Saturday, December 24, 2011

မြောက်ဦးမြို့တော်သို့ လာရောက်နိုင်သည့်လမ်းကြောင်းများ

မြောက်ဦးမြို့တော်သို့ လာရောက်နိုင်သည့်လမ်းကြောင်းများ
    ယခုအခါ မြန်မာနိုင့်ငံဋ္ဌ် ခရီးသွားလုပ်ငန်းများ ကျယ်ပြန့်ထွန်းကားလာနေသဖြင့် ပြည်မနှင့်တန်းတူ လမ်းပန်းဆက်သွယ်မှု လုပ်ငန်းလွယ်ကူချောမွေ့လာပြီဖြစ်သည့် ရခိုင်ပြည်နယ်မှ သမိုင်းဝင် ရှေးဟောင်းမြို့တော်ဖြစ်သည့် မြောက်ဦးမြို့သို့ ဘုရားဖူးလာရောက်ကြမည့် ပြည့်တွင်းပြည်ပမှ လေ့လာသူများ၊ဘုရားဖူးများ၊ ခရီးသွားလုပ်ငန်းများနှင့် ဧည့်လမ်းညွှန်များသည် မိမိနှင့်သင့်တော်မည့် ခရီးစဉ်လမ်းကြောင်းများကို ကြိုတင်ရွေးချယ်နိုင်ရန် ဖေါ်ပြလိုက်ပေသည်။
        ရန်ကုန်မှစစ်တွေသို့
            (ကားလမ်းခရီးဖြင့် အမ်းတောင်ကြားလမ်းအတိုင်းသွားရန်)
    ယခုအခါ အသစ်ဖေါက်လုပ်ထားသည့် အမ်းတောင်ကြား လမ်းဘက်မှ ရန်ကုန်-စစ်တွေ ကားလမ်းကြီးအတိုင်း၊ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးကားဂိတ်ရှိ ရိုးမဇာနည်၊ ရိုးမစွမ်းအင်၊ တိုးရတနာ၊ ကင်းစတား ကားဂိတ်များမှ အမြန်ကားများဖြင့် လိုက်ပါလာပြီး ရန်ကုန်-စစ်တွေ ခရီးစဉ် ကြားတွင် ရှိနေသည့် မြောက်ဦးမြို့သို့ ရောက်သည့်အခါ ဆင်းနေခဲ့ရလျှင်လည်းရပါသည်။
        ရန်ကုန်မြို့မှ စစ်တွေမြို့သို့ (ရေကြောင်းခရီးဖြင့်သွားလာရန်)
    အခါအားလျော်စွာ ရန်ကုန်ဆိပ်ကမ်းမှ မြန်မာကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ ထွက်ခွာသည့် ကမ်းရိုးတန်းသွား ခရီးသည်တင် သင်္ဘောကြီးများ ဖြစ်သည့် မအမ်ဗွီဟားခါး၊ အမ်ဗွီမြစ်ကြီးနား၊ အမ်ဗွီတောင်ကြီး သင်္ဘောတို့ဖြင့် စစ်တွေမြို့သို့ လာရောက်ပြီး မြောက်ဦးခရီးစဉ်သို့ ဆက်လက် ထွက်ခွါနိုင်ပေသည်။
        ရန်ကုန်မှ တောင်ကုတ်မြို့သို့ (ကားလမ်းခရီးဖြင့် တောင်ကုတ်တောင်ကြားလမ်း အတိုင်းသွားရန်)
    တောင်ကုတ်တောင်ကြားလမ်းကို ဖေါက်လုပ်အသုံးပြုထားသည့် ရန်ကုန်-တောင်ကုတ် ကားလမ်းခရီးဖြင့် လာရောက်မည်ဆိုလျင် အောင်မင်္ဂလာအဝေးပြေးကားဂိတ်မှ အမ်းရိုးမ၊ ရိုးမသစ်္ဓာ၊ သုခိတာ၊ ရဲအောင်လံ၊ တိုးရတနာ၊ ဒွာရာဝတီ၊ မာရ်သစ်္ဓာ၊ ကြံတိုင်းအောင်၊ အောင်သစ်္ဓာ၊ အနောက်ရိုးမ၊ ရိုးမဇာနည် ကားဂိတ်များမှ အမြန်ယာဉ်ဖြင့် ရန်ကုန်-တောင်ကုတ် ခရီးစဉ်သို့ လာရောက်ပြီး တောင်ကုတ်မြို့တွင် ခရီးတထောက်နားပြီး နေနိုင်ပါသည်။
         တောင်ကုတ်မြို့မှ စစ်တွေမြို့သို့ (ရေလမ်းခရီးဖြင့် သွားရန်)
    တောင်ကုတ်မြို့မှ စစ်တွေမြို့သို့ ထွက်ခွာကြသည့် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးမှ သင်္ဘောကြီးများ၊ အင်းပေါက်ဝကုမ်္ပဏီမှ သင်္ဘောများ၊ မေခ-မလိခ ကမ်းရိုးတန်းအမြန်သင်္ဘေကြီးများနှင့် ပုဂ်္ဂလိကပိုင် မော်တော်ဘုတ်ကြီးများဖြင့် စစ်တွေမြို့သို့ လာရောက်ပြီး စစ်တွေမှ တဆင့် မြောက်ဦးမြို့တော်သို့ ကားလမ်း၊ ရေလမ်းတို့ ဖြင့် သွားရောက်နိုင်ပါသည်။
မှတ်ချက်။    ။အခြေအနေကို လိုက်၍ မေခ-မလိခ ကမ်းရိုးတန်း အထူးအမြန်သင်္ဘောတို့သည် စစ်တွေ၊ မြောက်ဦခရီးစဉ်ကို နေ့ချင်းပြန်ခရီးအဖြစ် အစားထိုး ပြေးဆွဲမှုများလည်းရှိတတ်ပါသည်။
        ရန်ကုန်မှ စစ်တွေသို့ (လေကြောင်းခရီးဖြင့်လာရောက်ရန်)
    ပထမရန်ကုန်မြို့မှ စစ်တွေမြို့သို့ လေယာဉ်ခရီးစဉ်ဖြင့် လာရောက်ရပါမည်။ ရန်ကုန်မြို့ရှိ ကန်းနားလမ်းနှင့် ၃၇ထောင့် နေရာတွင့်ရှိသည့် မြန်မာလေကြောင်းဌာနမှ စစ်တွေမြို့သို့ နေ့စဉ် ပြေးဆွဲလျက်ရှိပါသည်။ င်္.၂၈ ဂျက်လေယာဉ်များ ဗငမ ညြေိေူပေ လေကြောင်းမှ လေယာဉ်ပျံများဖြင့် လက်မှတ်ဝယ်ယူပြီး ရန်ကုန်-စစ်တွေခရီးစဉ်သို့ ပျံသန်းချိန် (၁) နာရီခန့်အတွင်း စစ်တွေမြို့သို့ ရောက်ရှိလာနိုင်ပါသည်။

        စစ်တွေမြို့မှ မြောက်ဦးမြို့သို့ (ကားလမ်းဖြင့်သွားရောက်ရန်)
    စစ်တွေမြို့ မင်းဂံရပ်ရှိ အဝေးပြေးကားဂိတ်မှ ရွှေပြည်သစ်၊ တိုးရတနာ၊ ရိုးမဇာနည်၊ ကင်းစတား နထစမနျ ကားကြီးများ၊ စင်းလုံးငှားကားများဖြင့် မြောက်ဦးမြို့သို့ သွားရောက်နိုင်ပါသည်။
    ကားလမ်းပေါ်တွင် ကစ်္ဆပနဒီမြစ်ကိုဖြတ်ပြီး အဓိကအရေးပါသည့် ကစ်္ဆပနဒီမြစ်ကူးတံတားကြီးကို ဖြတ်သန်းကြရမည် ဖြစ်သည်။ လမ်းခရီးတ၀က်ကျော်ကျော်တွင် ကျောက်တော်မြို့ရှိ သမိုင်းဝင် နာမည်ကျော် ဆုတောင်းပြည့် မဟာမုနိဘုရားကြီး ကားရပ်နားမှုပေးထားစဉ် ၀င်ရောက်ဖူးမျှော်နိုင်ပေသည်။ စစ်တွေမြို့မှ မြောက်ဦးမြို့သို့ ကားလမ်းခရီးဖြင့် (၅)နာရီ ကျော်ကျော်သာ ကြာမြင့်ပေသည်။

        စစ်တွေမြို့မှ မြောက်ဦးမြို့သို့ (ရေလမ်းခရီးဖြင့် သွားရောက်ရန်)
    စစ်တွေမြို့၊ ဆတ်ရိုးကျချောင်းတံတားမှ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ သင်္ဘောကြီးများ၊ ပုဂ်္ဂလိကပိုင် မော်တော်ဘုတ်၊ သင်္ဘောကြီးများ စက်လှေကြီးများဖြင့် မြောက်ဦးမြို့တော်သို့ မွန်းလွဲပိုင်း အချိန်တွင်း ရောက်ရှိအောင် သွားလာလွယ်ကူမှုများ ရှိကြသည်။
    မလိခသယ်ယူပို့ဆောင်းရေး လီမီတက်မှ မလိခအမြန်ယာဉ်လည်းစစ်တွေ၊ မြောက်ဦးခရီးစဉ်သို့ နေ့ချင်းပြန် ခရီးစဉ်အဖြစ် အလျဉ်းသင့်သလို ၀င်ရောက်ပြေးဆွဲမှုရှိလေသည်။

        ဘုရားဖူးမည့် အစီအစဉ်များ
    မြောက်ဦးသည် ငါးရက်ခန့် အချိန်ပေးလေ့လာမည်ဆိုပါက ပြည့်စုံ လုံလောက်နိုင်ပေသည်။ ဤရက်များတွင် သမိုင်းဝင်ရှေးဟောင်းဘုရား၊ ပုထိုး၊ ဂူကျောင်းတို့ကို အသေးစိပ်လေ့လာ ဖူးမြော်ကုသိုလ် ယူနိုင်ပါသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် မိမိနှင့် သင့်တော်မည့်အချိန်ရက်များတွင် အဓိက ဖူးမြော်လေ့လာနိုင်ရန် အစီအစဉ်များကို ဖေါ်ပြလိုက်ပါသည်။
        (၁)ရက်အချိန်ရသူအဖို့ (နံနက်ပိုင်း)
    သျှစ်သောင်းဘုရား၊ အံတော်သိမ်ဘုရား၊ ရတနာပုံ၊ထုက်္ကန့်သိမ်၊လေးမျက်နှာ၊ လောင်ပွန်းပြောက်၊ ခြင်ကိုက်ပိဋကတ်တိုက်၊ ဗောဓိရွှေဂူ၊ရတနာ့မာရ်အောင်၊ သကျမာန်အောင်ဘုရား။
        မွန်းလွဲပိုင်း
    နန်းတော်ကုန်းပြတိုက်၊ ဇိနမာရ်အောင်၊ မင်းခမောင်းပုထိုး၊ အနူမကန်၊ လက်ဆည်ကန်၊ ၀သဲဘုရားကြီး၊ ပန်းဈီးမြောင်းသျှင်ပင်၊ ဘုရားပေါ်၊ လောကမာရ်အောင်။
        (၂)ရက်အချိန်ရသူတို့အဖို့ (နံနက်ပိုင်း)
    မင်္ဂလာဓာတ်ရွှေဂူ၊ ကိုးန၀င်း၊ ၀ိဇယျရံသီ၊ နရတ်စားဘုရား၊ ဒိုင်ကျီကန်၊ ဘောင်းဒွတ်၊ (ဘောင်းဒွတ်သွားရန် မော်တော်ကားလိုပေသည်)
        မွန်းလွဲပိုင်း
    လက်ကောက်ဈီးကျောင်းတိုက်၊ ရွှေကြာသိမ်၊ ရီတန်းခါးဘုရား၊ တေဇရာမ၊ မင်္ဂလမာရ်အောင်။
        (၃)ရက်အချိန်ရသူများအဖို့ (နံနက်ပိုင်း)
    နိဗ်္ဗူဇာ၊ ဘုရားအုပ်၊ ကိုးသောင်း၊ ကြောင်လည်ဒုံခံတပ်၊ တောင်မြင်မိုရ်၊ ညီမတော်ဘုရား၊ သိမ်ကြီးရွှေဂူ။
        မွန်းလွဲပိုင်း
    ဦးမြ၀ါစေတီ၊ ရွှေဂူတောင်၊ ၀န်းတီးနတ်ကွန်းဂူကြီး၊ ရွှေတောင်၊ မြတောင်နှင့် လေသာတောင်ခံတပ်။
        (၄)ရက်အချိန်ရသူအဖို့ (နံနက်ပိုင်း)
လောင်းကြက်မြို့ဟောင်းနေရာများသို့ မော်တော်ယာဉ်ဖြင့် သွားရောက်လေ့လာနိုင်ပါသည်။
        မွန်းလွဲပိုင်း
    ဝေသာလီမြို့ဟောင်းများသို့ မော်တော်ယာဉ်ဖြင့် သွားရောက်လေ့လာနိုင်ပါသည်။
        (၅)ရက်အချိန်ရသူများအဖို့ (နံနက်ပိုင်း)
    ဓည၀တီမြို့ဟောင်းနေရာ (မဟာမြတ်မုနိဘုရားရှိသသည့်ဒေသ)မှ မဟာမြတ်မုနိဘုရားကြီး၊ သမိုင်းဝင်နေရာများ ဂစ်္ဆပနဒီတံတားရူခင်းတို့နှင့် ကျောက်တော်မြို့ရှိ သဘာဝရူခင်းများကို ကြည့်ရူ့ လော့လာနိုင်ပေသည်း
(မှတ်ချက်)။    ။မြောက်ဦးမြို့မှ သွားလိုသည့်နေရာများသို့ မြင်းလှည်း၊ ကားများ လွယ်ကူစွာ ငှားရမ်း အသုံးပြုနိုင်ပါသည်။


   

0 comments: