ငါကာလုံးဝမသိပြီ
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အင်္ကုက်္ကား ကျေးရွာတွင် လယ်သမားကြီးဦးထွန်းလှိုင်၊ လယ်သူမကြီး ဒေါ်ခင်ရီတို့တွင် သားသမီး (၇) ယောက်ရှိသည်။ ၎င်းင်းတို့မှာ မောင်တိုက်ပေါ်၊ မောင်တိုက်ထွန်း၊ မခင်စန်း၊ မောင်မြ၀င်း၊ မောင်မြလင်း၊ မောင်မင်းနိုင်၊ မောင်သက်ဝေထွန်းတို့ ဖြစ်သည်။ ကျနော်သည် သားအကြီးဆုံးဖြစ်သည်။ အဖေနှင့် အမေသည် သားဦးဖြစ်သော ကျနော်အား အချစ်တွေစုပြုံ၍ ပေးခဲ့ကြပါသည်။ သားအကြီးဆုံးဟူသော ရာထူးဖြင့်လည်း မိသားစုတွင်ဦးစားပေးခြင်းခံရပြန်သည်။
ကျနော်ဆယ်တန်းအောင်သောနှစ်မှာပင် ညီ၊ ညီမများကို ကျောင်းထားလိုသော ဆန်္ဒဖြင့် ကျွန်တော် ကျောင်းထွက်ပြီး အဖေနှင့် အတူ လယ်ထဲဆင်းရန် ဆုံးဖြတ်ခဲ့သည်။
ပညာတတ်အောင်သင်ပါသားကြီးရယ်၊ လယ် အလုပ်ကပင်ပန်းလွန်းပါတယ်ဟု အမေကကန့်ကွက်၏၊ မင်းလိုပျော့အိပျော့ဖတ်နဲ့ လယ်အလုပ်နဲ့မဖြစ်ပါဘူးကွာ ဟုအဖေကတားသည်။ ကျောင်းပိတ်ရက်များတွင် အဖေအတွက် ထမင်းပို့ရင်း၊လယ်ထဲလိုက်ဆင်းခဲ့သည်ကိုပင် အဖေကသဘောမကျချင်။အဖေရေထမင်းဆာနေပြီလား၊ ဖိနပ်ကိုခါးကြားထိုးလျက်၊ လက်တစ်ဖက်က ထီးကိုဆောင်း၊ လက်တစ်ဖက်က အဖေ့အတွက် ထမင်းချိုင့်ကို ဆွဲလျက် ကန်သင်းရိုးတစ်လျောက် တုန်တုန်ချိချိဖြင့် လျှောက်လာ သော ကျနော်ကိုကြည့်ပြီး၊ အဖေပြုံးပြရင်း၊ ဟာကွာ မင်းအမေကဘာလုပ်နေတုန်း၊ မိုးရေတွေလည်း တစ်ကိုယ်လုံးစိုရွှဲနေပြီ။ သွား ..သွား တဲဆီကိုအမြန်သွား၊ မီးလှုံနေဦး၊ အအေးမိကုန်တော့မှာပဲကွာတဲ့။ မိုးမလင်းခင်က မိုးစုပ်စုပ်ချုပ်သည်အထိ၊ မိုးထဲရေထဲ နွားများနှင့်အတူ ရုန်းကန်နေရရှာသည့် အဖေက ခဏတစ်ဖြုတ်လယ်ထဲ ဆင်းခဲ့သော ကျနော့်အားအအေးမိကုန်တော့မှာပဲဟု အပြစ်တင်သံဖြင့်ပြောခဲ့ဖူးလေသည်။
တက်္ကသိုလ်ရောက်တော့ ကျနော်ရည်းစား ထားတတ်နေပြီ။ ဤသို့ မိဘလုပ်စာစားပြီး ကျောင်းတက် နေသော ကျနော်ရည်းစားထားသည်ကို အဖေသည် ဆူပူခြင်းမရှိသည့်အပြင် ၊ ငါ့သားကြီးကတကယ်စွံ့တာကွဟု ဂုဏ်ယူလိုက်သေးသည်။လှတာမက်ရင် ညစာခက်တယ် သားရဲ့။ သိပ်အလှအပကြိုက်ပြီး သိပ်လှလွန်းတဲ့ မိန်းကလေး ဟာ လင်သားအတွက် အကြီးမားဆုံးရန်သူထဲမှာ ပါတယ်ကွဲ့ဟုအမေက ကျနော့်ရည်းစားနှင့်ပက်သက်ပြီး ဖြောင်းဖျပြောဆိုသည်။ ကျနော်အား ဆူပူခဲ့ခြင်းမရှိ သော်လည်း အမေသိပြီး မကြာခင်ကာလမှာပင် ထိုမိန်းကလေးသည် ကျနော့်အားရှောင်ခွာသွားခဲ့ လေသည်။
ဆင်စီးပြီးမြင်းရံတာ အမေမြင်ချင်တယ်ဆို။ အခုကျနော့်ကောင်မလေးတွေက တအားချမ်းသာတာ အမေရဲ့။ အမေ့သားသူဌေးသားမက်ဖြစ်မှာကို အမေမမြင် ချင်ဘူးလားဟင် အမေ။
ကျနော်က ရည်းစားနောက် အသစ်တစ်ယောက် ရဲ့ အခြေအနေကို တွတ်တီးတွတ်တာပြောသောအခါ အမေက မချိပြုံးပြုံးလျက် ငါ့သားကြီး ဆင်မစီးရဘဲ ဆင်ချေးကျုံးနေရပါဦးမယ်ကွယ်။ သူတို့ကသိပ်ချမ်းသာ နေရင် သားအနှိမ်ခံရမှာပေါ့။ အမေ ဤမျှသာပြောခဲ့ပါ၏။ မကြာလှပါ။ ထိုမိန်းကလေးသည်လည်း ကျနော့်အား စွန့်ခွာသွားပြန်လေသည်။နောက်ပိုင်းမှ ကျနော်သိရသည်မှာ အမေသည် ပညာတစ်ပိုင်းတစ်စနှင့် ကျနော့်အားမည်သည့် မိန်းကလေးနှင့်မျှ သဘောမတူ နိုင်ကြောင်း ထိုမိန်းကလေး များအား အသိပေးခဲ့ဟန်တူ၏။ ထိုမိန်းကလေးများသည် ကျနော့်ထက်အမေ့ကို ပို၍ နားကျည်းမုန်းတီးသွားကြ၏။ ကျနော့်ဘ၀ရှေ့ရေး အတွက် အမေအမုန်းခံခဲ့ပါသည်။
ကျနော် ဘွဲ့ရကျောင်းဆရာ အ.ထ.က(၁) လသာ၊ရန်ကုန်မြို့မှာဖြစ်ခဲ့ပါသည်။ မိမိရရှိသောလစာ၊ ကျောင်းသားအများစုကို ကျူရှင်သင်၍ စားရမဲ့သောက်ရမဲ့ ကြားမှ ညီအများ၊ နှမ၏သမီးတို့ကို ကျောင်းထားပေးခဲ့ပြီ။ ယခုတော့ ကျနော့်ညီ မောင်တိုက်ထွန်းက ဒေါက်တာ ဦးတိုက်ထွန်း၊ မောင်မြ၀င်းက( မ.ယ.က)ဥက်္ကဋ္ဌဦးမြ၀င်း၊ မောင်မြလင်းက (စည်ပင်ဦးစီးမှူး)ဦးမြလင်း၊ မောင်မင်းနိုင်က ပဲဆီသန့်ဦးမင်းနိုင်၊ မောင်သက်ဝေထွန်းက ဆေးဆိုင်ပိုင် ဦးသက်ဝေထွန်းဟုတဖုံ၊ မခင်စန်း၏ သမီးမလဲ့သန်္တာဖြိုးက စတိုးဆိုင်မှ စာရေးမဟု၎င်းင်း၊ ဘွဲ့အသီးသီးရကြ၍အလုပ် ကိုယ်စီနှင့်ရှိနေပြီ။ အဖေနှင့်အမေတို့ကား ယခုအသက်များ ကွယ်လွန်ကြပြီ။ သားသမီးမြေးတွေကို လာကြည့်စေချင် စမ်းပါဘိ။ အမေ အဖေတို့၏ကျေးဇူးကို သတိရ၍မိဘများ ကျေးဇူးဆပ်သည့်အနေဖြင့် ““ဂုဏ်ထူးကြီးမြတ် ကျေးဇူးဆပ်”” ဓမ်္မဒါန တရားပွဲကို ၂၆.၆.၀၈ နေ့မှာ ကျနော်နှင့် ကျနော်ညီအကို မောင်နှမများစုပေါင်း၍ တရားပွဲကျင်းပ ခဲ့ပါတယ်။ အဖေနှင့် အမေတို့ရောက်ရာဘုံဘ၀က သာဓုခေါ်ကြပါတော့။
ကျနော့်ဇနီးဒေါ်တင်စိန်၊ သမီးကြီး မစိုးသိင်္ဂီဦး သမီးငယ် မအိသန်္တာချို တို့ဖြစ်ပါတယ်။ သမီးနှစ်ယောက် စလုံးက အခုချိန်တော့ ဘွဲ့တွေရ၊အိမ်ထောင်တွေ ကျကုန်ကြပြီ။သမီးတို့နှစ်ယောက်၊ ဇနီးမတင်စိန်တို့နှင့် အတူဧည့်ခန်းတွင်ရောက်ရှိနေကြပြီ။ သည်တွင် ကျနော်က သမီးတို့.... ဘာလဲဖေဖေ.... ဖေဖေဟာ လယ်သမားကြီးဦးထွန်းလှိုင်၊ လယ်သူမကြီး ဒေါ်ခင်ရီတို့ရဲ့ သားနော်။ ဖေဖေက လယ်သမားသား။ သမီးတို့က ကျောင်းဆရာ၊ ဆရာမရဲ့သမီး သိတယ် မဟုတ်လား။ သိပါတယ်ဖေဖေ အေးအဲဒါသိရင် မိဘထက် သားသမီးတွေကပိုပြီးလက်ဝါးစောင်းထက်ရမယ်။ မင်းတို့တတွေရဲ့သား၊ သမီးတွေကိုလည်း ငါတို့ထက် အဘက်ဘက်သာအောင် ပြုပြင်ထိန်းသိမ်းစောင့်ရှောက် ပေးရမယ်။ ဟုတ်ကဲ့ပါ ဖေဖေ။
မစိုးသိင်္ဂီဦး - ဖေဖေဒီနေ့တော့ သမီးတို့ရဲ့ နေရေးထိုင်ရေး၊လုပ်ကိုင်ရေး၊ဘ၀မှာ အနှစ်သာရရှိမည့် စကားတွေ သင်ပြဆုံးမပေးပါဦး။
အေး..အေး.. သင်ပြရမှာပေါ့။
မအိသန်္တာချို - ဘ၀ဆိုတာဘာလဲဖေဖေ ...
ဘ၀ဆိုတာမွေးဖွားခြင်းမှတ်တိုင်မှ သေဆုံးခြင်း မှတ်တိုင်တို့ အကြား၊ သွားလာ လှုပ်ရှားနေထိုင်ရတာကို ခေါ်တယ်။
မစိုးသိင်္ဂိဦး - ဘ၀ရဲ့ရည်ရွယ်ချက်ဘာလဲဖေဖေ... ဘ၀ကို ကျေနပ်ရောင့်ရဲပြီး၊စိတ်ပျော်ရွင်စွာ နေထိုင် ရမယ်၊ ခြကိုပုံပြု ၊ပျားကိုတု ဥစ်္စာစီးပွားနာနာစုရမယ်။ပညာမရှိ အသိကင်းကွာ၊ရတနာရှိတာသော်မှ ရှုံးရသ သည်တဲ့။ မင်းတို့တွေက ပညာရှိပြီးဆိုတော့ ဒီလောက်တော့ နားလည် ပါတယ်နော်။ ပြီးတော့ စိတ်ချမ်းသာအောင်လည်း နေထိုင်ရမယ်၊ စိတ်ချမ်းသာခြင်းအကြောင်းရင်းဟာ စည်းစိမ်ဥစ်္စာမဟုတ်ပါဘူး၊ စိတ်ကိုဘောင်ဘင် မခတ်အောင် ထားခြင်းဖြစ်တယ်။စိတ်ထားလဲဖြူစင်ရမယ်၊ စိတ်ထားဖြူစင် လိုလျင် လူတို့သည်မကောင်းမှုပြုလုပ်ရန်ရှက်ခြင်း၊ ကြောက်ခြင်းတရားတို့နဲ့ ပြည့်စုံရန်လိုအပ်တယ်နော်။လူတိုင်းဟာအကောင်းချည်းပဲဖြစ်ချင်တယ်။ ဖြစ်လာသမျှ အကောင်းဆုံး ဖြစ်အောင်ကြိုးစား။ လောကမှာ ဖြစ်ချင် တာနဲ့ဖြစ်သင့်တာကိုမှားမသွားအောင်နေ။ အချိန်ကို စနစ်တကျသုံးစွဲတတ်ပါက၊ ဘ၀တွင် အောင်မြင်မှု သရဖူ ဆောင်းနိုင်တယ်။ လောကတွင် အောင်မြင်ကျော်ကြား သူတို့ကားခံနိုင်ရည် အပြည့်အ၀ရှိသူများသာဖြစ်တယ်။ မအိသန်္တာချို - ဘ၀တိုးတတ်မြင့်မားအောင် ဘယ်လိုလုပ်ရမလဲ ဖေဖေ ...
စီးပွားရေး၊ ရာထူး၊ ဆုံးရှုံးတာဟာ အကြီးမားဆုံးဆုံး ရှုံးမှုမဟုတ်ဘူး၊ကိုယ့်ရင်ထဲက အမြင့်မြတ်ဆုံး၊ စိတ်ထား ဆုံးရှုံးတာဟာ အကြီးမား ဆုံးဆုံးရှုံးမှုပဲ။ ကိုယ့်ကိုကိုယ်၊ ကိုယ်လေးစားမှု၊ ယုံကြည်မှုဟာ ကိုယ့်ဘ၀တိုးတက်ရေး အတွက် အရေးအကြီးဆုံးဖြစ်တယ်။ ကံကိုယုံပါ။ ဒါပေမယ့် စိုက်ခင်းကိုတော့ ရေလောင်းရမယ်၊ ကိုယ့်အမှားကို ကိုယ့်အမှားပါလို့ လက်ခံပြီး၊ ပြင်ရဲတဲ့ သတ်္တိဟာ အကြီး မားဆုံးကောင်းတဲ့ရလာဒ်ပဲ ။ ကိုယ့်ကိုကိုယ် ကိုယ်လေးစားမှု ရှိသူဟာ ကိုယ့်ဂုဏ်သိက်္ခာကို အသက်နဲ့ လဲမည်၊ ငွေနဲ့ မလဲဘူး၊ အလုပ်များများလုပ်ဖို့ထက်၊ အလုပ်ကိုစေတနာ မှန်မှန်နဲ့ လုပ်ဖို့ကအရေးကြီးတယ်။ မဖြစ်မနေလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ အောင်မြင်မှု အတွက်အရေးအကြီးဆုံး ဖြစ်တယ်၊ တာဝန်ကျေရုံမလုပ်နဲ့ နည်းနည်းပိုလုပ်ပါ။ မှတ်ဥာဏ်ကောင်းရုံနဲ့ ပညာတတ် မဖြစ်ဘူး။ ဆက်စပ်ပြီး တွေးခေါ်စဉ်းစားတတ်မှဖြစ်တာ။ ကိုယ့်သားသမီးတွေကို ပေးနိုင်တဲ့ အမွေတွေထဲမှာ ရိုးရိုး သားသားကြိုးကြိုး စားစားလုပ်ချင်တဲ့ စိတ်ပေးတာ အကောင်းဆုံးပဲ။ စည်းကမ်းနဲ့နေ စည်းကမ်းနဲ့ ပြောတတ်သူဟာ အင်အား ကြီးမားပြီး သြဇာရှိတယ်။ ကိုယ်လုပ်တဲ့အလုပ်ကို၊ မချစ်သူဟာ စစ်မှန်တဲ့ အောင်မြင်မှု မရဘူး။
ဒါကြောင့်
(၁) ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ၊ မှန်မှန်လုပ်၊ ကုပ်ကုပ်နေ
(၂) မိဘဆရာ၏ အဆုံးအမ မြေ၀ယ်မကျနားထောင်
(၃) ကိုယ့်ဘ၀ကို နားလည်၊ရည်ရွယ်ချက် ပန်းတိုင် မပျောက်စေနဲ့။
(၄) သူတော်ကောင်းနဲ့ပေါင်းသင်း၊ သူယုတ်မာနဲ့ မပေါင်းသင်းနဲ့။
(၅) အပေါင်းအသင်းကြောင့် ဂုဏ်တက်တယ်
(၆) အပေါင်းအသင်းကြောင့် ဂုဏ်ပျက်တယ်ဆိုတာ သိထားကြ။
တကယ်ကြီးပွားတိုးတက်ချင်သလား။ ရင်ထဲအသဲထဲမှာ တိုးတက်ချင်တဲ့ ““ဆန်္ဒ”” တကယ်ရှိဖို့လိုတယ်။ ပြင်းပြသော ဆန်္ဒကို ပထမဆုံးမွေးမြူရမယ်။
ဆန်္ဒ၀တော၊ ကိံနာမ၊ ကမ်္မံ၊ နသိဇ်္ဈတိ။
(ပြင်းပြသော ဆန်္ဒရှိသူအဖို့၊ မပြီးနိုင်သောအရာမရှိ) ဆန်္ဒရှိရုံနဲ့မလုံလောက်သေးဘူး၊ အဲဒီဆန်္ဒကို အကောင် အထည်ဖော်ဖို့၊ နည်းလမ်းရှိဖို့လိုသေးတယ်။ လုပ်နည်း ကိုင်နည်း တွေသိရမယ်။ ကိုယ်လုပ်ချင်တဲ့ လုပ်ငန်းဆိုင်ရာ ကိစ်္စ တွေကို စာတွေ့၊ လက်တွေ့၊ ကျွမ်းကျင်အောင် လေ့လာသင်ယူရမယ်။ ကောင်းမကောင်း သင့်မသင့်ဝေဖန် ပိုင်းခြားနိုင်ပြီး၊ စူးစမ်း ဆင်ခြင်နိုင်ဖို့အတွက် အသိပညာတွေ ရှိဖို့လိုတယ်။ ဒါဆိုရင်တော့ လုပ်ငန်းစရုံပဲ။
ပညာဝတော၊ ကိံနာမကမ်္မံ၊ နသိဇ်္ဈတိ။
(ပညာရှိသူအဖို့၊ မပြီးစီးနိုင်သည့်အရာဟူသည်မရှိ) ဆန်္ဒလည်းရှိပြီ ၊နည်းလမ်းလည်း ရှိပြီဆိုရင်တော့ လုပ်ငန်း စရတော့မှာပေါ့။ လုပ်တဲ့ အခါမှာ လျော့ရိလျော့ရဲလုပ်လို့ မရဘူး။ လုံ့လ၀ိရီယစိုက်ထုတ်ပြီး၊ ကြိုးစားပြီးလုပ်ရမယ်။ အပင်ပန်းအဆင်းရဲခံရမယ်။
ဝိရီယ၀တော၊ ကိံနာမကမ်္မံ ၊နသိဇ်္ဈတိ။
(၀ိရီယရှိသောသူမှာ မပြီးနိုင်သော အရာဟူသည်မရှိ)။ ဘယ်လုပ်ငန်းမဆို၊ တစ်ကြိမ်တည်းနဲ့အောင်မြင်ချင်မှ အောင်မြင်မယ်၊ လုပ်ရင်းကိုင်ရင်း အခက်အခဲတွေ ပြဿနာတွေ တွေ့ရဦးမှာပဲ၊ ဒီလိုတွေ့တဲ့အခါမှာ စိတ်ပျက်လက်ပျက်နဲ့ လက်လျော့လိုက်ရင်တော့ ရည်မှန်းချက်ဘယ်တော့မှ ရောက်မှာမဟုတ်ဘူး။ အခက်အခဲတွေရင်ဆိုင်နိုင်ဘို့ ခိုင်မာတည်ကြည်တဲ့ စိတ်ရှိ ရမယ်။ အောင်မြင်အောင်လုပ်မယ်ဆိုတဲ့ ဇွဲ၊ စိတ်ဓါတ်၊ သိနိ္နဌာန် စိတ်နဲ့ကြိုးစားရမယ်။ ဒါဆိုရင် သင်ဘာဖြစ်ချင်လဲ။ ဖြစ်ကိုယ်ဖြစ်ရမယ်။
စိတ်္တ၀တော၊ ကိံနာမကမ်္မံ၊ နသိဇ်္ဈတိ။
( စိတ်ဓါတ်ကြံခိုင်သူဟာ ၊မပြီးနိုင်သော အရာမရှိ ) ထပ်တလဲလဲဆုံးရှုံးစေကာမူ၊ ထပ်မံလုပ်လေ့ရှိသူမှာ လောက၌ ကြီးပွားကြကုန်သည်သာများ၏။ မည်သည့် အလုပ်ကိုဘဲလုပ်လုပ် စိတ်နေစိတ်ထားသည်ပမာန ဖြစ်သည်။ကြိုးစားသူသည် မဖြစ်နိုင်သောအရာဟူသည်မရှိ၊ ကြိုးစားသူသည်တနေ့နေ့အောင်မြင်ကြီးပွားမယ်။ အားမလျော့နဲ့ အားတင်းထားပါ။ ကြိုးစားမြဲကြိုးစားပါ။ထပ်၍ ထပ်၍ကြိုးစားပါ အောင်မြင်ကြီးပွားမယ်၊ ကြိုးစား သူအတွက်၊ ဆင်းရဲဒုက်္ခဘေးဖယ်ပေးမယ်။ ချမ်းသာသုခ ဆိုတာ ပေါ်ပေါက်လာမယ်။ လောကမှာနေရတာ မပျော်ဘူး ဆိုသူဟာ သူကိုယ်သူအသုံးမကျတဲ့ကောင်ဟု ထုပ်ဖော် ခြင်းသာဖြစ်တယ်။ စိတ်ဆင်းရဲနေရင်အလုပ်တစ်ခုလုပ်ပေါ့။ အချိန်နဲ့စိတ်ကို အနားမပေးနဲ့ ၊ဗျာမများနဲ့၊ မတွေးနဲ့၊ နောက်မဆုတ်နဲ့၊ မပျင်းနဲ့၊ မကြောက်နဲ့၊ အလုပ်များများ လုပ်သူသည်ပျော်ရွှင်နေမည်သာဖြစ်တယ်။ ဒါကြောင့် ဘ၀တိုးတတ်မြင့်မားချင်ရင်တော့ ဖေဖေ ပြောတဲ့အတိုင်း လုပ်ရမယ်နော်။
မစိုးင်္သီဦး - ဘ၀မှာ အထွဋ်အထိပ် ရောက်အောင် ဘယ်လိုနေထိုင်လုပ်ကိုင်ရမလဲဖေဖေ...
ဘ၀မှာအထွဋ် အထိပ်ရောက်ချင်ရင်တော့
(၁) ကြာမြင့်စွာအလုပ်လုပ်။
(၂) မရပ်မနားအလုပ်လုပ်။
(၃) အကြွင်းအကျန်မရှိအလုပ်လုပ်။
(၄) ရိုရိုသေသေ၊ လေးလေးစားစား အလုပ်လုပ်။
(၅) ပျော်ပျော်ပါးပါး အလုပ်လုပ်
အဲဒီအတိုင်း လုပ်ရင်တော့ အထွဋ်အထိပ်ရောက်မှာ သေချာတယ်။ လူမှာကြီးစရာ နှစ်မျိုးရှိသေးတယ်။ အသက်ကြီးရင်ကြီး မကြီးရင်သိက်္ခာကြီးမယ်။
အသက် သိက်္ခာကြီးစရာ၊ လူမှာနှစ်မျိုးရှိ
အသက်ကြီးရုံ၊ အားမစုံ
အကုန်ကြောက်ရ၏။
အသိမကြွယ်၊ အကျင့်ကွယ် အိုပယ်ဖြစ်သွား၏။
အကျင့်သိက်္ခာကြီးမှသာ
ထယ်ဝါခန့်ညား၏။
တရားပြည့်ဝ၊ အရိပ်ရ
မုချချမ်းသာ၏။
ပြီးတော့ အသိဥာဏ်တရား၊ မရှိငြားက
အမှားကိုပင်၊ အမှန်ထင်ကာ
ဆင်ခြင်မရှု၊ ထင်တိုင်းပြု၏။
ပြောမှသိ၊ ထိမနာ
သာမနေ၊ သေမခင်
ဤလေးအင် ၊လူတွင်မကျင့်ရာတဲ့။
တဖန် - လူဘ၀အောင်မြင်ရေးအတွက် ကျင့်သုံး လိုက်နာရမည့်အရာကတော့။
(၁) ပေးကမ်းထောက်ပံ့ပါ။
(၂) ချစ်ဖွယ်၊ နှစ်လိုဖွယ်သောစကားဆိုပါ။
(၃) သူ့အကျိုးကို ပြီးမြောက်အောင်ဆောင်ရွက်။
(၄) ကိုယ်နဲ့ထပ်တူပြု မူဆက်ဆံပါ။
အဲဒီလိုလုပ်ရင်တော့ မင်းတို့ရဲ့ဘ၀ဟာ အောင်မြင် သွားမှာသေချာတယ်။
နောက် လူ့ဘ၀ကို သုညနဲ့ နှိုင်းချင်သေးတယ်။သုညဟာ ဘာမှတန်ဘိုးမရှိဘူး။ရှေ့ကတန်ဖိုးပေါင်းမှ တန်ဘိုးက တက်တက်လာတာ။ ရှေ့ကတန်ဘိုးပေါင်းကို ပေါင်းရမယ်။ အဲဒါကတော့ အသိဥာဏ်ပညာပဲ။ လူ့ဘ၀ကို သုညနဲ့ နှိုင်းဆိုချင်သည်။
သုညဟူသည်
တန်ဘိုးမည်မျှမရှိကလည်း
တစ်နှင့်ပေါင်းသော်
ပေါင်းသည့်တန်ဘိုးသူ့ဝယ်တိုး၏။
နှစ်နှင့်ပေါင်းသော်
ပေါင်းသည့်တန်ဘိုးသူ့ဝယ်တိုး၏။
သုံး၊ လေး၊ ငါး
စသည်အားဖြင့် ပေါင်းလျင်ငြားလည်း
ပေါင်းသည့်တန်ဘိုး သူ့ဝယ်တိုး၏။
ထိုမှတဖန် -နှုတ်လိုက်ပြန်သော်
ပုံမှန်မူလ-ရောက်ရပြန်လျက်
သုညပြန်ဖြစ်သွားပြန်သည်။
လူ့ဘ၀ဆိုသည်မှာ
သည်လိုပါတည်၊ မွေးလာစက
သုညပမာ၊ လာခဲ့ပါသည်။
ပညာရွှေငွေ ပေါင်းလိုက်လေမှ
ခြေနေမြင့်မားလာကြသည်။
သေဆုံးသောအခါ
ပညာရွှေငွေ၊ မကျန်ခြေပါ
ပျောက်ကုန်ပါ၏။
ခန်္ဓာကိုယ်ချည်း အထီးတည်းမှ၊
ထွက်သွားရသည်
သုညပမာပါတကား။ ။
မအိသန်္တာချို - လောကတွင်အောင်မြင်ရန် အတွက် ဘယ်အရာအရေးအကြီးဆုံးလဲ ဖေဖေ .....
မိမိကိုယ်ကို ယုံကြည်မှုဟာ အရေးကြီးဆုံးပေါ့။
မစိုးသိင်္ဂီဦး - ဘယ်လိုအရာကို မိတ်ဆွေ ကောင်းလို့ခေါ်သလဲဖေဖေ .....
ရိုးသားခြင်း၊ ကြိုးစားခြင်းဟာ မိတ်ဆွေကောင်းပဲ။
မအိသန်္တာချို - ပစ်္စုပ်္ပန်ဘ၀ချမ်းသာအောင် ဘယ်လိုနေထိုင်ရမလဲ ဖေဖေ .....
ပစ်္စုပ်္ပန်ဘ၀ ချမ်းသာချင်ရင်တော့
(၁) ထကြွလုံ့လ ၀ီရိယနဲ့ပြည့်စုံရမယ်။
(၂) မပျောက်ပျက်အောင်ထိန်းသိမ်းနိုင်ရမယ်။
(၃) ပညာရှိသူတော်ကောင်း၊ မိတ်ဆွေကောင်းနဲ့ ပေါင်းသင်းနေထိုင်ရမယ်။
(၄) မျှတအောင် သုံးဆောင်မှုနဲ့ပြည့်စုံရမယ်။
မစိုးသိင်္ဂီဦး - တမလွန်ဘ၀ချမ်းသာအောင် နေထိုင်နည်းကကောဖေဖေ .....
(၁) ရတနာသုံးပါးတို့၏ဂုဏ်၊ ကံကံ၏အကျိုးကို ယုံကြည်သော သဒ်္ဓါနှင့်ပြည့်စုံရမယ်။
(၂) ကိုယ်ကျင့်သီလနှင့်ပြည့်စုံရမယ်။
(၃) ပေးကမ်းစွန့်ကြဲခြင်းနဲ့လည်းပြည့်စုံရမယ်။
(၄) ထိုးထွင်း၍သိသောအသိဥာဏ်လည်းရှိရမယ်။
ဒီအပြင်၊ သုံးစွဲနည်းကတော့
(၁) တစ်ပုံကို စားဝတ်နေရေးအတွက်သုံး။
(၂) နှစ်ပုံကို စီးပွားရေး(အရင်းနှီးမြှုပ်) တွက်သုံး။
(၃) ကျန်တာကို ဘေးအန်္တရာယ် နှင့်ဝေဒနာတွက်သုံး။
ပစ်္စုပ်္ပန်၊ တမလွန်ချမ်းသာနည်းနဲ့ သုံးစွဲနည်းတွေသိရင်တော့ ဘ၀အတွက် ဘာမှ ပူပင်ကြောင့်ကြစရာမလိုတော့ဘူး၊ မင်းတို့ရဲ့ ဘ၀မှာ ထိပ်တန်းရောက်သွားမယ်။ လူကဘ၀မှာ ကျေနပ်စရာဖြစ်ပြီး၊ ပျော်ပျော်ရွှင်ရွှင်နေနိုင်မှာပေါ့။ မအိသန်္တာချို - ဘ၀မှာစိတ်ချမ်းသာအောင် ဘယ်လိုနေထိုင်ရမလဲ ဖေဖေ .....
မိမိရဲ့ စိတ်ချမ်းသာချင်ရင်တော့
(၁) ငါကြီးပွားဖို့၊ ငါချမ်းသာဖို့၊ အတ်္တစိတ်အရင်းခံမပြုနဲ့
(၂) ကြံစည်သော်လည်းမဖြစ်၊ မကြံစည်သော်လည်း ဖြစ်သည် ဟူသော သဘောတရားနှလုံးသွင်း
(၃) ဣသာ၊ မစ်္ဆရိယ ဟူသော အယုတ်တရားများပယ်၊ ဒေ၀ဓမ်္မဖြစ်သောဟိရိ၊သြတပ်္ပတရား(၂)ပါး
လက်ကိုင်ထား
(၄) သက်ရှိသက်မဲ့ အပေါ် စွဲလမ်းနှစ်သက်ခြင်းပယ်
(၅) လောကဓံတရားနဲ့ လူတိုင်းတွေ့ကြုံရစမြဲဖြစ်၊
ကံသာလျှင်အမိ၊ ကံသာလျှင်အဖ ဟူသောသဘော တရားအစဉ်သတိထားပါ။
စိတ်ချမ်းသာပြီပေါ့။ သမီးတို့ဘ၀မှာနေနည်းထိုင်နည်း၊ လုပ်နည်းကိုင်နည်းတွေတော့ပြီးလောက်ပါပြီ။ ကျန်ရှိ သေးတာကတော့ ဘ၀မှာ အနှစ်သာရရှိမည့် စကားပဲ ကျန်တော့တယ်။
အနှစ်သာရရှိမည့်စကားကတော့ -
လူတိုင်းအတွက် အကောင်းဆုံးအရင်း အနှီကား ရတနာသုံးပါး၊ ကံကံ၏ အကျိုးကို ယုံကြည်ခြင်း။
ကောင်းသောအကျင့် သုစရိုက်တရား (၁၀) ပါးသည် စင်ကြယ်သန့်ရှင်းချမ်းသာခြင်းဖြစ်သည်။
အရသာဟူသမျှတို့တွင် အကောင်းဆုံးသော အရသာကား မှန်ကန်စွာ ပြောဆိုသော သစ်္စာစကား ဖြစ်တယ်။
အသက်မွေးသူတို့တွင်၊ ပညာဖြင့် အသက် မွေးသူမှသာ အမြတ်ဆုံးဖြစ်ပေတယ်။
ဗုဒ်္ဓဘာသာတို့၏ အခြေခံပဓာနတရားသည် နိဗ်္ဗာန်သို့ရောက်ရန် အကြောင်းရင်းဖြစ်သည်။ လူတိုင်း လူတိုင်း အလိုအပ်ဆုံး အတောင့်တဆုံးကတော့ နိဗ်္ဗာန် ရောက်ကြောင်းတရားပဲ။ နိဗ်္ဗာန်ဆိုတာ အမြဲနိစ်္စတည်ရှိ နေသော သိန်္တိသုခ အသင်္ခတ ဓာတ်သဘောဖြစ်တယ်။ ဒီတော့ မိလိန်္ဒမင်းကြီး၏ လျှောက်ထားချက်နှင့် အရှင်နာဂသေန တို့၏ ဖြေကြားချက်ကို ရှင်းပြမယ်။ မိလိန်္ဒမင်းကြီး - အလုံးစုံသောသူတို့သည် နိဗ်္ဗာန်ကို ရနိုင်ကြကုန်ပါသလား။
အရှင်နာရသေန - အို မင်းမြတ် အဘယ်သို့ မျှလူတိုင်းသည် နိဗ်္ဗာန်ကို မရနိုင်ကြ၊ ရအောင်ကြိုးစားသူ၊ အောင်မြင်သူတို့မှ သာလျှင် ရရှိပေ၏။ အကြင်သူသည် သီလသမာဓိနှင့် ပညာအကျင့်တို့ကို စနစ်တကျ၊ နည်းမှန် လမ်းမှန်ကြိုးပမ်း အားထုတ်ပါလျှင်၊
(က) သိအပ်သော ဒုက်္ခသစ်္စာတရားတို့ကို ဥာဏ်ဖြင့် ရှေု့ရှု၍ ပိုင်းပိုင်းခြားခြားသိ၏။
(ခ) ပယ်အပ်သော သမုယသစ်္စာတရားတို့ကိုပယ်၏။
(ဂ) ပွားများအပ်သောမဂ်္ဂသစ်္စာတရားတို့ကိုပွား၏။
(ဃ) မျက်မှောက်ပြုအပ်သော နိရောဓသစ်္စာတရား တို့ကို မျက်မှောက်ပြုဆိုက်ရောက်၏ ထိုသို့ သောသိ၊ပယ်၊ဆိုက်၊ပွား(၄)ပါးတရားကိုကျင့်ကြံ အားထုတ်သူမြင့်မြတ်ပုဂ်္ဂိုလ် သာလျှင်နိဗ်္ဗာန်ကို ရောက်ရပေတယ်။
အရှင်နာဂသေနမထေရ်မြတ်ကြီး ဟောကြား တော်မူရာ သိ၊ ပယ်၊ ဆိုက်၊ ပွားများကို သစ်္စာတရား(၄) ပါးဟုခေါ်တယ်၊ မြင့်မြတ်သော အရိယာ ပုဂ်္ဂိုလ်ကြီးများ တို့သာလျှင် ထိုးထွင်းသိမြင်ကြသော ကြောင်းကျိုး ဖြစ်စဉ်အမှန်သစ်္စာ ဖြစ်၍ အရိယာသစ်္စာ ဟုခေါ်တယ်။
(က) ဒုက်္ခသစ်္စာ - ဆင်းရဲခြင်းအမှန်တရား။
ခဏခဏမွေးရ၊ အိုရ၊ နာရ၊ သေရ ၊ချစ်သူတို့နဲ့ ကွဲရ ၊ကွာရ ၊မုန်းသူတို့နဲ့ အတူနေရ၊ လိုချင်သည်ကိုမရ၊ မလိုချင်သည်ကိုရ စသည့် ဓမ်္မစကြာတရားလာအရာတို့ကား ကိုယ်စိတ်နှစ်ပါးလုံးကို ဆင်းရဲစေခြင်း ဒုက်္ခအမှန်ဖြစ်၏။ ထို့ကြောင့် ဒုက်္ခသစ်္စာ ဆင်းရဲခြင်းအမှန်တရားဟုခေါ်၏။ ယင်းတို့ကို အမြဲ သိနေအောင်ကြိုးစားနေရမည်။ ဆင်ခြင်နေရမည်။ဒုက်္ခကို ဒုက်္ခမှန်း ဆင်းရဲကို ဆင်းရဲမှန်း သိလျင် အမှန်တရားကို သိခြင်းမည်၏၊ ထို့ကြောင့် ဒုက်္ခသည်သိရမည့် တရား ဖြစ်တယ်။
(ခ) သမုဒယသစ်္စာ - ဆင်းရဲဖြစ်ကြောင်း အမှန်တရား။
ဆင်းရဲဒုက်္ခတရားသည်အကြောင်းမဲ့ဖြစ်လာသည် မဟုတ်၊ အကြောင်းကြောင့် ဖြစ်လာသည် အကျိုးတရား သာလျှင် ဖြစ်၏။ ဆင်းရဲမှန်သမျှသည် အကျိုးတရား သာလျှင် ဖြစ်၏၊ဆင်းရဲမှန်သမျှသည် နှစ်သက်မှု၊ လိုချင်မှု၊စွဲလမ်းမှု၊ သိမ်းပိုက်လိုမှု၊ ရယူလိုမှုစသည့် လောဘတဏှာကြောင့် သာလျှင် ဖြစ်ပေါ်လာရ၏။ ယင်းကြောင့် ဆင်းရဲခြင်း၏ လက်သည်အမှန်မှာ ထိုလောဘ တဏှာ( သမုဒယ)သာလျှင် ဖြစ်တော့၏။ နှစ်သက်၊ တပ်မက်စွဲလမ်း၍ လိုချင်သည်ကို ရအောင် အားထုတ်၏ ကြိုးစား၏။ ရလျှင် ထိန်းသိမ်းရ ပြုပြင်ရ၊ စောင့်ရှောက်ရ စသည့်ဒုက်္ခ၊ မရလျှင် ဖြစ်စေရပြီး ဆုံးရှုံးလျှင်ဖြစ်စေ၊ နှမြောရ ၊ကြေကွဲရ၊ ၀မ်းနည်းရစသည့် ဒုက်္ခများဖြစ်၏။ ယင်းဒုက်္ခ၏ လက်သည်တရား တဏှာ နည်းအောင် ကြိုးစားရမည်၊ ချိုးနှိမ်ရမည်။ ပယ်သတ်ရမည်။ သို့မှသာဒုက်္ခခပ်သိမ်းချုပ်ငြိမ်း မည်ဖြစ်၏။ ထို့ကြောင့် တဏှာလောဘ(သမုဒယ) သည်ပယ်ရမည့်တရားဖြစ်တယ်။
(ဂ) နိရောဓသစ်္စာ - ဆင်းရဲချုပ်ခြင်းအမှန်တရား။
ဒုက်္ခ၏တရားခံ တဏှာလောဘ(သမုဒယ) အကြွင်း မရှိတော့အောင် အပြီးအပြတ်စွန့်လွတ်စေခြင်းပင်ဖြစ်၏ တဏှာနယ်မြေမှ လွတ်မြောက်သွားပြီးဖြစ်၍တဏှာမှ လုံးဝကင်းပြတ်၍ သွားလေပြီ။ တဏှာမရှိခြင်းကို နိ+၀ါန = နိဗ်္ဗာန် ၊နိဗ်္ဗာန်ဟုခေါ်တယ်။ နိဗ်္ဗာန်သည် တဏှာမရှိခြင်း အမှန်ဖြစ်၍ နိရောဓ သစ်္စာမည်ပေ၏။ ထို့ကြောင့် သမုဒယ ချုပ်ရာ နိရောဓသည်ဆိုက်ရောက်စေသည့်တရားဖြစ်တယ်။
(ဃ) မဂ်္ဂသစ်္စာ - ဆင်းရဲချုပ်ကြောင်း အကျင့်ကောင်း အမှန်တရား
ဒုက်္ခချုပ်ရာနိရောဓသို့ဆိုက်ရောက် ကြောင်းအကျင့် မှန်ကို မဂ်္ဂသစ်္စာဟုခေါ်၏။ ကောင်းရာ ဘုံဘ၀၊ သုဂတိ ဌာနနှင့်နိရောဓခေါ် နိဗ်္ဗာန်သို့သွားရာ လမ်းကြောင်း ဖြစ်သောကြောင့်၊ မဂ်္ဂ-မဂ် ဟုခေါ်၏ မဇ်္ဓျိမ အလယ်အလတ် လမ်းကြောင်း ““ဒုက်္ခနိရောဓ ဂါမိနိ ပဋိပဒါ”” ဟုခေါ်၏။ ယင်းလမ်းကြောင်းရှစ်သွယ်ရှိ၏။ မဂ်္ဂင်ရှစ်ပါးဟုခေါ်၏။ဤသည်ကို အကျဉ်းချုပ်သော် သီလ၊သမာဓိ၊ပညာ ဟု (၃) ပါးရှိ၏။ အကျယ်ချဲ့သော် သုတ်္တန်၊၀ိနည်း၊ အဘိဓမ်္မာဟူ၍ ၎င်းင်းပိဋကပ် (၃) ပုံ၊ ဓမ်္မက်္ခန်္ဓာအားဖြင့် ရှစ်သောင်း လေးထောင်ရှိ၏ ထို့ကြောင့် မဂ်္ဂသစ်္စာသည် ပွားများစေရမည့် တရားဖြစ်တယ်။ ဤသို့ သိ-ပယ်-ဆိုက်-ပွား (၄)ပါးတရားကို ကျင့်ကြံအားထုတ်သူ၊ မြင့်မြတ်သည့်ပုဂ်္ဂိုလ်သည်သာလျင် နိဗ်္ဗန်ကိုရပေတယ်တဲ့။ ဒါကြောင့် လူတိုင်း၊လူတိုင်း နိဗ်္ဗာန်ကိုရချင် ရောက်ချင်ကြရင်တော့ သိ-ပယ်-ဆိုက်-ပွားတရားများကို ကျင့်ကြံအားထုတ်ကြပါလို့။အဖေက သမီးတို့နှစ်ယောက်နဲ့လူပုဂ်္ဂိုလ်အားလုံးကို အသိ ပေးချင်တယ်။
အဲဒီတော့ သမီးတို့နှစ်ယောက်နဲ့ ပုဂ်္ဂိုလ်များ အားလုံးကို- လူဘ၀တွင် နေနည်းထိုင်နည်း၊ လုပ်နည်း ကိုင်နည်းတွေအပြင် နိဗ်္ဗာန်ရောက်ကြောင်းများ ပြည့်ပြည့် စုံစုံပြောပြီးသွားပြီနော်၊ လောကီ လောကုတ်္ထရာအကျိုး နှစ်ဖြာကိုလည်း ပြည့်စုံပြီးလောက်ပါပြီ။ ဖေဖေ လေ့လာ မှတ်သားကျင့်ကြံပွားများထားတဲ့ အထဲမှာတော့ ပြီးပြည့်စုံ လောက်ပါပြီ။
ဒါပေမယ့် ဖေဖေမသိသေးတဲ့ အချက်တစ်ချက် ရှိတယ် အဲဒါဘာလဲဆိုတော့-သတ်္တ၀ါအပေါင်းတို့သည် အမြဲထာဝရ၊ အသက်ရှင် နေထိုင်ဖို့မဆိုထားဘိ၊ နက်ဖြန် သဘက်နေရဦးမည်၊ သေရဦးမည်ဆိုသည်ကိုပင် မည်သူမျှ အတိအကျမသိနိုင်ပေ။ ““ကွေးသောလက်မဆန့်မီ ဆန့်သောလက်မကွေးမီ”” ဆိုသကဲ့သို့ သေခြင်းတရားကို အချိန်မရွေးတွေ့ကြုံနိုင်ကြရလေသည်။ထို့ကြောင့် နောင်နှစ်ကရှိသူများ ယခုနှစ်မှာရှိချင်မှ ရှိကြ၏။ နောင်ရက်ကရှိသူများသည် ယခုရက်မှာရှိချင်မှ ရှိကြမည်။ သေခြင်းတရားသည်အလွန်မြန်ဆန်လှပေသည်။လောကတွင် အလျင်အမြန်ဆုံးအရာသည် သေခြင်း တရားပင်ဖြစ်သည်။ သေခြင်းတရား (၄) မျိုးရှိသည်။
(၁) အာယုက်္ခယ - သက်တမ်းကုန်၍သေခြင်း
(၂) ကမ်္မက်္ခယ - ကံကုန်၍သေခြင်း
(၃) ညာယက်္ခယ - သက်တမ်းနှင့် ကံကုန်၍သေခြင်း
(၄) ဥပဆေီဒက - အတိတ်ကပြုခဲ့ဖူးသော မကောင်းသည့် ကံဆိုးများကြောင့် သေခြင်း။
လူဘ၀သို့ရောက်လာကြသော ပုဂ်္ဂိုလ်တို့သည် ဤ(၄)မျိုးဖြင့်သေကြရမည်ဖြစ်သည်။ သေရမည့် အချိန် ရောက်သောအခါ ကောင်းသောသေခြင်းဖြင့် သေကြရဖို့မှာ အရေးကြီး၏။ မသေမီကောင်းသော သေခြင်းဖြစ်သည့် တရား ဓမ်္မဖြင့်သေနိုင်အောင် ကြိုတင်ပြင်ဆင်ကြရမည် ဖြစ်ပါသည်။တရားဓမ်္မဖြင့်ကောင်းသောသေခြင်း (၄) မျိုးရှိ၏။
(၁) ဒါနကုသိုလ်တို့ဆင်ခြင်အောက်မေ့၍သေခြင်း
(၂) စောင့်ထိန်းခဲ့သော သီလကုသိုလ်ဆင်ခြင် အောက်မေ့သေခြင်း
(၃) အားထုတ်ခဲ့ဖူးသည့် သမထတရားများပွားများ၍ သေခြင်း
(၄) အားထုတ်ခဲ့ဖူးသည့် ၀ိပဿနာတရားကို ရှုမှတ် ပွားများ၍သေခြင်း တို့ဖြစ်ပါသည်။
သေခြင်းတရားကို သတ်္တ၀ါတိုင်းရှောင်ကွင်း မရနိုင်သလို၊ သေဆုံးသွားသောအခါ၌လည်း နိဗ်္ဗာန် မရသေးလျှင် သံသရာတခွင် ကျင်လည်ရမှာ အမှန် ဖြစ်ပါသည်။ သံသရာကျင်လည် သောအခါ ဒုက်္ခိတ ဘ၀ဖြစ်သော အပါယ်လေးပါးမကျ ရောက်ရအောင်၊ သုဂတိဘ၀ဖြစ်သော လူ့ဘ၀၊ နတ်ဘ၀၊ ဗြဟ်္မာ ဘ၀ရောက်အောင်၊ မအိုခင်၊ မနာခင်၊ မသေခင်က ဒါနတရား၊ သီလတရား၊ ဘာဝနာတရားတို့ကို ကြိုးစား အားထုတ်သင့်လှပေသည်။
သေခြင်းတရားသည်အလွန်လျင်မြန်လှသဖြင့် ကုသိုလ် ကောင်းမှုပြုဖို့ရန် မအားသေးဘူး၊ အသက်ငယ် သေးတယ်စသည်ဖြင့် နေ့ရွှေ့ ညရွှေ့ အချိန်မဆွဲဘဲနှင့် မြန်မြန်ပြုလုပ်ဖို့လိုပါသည်။ သတ်္တ၀ါအပေါင်းသည် ရေနစ်လို့လည်းသေတတ်သည်။ မီးလောင်လို့လည်း သေတတ်သည် အဆိပ်မိလို့လည်းသေတတ်၏။ ဓား၊ လှံ၊ သေနတ်စသော လက်နက်အမျိုးမျိုးကြောင့်လည်း သေတတ်၏။ (၉၆)ပါး အနာရောဂါတို့ကြောင့်လည်း သေတတ်၏။ သေမင်းဟုခေါ်သောသေခြင်းတရားနှင့် ဘယ်နေ့သေမည်။ ဘယ်ရက်သေမည်ဖြင့် ရက်ချိန်းပေးထား သည်လည်းမရှိပါ။ မသေအောင် ရွှေငွေတွေ ကုဋေကုဋာပုံ ပေးလို့လည်းမရပါ။ သေမင်းကို ခုခံနိုင်သောစစ်သည် ဗိုလ်ပါခွန်အားဗလည်းမရှိပါ။ သေမင်းကိုကျောပေး၍ မည်သူမျှရှောင်မပြေးနိုင်။ သေမင်းကိုလှည့်ပတ်၍ မည်သူမျှ မျက်ချည်မဖြတ်နိုင်။ သေမင်းကိုရန်ပြု၍ မည်သူမျှ အံမတုနိုင်။ အာကာဝေဟင် ကောင်းကင်တက်သော်လည်း သေမင်းလက်မှ မလွတ်နိုင်။ ထို့အတူ ရှစ်သောင်း လေးထောင်အနက်ဆောင်သော ကျောက်တောင်ရစ်ခွေ သမုဒ်္ဒရာ ရေပြင်အောက်သို့ ပြေးဝင်နေသော်လည်း သေမင်းမှ မလွတ်နိုင်။ တောင်ကြိုချပ်ကြား ကျောက်လိုဏ် ခေါင်းများ အတွင်းဝင်ရောက်ပုန်းအောင်းနေသော်လည်း သေမင်းလက်မှမလွတ်နိုင်။ အရှေ့၊ အနောက်၊ တောင်၊ မြောက်ဝဲယာ မည်သည့်နေရာမျှ သေမင်းလက်က မလွတ်နိုင်။ သတ်္တ၀ါမှန်သမျှ တနေ့ကျသေမင်းထံမှောက် သို့ဒူးထောက်ကျရောက်ကြရမှာ အမှန်ပင်ဖြစ်ပေသည်။
လူသားအားလုံးတို့သည်နေ့စဉ်နေ့တိုင်း သားရေး သမီးရေး၊ စီးပွားရေး ၊လူမှုရေးတို့ဖြင့်အလုပ်ရှုပ်နေကြပြီး၊ သေခြင်းတရားကို မေ့လျော့နေကြသဖြင့်၊ တို့ကနောက်နေ့ ကျတော့ ဘာလုပ်မှာ။ နောက်လကျတော့ ဘာလုပ်မှာ နောက်နှစ်ကျတော့ ဘာလုပ်မှာ စသည်ဖြင့် ကြံစည်စိတ်ကူး ပြောဆိုနေကြ၏။ သို့သော်လည်း အချို့သော သူတို့မှာ မမျှော်လင့်ဘဲ ဗြုန်းကနဲ သေခြင်းတရားနှင့် ကြုံတွေ့ရ သောအခါ၊ မိမိတို့ကြံစည် စိတ်ကူးထားသမျှသည် မည်သို့မျှ အကောင်အထည်မဖော်နိုင်တော့ဘဲ၊ သေမင်းနိုင်ငံသို့ လိုက်ပါသွားရတော့သည်။
တစ်နှင့်တစ်ပေါင်း
နှစ်ရကြောင်းကို ၊ကောင်းစွာငါသိနားလည်၏။
ရေမှာငါးရှိ
လေဌက်ရှိကြောင်း၊ကောင်းစွာ
ငါသိနားလည်၏။
လောကအကြောင်း
သောင်းပြောင်းထွေလာ၊ ငါသိ ငါတတ်။
ငါနပ် ငါတော်၊ ငါတော် ငါကောင်း
ငါပညာရှိ၊ ငါနားလည်၏။
သို့တိုင်
““ဘယ်နေ့”” ““ဘယ်အချိန်”” ““ဘယ်နေရာ”” ““ဘယ်ရောဂါ”” နှင့် ခန်္ဓာငြိမ်ကျ
သင်္ခါရလေးပါး၊ ငါကားလုံးဝမသိပြီ။ ။
တစ်မဂ် တစ်ဖိုလ် ရနိုင်ကြပါစေ။
Thursday, December 29, 2011
ဆရာကြီးဦးတိုက်ပေါ(ရန်ကုန်)
Posted by moefamily at 12:57 AM
Labels: ဆရာကြီးဦးတိုက်ပေါ(ရန်ကုန်)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment