပဿနာဆိုတာ ရုပ်နာမ်ခန်္ဓာတို့၏ ဖြစ်မှု၊ ပျက်မှုတို့ကို မြင်အောင် ရှုပွားတဲ့အလုပ်။
- ကိုယ်က ယား၊ နာ၊ ကျင်၊ ကိုက်ခဲဆိုတဲ့၊ ဒုက်္ခဝေဒနာ ပေါ်တယ်။
- အဲဒီဝေဒနာဟာ၊ ခုနတုန်းကပေါ်တယ်၊ အခုအဲဒီဝေဒနာရှိ သေးလား။
- နောက်စိတ်နဲ့ အကဲခတ်ကြည့်။
- အကဲခတ်တဲ့စိတ်ဖြစ်ပေါ်တဲ့အခါ၊ ယခင်ကပေါ်တဲ့ ဝေဒနာ မရှိတော့ဘူး။
- တစ်ခုချုပ်ပြီး၊ တစ်ခုအစားထိုးပေါ်တယ်။
- ဘယ်ဝေဒနာမှရပ်တည်မနေဘူး။ ခုပေါ်ခုပျောက်။
- ဝေဒနာဟာ - ဘာဝေဒနာပေါ်ပေါ်၊ ပေါ်ပြီးပျောက် သွားတယ်။ ဖြစ်ပြီးပျက်သွားတယ်။
- ဝေဒနာဟာ သူ့သဘောနဲ့သူဖြစ်နေတယ်။
- ပြင်းထန်တဲ့ဝေဒနာလည်းပေါ်တယ်။ သက်သာတဲ့ ဝေဒနာ လည်းပေါ်တယ်။
- ဝေဒနာဟာ ဖြစ်ပြီးပျက်နေတယ်။
- ဝေဒနာဟာ ငါမဟုတ်ဘူး။
- ဝေဒနာဟာ ““အတ်္တတော၊ နသမနုဿတိ””
- ဝေဒနာဟာ ဖြစ်ပြီး၊ ပျက်နေတဲ့ အနိစ်္စတရားကို ပြနေတယ်။
- ဖြစ်ပျက်မြင်အောင်ကြည့်။ ဝေဒနာဖြစ်ပျက်၊ စိတ်ဖြစ်ပျက်၊ ရုပ်ဖြစ်ပျက်။
- ခန်္ဓာငါးပါးဘယ်ခန်္ဓာကြည့်ကြည့်ပေါ်လိုက်၊ ပျောက်လိုက်၊ ဖြစ်လိုက်၊ ပျက်လိုက်၊ ဖြစ်ပျက်တွေပြနေတယ်။
- ဘယ်သူမှ ဝေဒနာနဲ့မကင်းကြဘူး။
- သုခ၊ ဒုက်္ခ၊ ဥပေက်္ခာဝေဒနာသုံးပါး။ ဘယ်ဟာပေါ်ပေါ် ပေါ်လျှင် ပေါ်မှန်းသိအောင်သတိထား။ ဥာဏ်နဲ့ကြည့်။
- ဝေဒနာရှုရင် ဝေဒနာမတွေ့စေနဲ့။
- ဝေဒနာမရှိတာတွေ့ရမယ်။ ဒါမှ အနိစ်္စဥာဏ်ရမယ်။
- ဖြစ်ပျက်မြင်အောင် စူးစိုက်ပေး။
- အားစိုက်တာက သမ်္မာဝါယမမဂ်္ဂင်
- သတိရှိပါ။ သမ်္မာသတိမဂ်္ဂင်
- စိတ်တည်ငြိမ်နေအောင်လုပ်။ စိတ်တည်ငြိမ်မှ သမ်္မာဓိမဂ်္ဂင် ဖြစ်တယ်။
- သမ်္မာဓိကောင်းတော့ ဖြစ်ပျက်မြင်တယ်။
- ဖြစ်ပျက်မြင်ရင် သမ်္မာသင်္ကပ်္ပ၊ သမ်္မာဓိဋ္ဌိ၊ ပညာမဂ်္ဂင်(၂)ပါး၊ သမ်္မာဓိမဂ်္ဂင်က (၃)ပါး။ ပေါင်း(၅)ပါးကို ၀ိပဿနာမဂ်္ဂင် (၅)ပါးလို့လည်း ခေါ်တယ်။
- လောကီမဂ်္ဂင်(၅)ပါးလို့လည်း ခေါ်သေးတယ်။
- ယခင်ပေါ်တဲ့ ဝေဒနာဟာ ယခုမရှိတော့ဘူး။
- ပစ်္စုပ်္ပန်တည့်တည့်ကျအောင်ရှု၊ ရှုတိုင်း၊ ရှုတိုင်း ဝေဒနာဟာ မရှိတော့ဘူး။
- ဝေဒနာပေါ်တာနဲ့၊ အကဲခတ်တဲ့စိတ်တပြိုင်တည်းမဖြစ်ဘူး။ တစ်ခုက အစားထိုးပြီးပေါ်လာတယ်။
- ခန်္ဓာငါးပါး၊ တစ်ပါးပါးဖြစ်ပျက်မြင်အောင်ရှု။
မစိုးသင်္ဂီဦး - သစ်္စာလေးပါးက ဘာတွေလဲဖေဖေ
(၁) အရိယာတို့ထိုးထွင်း၍ သိအပ်သောအမှန်တရားဆင်းရဲမှု - ဒုက်္ခအရိယာသစ်္စာ
(၂) အရိယာတို့ထိုးထွင်း၍ သိအပ်သောဆင်းရဲမှုဖြစ်ပွား ကြောင်းအမှန်တရား - ဒုက်္ခသမုဒယအရိယသစ်္စာ
(၃) အရိယာတို့ထိုးထွင်း၍ သိအပ်သောဆင်းရဲချုပ်မှုအမှန်တရား - ဒုက်္ခနိရောဓအရိယသစ်္စာ
(၄) အရိယာတို့ထိုးထွင်း၍ သိအပ်သောဆင်းရဲချုပ်မှုရောက်ကြောင်း အကျင့်အမှန်တရား - မဂ်္ဂသစ်္စာ
မအိသန်္တာချို - ထိသိရှုမှတ်ရာ၊ သစ်္စာ(၄)ပါးသိခြင်းကိစ်္စ ပြီးမြောက်ကြောင်းရှင်းပြပါအုံးဖေဖေ။
ဝင်လေ၊ ထွက်လေကိုရှုမှတ်သည့် ၀ိပဿနာတရား အားထုတ်ကြသောပုဂ်္ဂိုလ်တို့သည် ၀င်လေထွက်လေတို့၏ ထိမှုတို့ကို ရှုမှတ်ရာ၌ မဂ်္ဂသစ်္စာကိုပွားများခြင်းကိစ်္စ၊ ဒုက်္ခသစ်္စာကိုပိုင်းခြား သိခြင်းကိစ်္စ၊ သမုဒယသစ်္စာကိုပယ်ခြင်းကိစ်္စ၊ တဒင်္ဂနိရောဓသို့ ဆိုက်ရောက်ခြင်းကိစ်္စတို့ ပြီးမြောက်ပါသည်။
ဝိပဿနာတရားအားထုတ်ကြသောပုဂ်္ဂိုလ်တို့သည် ၀င်လေများရှုသွင်းလိုက်၍ ၀င်လေများနှုတ်ခမ်းဖျား၊ နှာသီးဖျား၌ ထိလာသောအခါ ၀င်လေထိသည်ဟု ရှုမှတ်ရသည်။ ရှုထုတ်လိုက်၍ ထွက်လေများ နှုတ်ခမ်းဖျား၊ နှာသီးများတို့၌ ထိလာသောအခါ၊ ထွက်လေများထိသည်ဟု ရှုမှတ်ရသည်။
ရှုမှတ်ခါစမှာ မည်သို့မျှမထူးခြားပေ။ ဆက်ကာဆက်ကာ ရှုမှတ်၍ သမာဓိဥာဏ်ဖြစ်လာက ၀င်လေထိသည်ဟု ရှုမှတ်လျှင် ၀င်လေထိမှုကတစ်ခြား၊ မှတ်သိလိုက်တာကတစ်ခြား၊ ထွက်လေထိ သည်ဟု ရှုမှတ်လျှင် ထွက်လေထိမှုကတစ်ခြား၊ မှတ်သိလိုက် သည်ကတစ်ခြား ကွဲပြားစွာသိလာပေမည်။
ဤကဲ့သို့ ၀င်လေထွက်လေထိမှုများက၊ အာရုံကို မသိတတ်သောကြောင့် ရုပ်တရား၊ မှတ်သိ၊ မှတ်သိလိုက်သည်က အာရုံကိုသိတတ်သောကြောင့် နာမ်တရား၊ ကွဲပြားစွာသိလာပါသည်။ ယင်းကဲ့သို့သိလာခြင်းသည် နာမရူပပရိစေ်္ဆဒဥာဏ် ဖြစ်ပေါ် လာခြင်းဖြစ်သည်။
ဝိပဿနာအားထုတ်ကြသောပုဂ်္ဂိုလ်တို့သည် မရှုမှတ်မီ၊ သီလဆောက်တည်ထားရသည်။ သီလဆောက်တည်ထားလို့၊ သမ်္မာဝါစာ၊ သမ်္မာကမ်္မန်္တ၊ သမ်္မာအာဇီဝဟူသော သီလမ်္မဂ်္ဂင် (၃)ပါးရှုမှတ်ချက်တိုင်း ပါဝင်နေသည်။ ထို့ကြောင့် သီလမဂ်္ဂင်(၃)ပါး ပွားများခြင်းကိစ်္စပြီးမြောက်သွားသည်။
ဝင်လေထိတယ်၊ ထွက်လေထိတယ်ဟု ရှုမှတ်ကြရာ၌၊ ၀င်လေထိမှု၊ ထွက်လေထိမှုများပေါ်လာလျှင် ရှုမှတ်နိုင်အောင် ကြောင့်ကြစိုက် လုံ့လစိုက်ခြင်းသည် သမ်္မာဝါယမ၊ မဂ်္ဂင်ဖြစ်သည်။ ၀င်လေထိမှု၊ ထွက်လေထိမှုများပေါ်လာသောအခါ သတိမမေ့ဘဲရှုမှတ် နေခြင်းသည် သမ်္မာသတိမဂ်္ဂင်ဖြစ်၏။ ၀င်လေထိမှု၊ ထွက်လေထိမှု အစအဆုံးသိသွားခြင်းသည် သမ်္မာသမ်္မာဓိမဂ်္ဂင်ဖြစ်သည်။ ဤကဲ့သို့ သမာဓိမဂ်္ဂင်(၃)ပါး ပါဝင်နေသောကြောင့် ပွားများခြင်းကိစ်္စပြီး မြောက်ပါသည်။
ဝင်လေထိတယ်၊ ထွက်လေထိတယ်ဟု ရှုမှတ်ရာ၌၊ ထိမှုများအပေါ်သို့ မှတ်သိစိတ်များတင်ပေးခြင်းသည် (၀ိတက်) သမ်္မာသင်္ကမ်္ပမဂ်္ဂင်ဖြစ်ပေသည်။ ၀င်လေထိမှု၊ ထွက်လေထိမှုများ အပေါ်သို့မှတ်သိစိတ်ရောက်သောအခါ၊ ထိမှုများကတစ်ခြား၊ မှတ်သိစိတ်ကတစ်ခြား ထိမှုများက အာရုံကိုမသိတတ်သောကြောင့် ရုပ်တရား၊ မှတ်သိစိတ်ကအာရုံကိုသိတတ်သောကြောင့် နာမ်တရားဟု၊ နာမ်နှင့်ရုပ်တို့ကိုပိုင်းခြား၍ အမှန်အတိုင်းသိ သွားခြင်းသည် သမ်္မာဒိဋ္ဌိမဂ်္ဂင်ဖြစ်ပေသည်။ ဤသို့ဖြင့် ပညာမဂ်္ဂင် (၂)ပါးပွားများခြင်းကိစ်္စပြီးမြောက်သွားပေသည်။
ဒုက်္ခသစ်္စာကိုပိုင်းခြား၍သိပုံ
ဝင်လေထိတယ်၊ ထွက်လေထိတယ်ဟု ရှုမှတ်ရာ၌၊ ၀င်လေနှင့်ထွက်လေထိမှုတို့သည် အာရုံကိုမသိတတ်သောကြောင့် ရုပ်တရား၊ မှတ်သိစိတ်များသည် အာရုံကိုသိတတ်သောကြောင့် နာမ်တရား၊ ကွဲပြားပိုင်းခြား၍အမှန်အတိုင်းသိသွားသောအခါ၊ ၀င်လေထွက်လေထိမှုတို့က ရုပ်ဒုက်္ခသစ်္စာ၊ မှတ်သိစိတ်များက နာမ်ဒုက်္ခသစ်္စာဟုသိသောကြောင့် ဒုက်္ခသစ်္စာကိုပိုင်းခြား၍၊ သိခြင်း ကိစ်္စပြီးမြောက်ပါသည်။
သမုဒယသစ်္စာပယ်ခြင်းကိစ်္စပြီးမြောက်ပုံ
ဝင်လေထိတယ်၊ ထွက်လေထိတယ်ဟု ရှုမှတ်ရာ၌၊ မှတ်နေခိုက်၊ အာရုံအမျိုးတို့လိုချင်နေသည့် လောဘတဏှာ - သမုဒယဖြစ်ခွင့်မရ၍၊ သမုဒယသစ်္စာကိုပယ်ခြင်းကိစ်္စ ပြီးမြောက် သွားပေသည်။
နိရောဓသစ်္စာသို့ဆိုက်ရောက်ခြင်းကိစ်္စပြီးမြောက်ပုံ
ဝင်လေထိတယ်၊ ထွက်လေထိတယ်ဟု ရှုမှတ်ရာ၌၊ ရှုမှတ် နေခိုက်မှာ၊ လောဘတဏှာဖြစ်ခွင့်မရ၍ ချုပ်သွားပေသည်။ လောဘ တဏှာချုပ်လို့ လောဘကြောင့်ဖြစ်သည့်စွဲလမ်းခြင်းဥပါဒါန်လည်း ချုပ်သွားပေသည်။ ဥပါဒါန်ချုပ်လို့ ဥပါဒါန်ကြောင့်ဖြစ်သည့်ကံလည်း ချုပ်သွားပေသည်။ ကံချုပ်သွားလို့ ဘ၀လည်း ချုပ်သွားပါသည်။ ဘ၀ချုပ်လို့ ပဋိသနေ်္ဓနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေရခြင်း၊ စိုးရိမ်ပူဆွေးငိုကြွေးရခြင်းဒုက်္ခအမျိုးမျိုးတို့ တဒင်္ဂ၊ တဒင်္ဂ၊ တခဏ၊ တခဏချုပ်ငြိမ်းသွားကြပေသည်။ ဤကဲ့သို့ ချုပ်လို့ နိရောဓသစ်္စာ ဆိုက်ရောက်ခြင်းကိစ်္စပြီးမြောက်သွားပေသည်။
မစိုးသီင်္ဂီဦး - ၀ိပဿနာရှုမှတ်ပြီး၊ ပဋိစ်္စသမုပ်္ပာဒ် ပြတ်ပုံ ရှင်းပြပါဦးဖေဖေ
ပဋိစ်္စသမုပ်္ပာဒ်-သံသရာစက်လည်ပတ်ရာ၌ အ၀ိဇ်္ဇာနှင့် တဏှာသည် မူလအရင်းခံတရားဖြစ်၏။ ထိုတရားကိုပယ်သတ်နိုင်မှ ပဋိစ်္စသမုပ်္ပာဒ်စက်ရဟတ်ကြီးအပြီးပြတ်၍၊ ဒုက်္ခခပ်သိမ်းချုပ်ငြိမ်းရာ၊ နိဗ်္ဗာန်ချမ်းသာသို့ ရောက်ရှိပေမည်။
အ၀ိဇ်္ဇာကြောင့် ပဋိစ်္စသမုပ်္ပာဒ်လည်ပတ်ပုံ
အ၀ိဇ်္ဇာသည် မြင်တိုင်း၊ ကြားတိုင်း၊ နံတိုင်း၊ စားတိုင်း၊ ထိသိတိုင်း၊ ကြံသိတိုင်း ခဏမစဲဖြစ်ပျက်၊ ကုန်ပျက်ကာ နှိပ်စက်နေသည့် ဆင်းရဲများကို၊ မသိသောကြောင့် မြဲတယ်၊ ချမ်းသာတယ်၊ ကောင်းတယ်ဟု အမှားကိုသိနေပေသည်။ ဤကဲ့သို့ အမှားကို သိနေ၍၊ ရဖို့ကိုသာ ကြံစည်ကြသည်။ ကြံစည်သည့်အတိုင်း၊ ကိုယ်နှုတ်တို့ဖြင့်ကံ၊ သင်္ခါရတို့ကိုပြုလုပ်စေဖြစ်စေ၍၊ ပဋိစ်္စသမုပ်္ပာဒ်ကို လည်ပတ်စေသည်။
ဝိပဿနာဖြင့် ပဋိစ်္စသမုပ်္ပာဒ်ဖြတ်ပုံ
ဝိပဿနာရှုမှတ်၍ ဘင်္ဂဥာဏ်သို့ရောက်သောအခါ မြင်တိုင်း၊ ကြားတိုင်း၊ နံတိုင်း၊ စားတိုင်း၊ ထိတိုင်း၊ ကြံစည်တိုင်းတို့၌ မြင်တယ်၊ ကြားတယ်၊ နံတယ်၊ စားတယ်၊ ထိတယ်၊ ကြံစည်တယ်ဟု ရှုမှတ်သော် မှတ်စရာအာရုံနှင့် မှတ်သိစိတ်နှစ်မျိုး ကုန်ပျက် ကုန်ပျက်သွားသည်တို့ကို မြင်ရသည်ဖြစ်၍၊ မမြဲခြင်းအနိစ်္စ၊ ဆင်းရဲခြင်းဒုက်္ခ၊ အစိုးမရခြင်းအနတ်္တတို့သာဖြစ်ကြသည်ဟု အမှန်အတိုင်းသိလို့ အမှားသိအ၀ိဇ်္ဇာချုပ်ပြတ်သွားသည်။ အ၀ိဇ်္ဇာချုပ် ပြတ်ခြင်းကြောင့် သင်္ခါရလည်းချုပ်ပြတ်သွားပေသည်။ ၀ိပဿနာဖြင့် အရင်းခံအ၀ိဇ်္ဇာကိုပယ်သတ်၍ ပဋိစ်္စသမုပ်္ပာဒ် စက်ရဟတ်ကို ဖြတ်လိုက်ခြင်းဖြစ်သည်။
တဏှာကြောင့် ပဋိစ်္စသမုပ်္ပါဒ်လည်ပုံ
တဏှာသည် အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ အာရုံများနှင့်ကြံစည်အပ်သော အာရုံအမျိုးမျိုးတို့၌ သာယာဖွယ်၊ ချမ်းသာတယ်ဟုထင်ကာ လိုချင်တပ်မက်၏။ လိုချင်တပ်မက် ခြင်းကြောင့် စွဲလမ်းခြင်း၊ ဥပဒါန်၊ ဘ၀စသည်တို့ကို ဖြစ်စေ၍၊ ပဋိစ်္စသမုပ်္ပာဒ်စက်ရဟတ်ကိုလည်ပတ်စေသည်။
ဝိပဿနာဖြင့်၊ ပဋိစ်္စသမုပ်္ပာဒ်ဖြတ်ပုံ
ဝိပဿနာရှုမှတ်၍၊ ဘင်္ဂဥာဏ်သို့ရောက်သောအခါ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ ကြုံစည်ရှုပ်သော အာရုံတို့ကို မြင်တယ်၊ ကြားတယ်၊ နံတယ်၊ စားတယ်၊ ထိတယ်၊ ကြံစည်တယ်ဟု ရှုမှတ်သော် မှတ်စရာအာရုံနှင့်မှတ်သိစိတ်နှစ်မျိုးလုံးကုန်ပျက်၊ ကုန်ပျက်သွားသည်ကို တွေ့ရပေမည်။ ကုန်ပျက်ခြင်းဖြင့် နှိပ်စက် နေသော ဆင်းရဲခြင်းဒုက်္ခများသာဖြစ်ပေသည်ဟု သိမြင်လို့ သာယာဖွယ်ချမ်းသာတယ်ဟုထင်မှတ်၍ လိုချင်တပ်မက်သော တဏှာချုပ်ပြတ်သွားသည်။ တဏှာချုပ်ခြင်းကြောင့် ဥပါဒါန်လည်း ချုပ်ပြတ်သွားသည်။ ၀ိပဿနာဖြင့် အရင်းခံတဏှာကို ပယ်သတ်၍ ပဋိစ်္စသမုပ်္ပာဒ်စက်ရဟတ်ကိုဖြတ်လိုက်ခြင်းပင်ဖြစ်သည်။
မအိသန်္တာချို - အရိယာပုဂ်္ဂိုလ်များဖြစ်သော သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန်္တာများ နိဗ်္ဗာန်မျက်မှောက်ပြုအောင်၊ ကျင့်ကြံအားထုတ်သောတရားက ဘာတွေလဲဖေဖေ။
ဝိပဿနာတရားအားထုတ်ခြင်းပဲ။
မဟာစည်ဆရာတော်ဘုရားကြီးညွှန်ပြသောနည်ဖြင့်၊ ၀ိပဿနာတရားအားထုတ်သော ပုဂ်္ဂိုလ်တို့သည် ရှုမှတ်ဖို့ရာ အမှတ်(၃)မျိုးရှိပါသည်။ ယင်းတို့မှာ
၁။ ထိုင်မှတ်သည့်အမှတ်
၂။ စင်္ကြံလျှောက်သည့်အမှတ်
၃။ အထွေထွေအသေးစိတ်အမှတ်တို့ဖြစ်သည်။ ထိုင်မှတ်သည့်အမှတ်ကို““အလှည့်ကျရင်လာခေါ်ပါ””တွင် ပြဆိုထားပြီးဖြစ်ပေသည်။
ကျနော်သည်နံနက်(၅)နာရီအိပ်ယာထပြီး မျက်နှာသစ်စဉ်၊ ကိုယ်စောင့်တရား(၄)ပါးဖြင့်စတင်၊ မျက်နှာသစ်တော်ရေအား ဘုရားလှူဒါန်း
၁။ ဗုဒ်္ဓါနုဿတိ - ကိလေသာအပူခပ်သိမ်းတို့မှ ကင်းငြိမ်းတော် မူသောမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးအား ဤမျက်နှာ သစ်တော်ရေကို လှူဒါန်းပါ၏။
၂။ မေတ်္တာဘာဝနာ - ဤရေကဲ့သို့ သတ်္တ၀ါအများ စိတ်နှလုံး အေးချမ်းကြပါစေ။
၃။ အသုဘဘာဝနာ - မျက်ဝတ်ထွက်ခြင်း၊ ခံတွင်းမှ ပုပ်ရေစီး ထွက်ခြင်းစသည်တို့၊ မသန့်ရှင်း၍ ပစ်ရသောခန်္ဓာကိုယ်ရုပ်၊ အကောင်ပုပ်သည် စက်ဆုပ်ရွံရှာဘွယ်ကြီးပါတကား။ (စား၊ သွား၊ သောက်၊ ပေါက်၊ ၀တ်၊ ချွတ်) အကျိုးယုတ်ခါ မိုးချုပ်ရလေ သည်တကား။
၎။ မရဏနုဿတိ - ငါသည်တစ်နေ့တစ်ည၊ သေဘေးမှ လွတ်မြောက်ခဲ့လေပြီ။ ၀င်လေသည် မထွက်ခင် ထွက်လေသည် မ၀င်ခင်၊ နံနက်၊ နေ့ညအချိန်မရွေးသေနိုင်ပါသည်တကား။ ပြီးနောက် နေ့စဉ်နေ့တိုင်း၊ ဘုရားပင့်၊ ဘုရားရှိခိုး၊ ငါးပါးသီလခံယူ၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်များပွားများ၊ မေတ်္တာပို့၊ အမျှဝေ၊ မေတ်္တာသုတ်၊ မင်္ဂလာသုတ်များကို ရွတ်ဆိုပါသည်။ ၎င်းင်းနောက် ၀ိပဿနာတရားတစ်ကြိမ် အားထုတ်ပါသည်။ ည(၈)နာရီတွင်လည်း တစ်ကြိမ်အားထုတ်ပါသည်။
မြတ်စွာဘုရား၏နောက်ဆုံးစကား။
ဟန်္ဒဒါနိ ဘိက်္ခဝေ၊ အာမန်္တယာမိ
ဝေါ၀ယ၊ ဓမ်္မာ သင်္ခါရာ၊ အပ်္ပမာဒေန သမ်္မာဒေထ။
ဘိက်္ခဝေ - ချစ်သား၊ ချစ်သမီးတို့ ဟန်္ဒဒါနိ - ယခုအခါ၌ ဝေါတုံမှာကံ - သင်ချစ်သားချစ်သမီးတို့အား၊ အာမန်္တယာမိ - နောက်ဆုံးပိတ် စကား မှာတော်မူခဲ့ပါ၏။ သင်္ခါရာ - ရုပ်နာမ်ဓမ်္မသင်္ခါရတရားတို့သည် ၀ယဓမ်္မာ - ပျက်တတ်သည့်သဘောရှိကုန်၏။ အပ်္ပာဒေန - မမေ့သောသတိတရားဖြင့် သမ်္မာဒေထ - နေ့ရောညပါ၊ ဘယ်ခါမစဲ၊ အမြဲနေ့ည ပြည့်စုံကြပါစေသတည်း။
အပါယ်ဆင်းရဲဒုက်္ခမှစ၍၊ အားလုံးစုံသော ဒုက်္ခတို့မှ လွတ်မြောက်ရာ၊ နိဗ်္ဗာန်ချမ်းသာသို့ရောက်ကြောင်း သတိပဋ္ဌာန် ၀ိပဿနာတရားအားထုတ်ကြဖို့ရာမမေ့နဲ့၊ ပြည့်စုံအောင် အားထုတ်ကြ။
မဟာစည်ဆရာတော်ဘုရားကြီး၏ အထွေထွေအသေးစိတ် အမှတ်သည်၊ တံခါးဖွင့်တာ၊ တံခါးပိတ်တာ၊ အိပ်ယာခင်းပြုပြင်တာ၊ အ၀တ်အစားလဲတာ၊ ဖွတ်တာ၊ လျှော်တာ၊ ရေချိုးတာ၊ အိမ်သာ သွားတာ၊ စားဖွယ်သောက်ဖွယ်ရာစားတာ၊ ကိုယ်အမူအရာများ သိမှတ်ခြင်းအမှတ်များဖြစ်သည်။
အထွေထွေအသေးစိတ်အမှတ်ကို၊ ဆက်စပ်အောင် ရှုမှတ်နိုင်ဖို့ရာမှာ၊ မြတ်စွာဘုရားဟောကြားတော်မူအပ်သော သမ်္ပဇညအမှတ်တို့ကိုလိုက်နာ၍ ရှုမှတ်ကြရပေသည်။ သမ်္ပဇည အမှတ်ဟူသည်၊ ကိုယ်အမူအရာအမျိုးမျိုးတို့ကို အမှန်အတိုင်း သိအောင် ရှုမှတ်ရသော အမှတ်မျိုးပင်ဖြစ်သည်။
(၁) သွားနေစဉ် ရှုမှတ်၍တရားရပုံ
ရပ်ရာမှ သွားတော့မည့်အခါ၊ အထူးသတိထား၍ မိမိစိတ်ကို အာရုံပြုကြည့်လိုက်လျှင် သွားချင်သည့်စိတ်တွေဖြစ်နေတာ ထင်ရှား နေတတ်ပေတယ်။ ယင်းသွားချင်သည့်စိတ်ကို ““သွားချင်တယ်၊ သွားချင်တယ်””ဟု ရှုမှတ်ရပေသည်။ ထို့နောက် သွားမည့် ခြေထောက်မူရာဖြစ်ပေါ်ရာမှ၊ ““သွားတယ်၊ သွားတယ်”” ““ဘယ်လှမ်းတယ်”” ““ညာလှမ်းတယ်၊ ကြွတယ်၊ ချတယ်၊ ကြွတယ်၊ လှမ်းတယ်၊ ချတယ်”” ဟု ရှုမှတ်ရသည်။ ကြွတယ်၊ လှမ်းတယ်၊ ချတယ် ဟု ရှုမှတ်သောအခါ ခြေထောက်ပုံသဏ္ဍာန်ကို အာရုံအပြုဘဲ ခွါနိုင်သမျှခွါ၍ ရွေ့နေသည့်သဘောသိအောင် စူးစိုက်ရှုမှတ်ရသည်။
ဆက်ခါဆက်ခါရှုမှတ်၍ သမာဓိဥာဏ်ဖြစ်ပေါ်လာသော အခါ ““ကြွတယ်””ဟု ရှုမှတ်လိုက်သော် အထက်သို့ပေါ့တက် သွားတာ၊ ““လှမ်းတယ်””ဟု ရှုမှတ်လိုက်သော် ရှေ့သို့ပေါ့ပေါ့ပြီး ရွေ့သွားတာ ““ချတယ်””ဟု ရှုမှတ်လိုက်သော် အောက်သို့လေးပြီး ကျသွားသည်ကိုတွေ့ရပေသည်။ ဤကဲ့သို့တွေ့ထိရာ၌ ပေါ့တာကို သိတာက တေဇောဓါတ်နှင့် ၀ါယောဓါတ်တို့သိတာဖြစ်သည်။ လေးတာကိုသိတာကပထ၀ီဓါတ်နှင့်အာပေါဓါတ်တို့သိတာ ဖြစ်သည်။ ဤကဲ့သို့ဖြင့် ဓါတ်ကြီး(၄)ပါးကိုသိခြင်းဖြစ်ပေသည်။
ဤကဲ့သို့ တရားတွေသိပြီး၊ တရားအတွေ့ကောင်းသည်နှင့် အမျှ၊ စိအားထက်သန်လာတတ်သည်။ စိတ်အားထက်သန်စွာဖြင့် ရှုမှတ်၍၊ မှတ်အားတွေပြည့်သွားပါက ဥာဏ်စဉ်များ အဆင့်ဆင့် တက်၍ မဂ်ဖိုလ်တရားထူး တရားမြတ်ကို ရရှိသွားနိုင်ပေသည်။
(၂) ရပ်နေစဉ် ရှုမှတ်၍တရားရပုံ
သွားရာမှရပ်တော့မည့်အခါလည်း အထူးသတိထား၍၊ မိမိစိတ်ကိုအာရုံပြုလိုက်သောအခါ၊ ရပ်ချင်သည့်စိတ်များ ဖြစ်လာသည်။ ယင်းရပ်ချင်သည့်စိတ်ကို ““ရပ်ချင်တယ်၊ ရပ်ချင်တယ်””ဟု ရှုမှတ်သည်။ ထို့နောက် ရပ်သည့်ကိုယ်အမူအရာ ဖြစ်ပေါ်လာမှ ““ရပ်တယ်၊ ရပ်တယ်””ဟု ရှုမှတ်ကြရသည်။
ဤကဲ့သို့ ““ရပ်တယ်၊ ရပ်တယ်”” ဟု ရှုမှတ်သောအခါ၊ ခေါင်း၊ ကိုယ်၊ လက်၊ ခြေထောက်၊ ပုံသဏ္ဍာန်ကို အာရုံမပြုဘဲ ဖယ်ခွါ၍၊ ရပ်ချင်သည့်စိတ်ကလွန်ကဲပြီး၊ တောင့်တင်းနေသည့် သဘောသိအောင် ရှုမှတ်ရသည်။ သမာဓိဥာဏ်ရရှိလာက တောင့်တင်းနေမှုကိုတွေ့သည်၊ ဤကဲ့သို့ တောင့်တင်းမှုတွေ့ ခြင်းသည် ၀ါယောဓါတ်ကိုတွေ့သိရခြင်းဖြစ်သည်။ ထောက်ကန်၊ တောင့်တင်းမှုများတွေ့သိပြီး၊ တရားအတွေ့ကောင်းသည်နှင့်အမျှ၊ စိတ်အားတက်ကြွလာသည်။ ဆက်ခါဆက်ခါ ရှုမှတ်အားပြည့်သွား သောအခါ ဥာဏ်စဉ်အဆင့်ဆင့်တက်၍ ရပ်လျှက်နှင့်ပင် မဂ်ဖိုလ် တရားထူး တရားမြတ်ရရှိသွားနိုင်ပေသည်။
(၃) ထိုင်နေစဉ် ရှုမှတ်၍ တရားရပုံ
ရပ်ရာမှထိုင်ရတော့မည့်အခါတွင်လည်း အထူးသတိထား၍ မိမိစိတ်ကိုအာရုံပြုကြည့်လိုက်လျှင် ထိုင်ချင်သည့်စိတ်တွေ ဖြစ်နေပေသည်။ ယင်းထိုင်ချင်သည့်စိတ်ကို ““ထိုင်ချင်တယ်၊ ထိုင်ချင်တယ်””ဟု ရှုမှတ်ကြသည်။ ထို့နောက် ထိုင်သည့် ကိုယ်အမူအရာများဖြစ်ပေါ်လာရမှ ““ထိုင်တယ်၊ ထိုင်တယ်””ဟု ရှုမှတ်မှတ်ကြသည်။ ထို့နောက် ထိုင်သည့်အရာများဖြစ်ပေါ်လာရမှ ““ထိုင်တယ်၊ ထိုင်တယ်””ဟု ရှုမှတ်ကြရသည်။
ဤကဲ့သို့ ““ထိုင်တယ်၊ ထိုင်တယ်””ဟု ရှုမှတ်သော အခါတွင်လည်း ခေါင်း၊ ကိုယ်၊ လက်၊ ခြေထောက်၊ လက်ပုံ သဏ္ဍာန်များကို ခွါနိုင်သမျှခွါ၍၊ အောက်သို့ရွေ့ကြသွားသော သဘောများကို သိနိုင်သမျှသိအောင် စူးစိုက်ရှုမှတ်ရသည်။ ဆက်ခါဆက်ခါရှုမှတ်၍ သမာဓိဥာဏ်များဖြစ်ပေါ်လာသောအခါ ““ထိုင်တယ်၊ ထိုင်တယ်”” ဟု ရှုမှတ်သောအခါ အောက်သို့ တရွေ့ရွေ့ ကျသွားသည်ကိုတွေ့ရသည့်ပြင် လေးလေးကျ သွားသည်ကို တွေ့ရပေမည်။ ဤကဲ့သို့လေးတာကိုသိခြင်းသည် ပထ၀ီဓါတ်၊ အာပေါဓါတ်တို့တွေ့ထိခြင်းဖြစ်သည်။ ဤကဲ့သို့တွေ့ထိပြီး၊ တရားအတွေ့ကောင်းသည်နှင့်အမျှ စိတ်အားထက်သန်လာပေမည်။ စိတ်အားထက်သန်စွာဖြင့် ဆက်ခါဆက်ခါရှုမှတ်၍ မှတ်အားများ ပြည့်သောအခါ၊ ဥာဏ်စဉ်များ အဆင့်ဆင့်တက်၍ ထိုင်လျှက်နှင့်ပင် မဂ်ဖိုလ်တရားထူးတရားမြတ်ရရှိသွားပေမည်။
(၄) လျောင်းနေစဉ်ရှုမှတ်၍တရားရပုံ
ထိုင်ရာမှ လျောင်းချရမည့်အခါတွင်လည်း အထူး သတိထား၍ မိမိစိတ်ကိုအာရုံပြုလိုက်သောအခါ လျောင်းချင်သည့် စိတ်များဖြစ်နေတာ ထင်ရှားပေသည်။ ယင်းလျောင်းချင်သည့်စိတ်ကို ““လျောင်းချင်တယ်၊ လျောင်းချင်တယ်””ဟု ရှုမှတ်ရပေသည်။ ထို့နောက် လျောင်းသည့်ကိုယ်အမူအရာများဖြစ်ပေါ်လာရာမှ ““လျောင်းတယ်၊ လျောင်းတယ်””ဟု ရှုမှတ်ရပေသည်။
ဤကဲ့သို့ “လျောင်းတယ်၊ လျောင်းတယ်””ဟု ရှုမှတ်သည့် အခါလည်း၊ ခေါင်း၊ ကိုယ်၊ ခြေ၊ လက်ပုံသဏ္ဍာန်များကို ခွါနိုင်သမျှခွါ၍၊ တရွေ့ပြီးတရွေ့ကျသွားသည့်သဘောများကို သိနိုင်သမျှသိအောင် စူးစိုက်၍ ရှုမှတ်ကြရပေသည်။ ဆက်ခါဆက်ခါရှုမှတ်၍ သမာဓိ ဥာဏ်များ ဖြစ်ပေါ်လာသောအခါ “လျောင်းတယ်၊ လျောင်းတယ်””ဟု ရှုမှတ်သည်ရှိသော် တရွေ့ပြီးတရွေ့ကျသွားသည်ကို သိပြီးသည့်ပြင် လေးလေးကျသွားသည်ကိုတွေ့ရသည်။ ဤကဲ့သို့ လေးတာကို တွေ့သိခြင်းသည် ပထ၀ီဓါတ်၊ အာပေါဓါတ်တို့တွေ့သိခြင်းဖြစ်သည်။ ဤကဲ့သို့တွေ့သိလာသောအခါ တရားအတွေ့ ကောင်းသည် နှင့်အမျှ စိတ်အားများထက်သန်လာပေသည်။ စိတ်အားထက်သန် လာသဖြင့်၊ ဆက်ခါဆက်ခါရှုမှတ်၍ မှတ်အားများပြည့်သွားသောအခါ၊ ဥာဏ်စဉ်များအဆင့်ဆင့်တက်၍ ““လျောင်း”” နှင့်ပင် မဂ်ဖိုလ် တရားထူး၊ တရားမြတ်များရနိုင်ကြမည်ဖြစ်ပေသည်။
သံသရာခရီးသည်များသည် ယခုလူဖြစ်လာခိုက် ဒါန - ပေးကမ်းစွန့်ကြဲလှူဒါန်းကြပါ။ သီလ - ဥပုဒ်သီလစောင့်ထိန်းကြပါ။ သမထဘာဝနာ စိတ်တည်ငြိမ်အောင် စောင့်ထိန်းကြပါ။ ၀ိပဿနာ ဘာဝနာ - နိဗ်္ဗာန်မျက်မှောက်ပြုနိုင်အောင် ကျင့်ကြံပွားများအားထုတ် ရပေမည်။
ဒါန + သီလ + သမထ + ၀ိပဿန
ချမ်းသာ အသက်ရှည် စိတ်တည်ငြိမ် ပညာ
ဥစ်္စာပေါ ကျန်းမာ ဘုရားဂုဏ်တော်ပွား ဥာဏ်ထက်မြက်မှု
အဆင်းလှ မေတ်္တာပို့
ပုတီးစိပ်
ကံလမ်း ဈာန်လမ်း ဥာဏ်လမ်း
ပညတ်ရှု ပရမတ်ရှု
ဒါကြောင့်
၁။ ဘုရားစကား၊ လိုက်နာပွား၊ တရားလက်မလွတ်ကြနဲ့။
၂။ ကိုယ်ကြိုက်တာမလုပ်နဲ့။
၃။ ကိုယ်လုပ်သင့်တာလုပ်။
၎။ မဂ်၊ ဖိုလ်၊ နိဗ်္ဗာန်မျက်မှောက်ပြုချင်ရင်တော့ ၀ိပဿနာပွားများ အားထုတ်ခြင်းမှတပါး အခြားမရှိပြီ။ ။
တစ်မဂ်တစ်ဖိုလ်ရနိုင်ကြပါစေ။
ဦးတိုက်ပေါ်
၁၀၂၄၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊
ရန်ကုန်မြို့။
Tuesday, January 3, 2012
Posted by moefamily at 11:49 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment